
အချစ်ဗေဒင်တွေ၊ Zodiac Sign နဲ့ စိတ်နေသဘောထားတွေစတဲ့ ဟောစတမ်းတွေကို တစ်ခါမှမဖတ်ဖူးတဲ့သူ ဆိုတာမရှိလောက်ပါဘူးနော်။ လူတိုင်းက ကိုယ်နဲ့ ပတ်သတ်တဲ့အရာတွေကို စိတ်ဝင်တစားရှိတတ်ကြတာမို့ ဒါမျိူးလေးတွေ Facebook မှာ တက်လာရင် တစ်ခု မဟုတ် တစ်ခုတော့ ဖတ်မိကြမှာပါ။ ဖတ်ရင်း နဲ့ ကိုယ်က Aries မလို့ Capricorn နဲ့ အဆင်မပြေလို့ အဆက်အသွယ်ဖြတ်လိုက်တာတော့ ရှိမှာ မဟုတ်ပေမယ့် ဘာတွေ ပြောထားလဲဆိုတာကိုတော့ စပ်စုချင်ကြတာ ထုံးစံပါပဲ။
ဒီတစ်ခေါက်မှာတော့ အချစ်ရေးတွေ ခဏထားပြီး သူငယ်ချင်းတွေ အကြောင်း သွားလိုက်ရအောင်။ သင့်ရဲ့ ရာသီခွင်အရ ဘယ် ရာသီခွင်သူငယ်ချင်းမျိူးကို အပေါင်းသင်းဆုံးလဲ ဆိုတာ ပြောပြပေးသွားမှာပါ။ သူငယ်ချင်းတွေထဲမှာ ကိုယ်နဲ့ ပိုအဆင်ပြေတဲ့ သူငယ်ချင်းမျိူး၊ တစ်ခုခုဆို ညှိစရာမလိုတဲ့ သူငယ်ချင်းက ဒီရာသီခွင်တွေများဖြစ်နေမလား ဆိုတာ မပြောနိုင်ဘူးလေနော်။ ကိုယ့်ရဲ့ BFF လေးက ဘယ်သူဖြစ်မလဲ…
Aries (March 21 - April 19)
Aries သမားတွေနဲ့ အဆင်အပြေဆုံးက Gemini တွေပါ။ နှစ်ယောက်လုံးက စကားအရမ်းပြောနိုင်တဲ့သူတွေဆိုတော့ ကွက်တိမက်စိပဲနော်။ ဒီ Friendship လေးက အတင်းတွေတုပ်ရင်း၊ ဟိုအကြောင်း ဒီအကြောင်းတွေ ဆွေးနွေးရင်း ပျော်စရာကောင်းနေမှာပါ။ အကြိုက်ချင်းလည်း တူတတ်တာများပါတယ်။
Taurus (April 20 - May 20)
စိတ်သဘောထားပြည့်ဝပြီး ယုံကြည်ရတဲ့ Taurus လေးတွေက သူတို့ကို အမြဲ Support ပေးနေမယ့် Virgo လေးတွေကို လိုအပ်ပါတယ်။ နှစ်ယောက်သားအတူရှိနေရင် ရယ်နေရပြီး အမြဲတစ်ယောက်ကို တစ်ယောက် သတိတရရှိနေတတ်သူတွေပါ။
Gemini (May 21 - June 20)
Playful ဖြစ်တဲ့ Gemini တွေ အပေါင်းသင်းဆုံးက Virgo ပါ။ နှစ်ယောက်အတူတူ တိုင်တိုင်ပင်ပင် တွေးတွေးဆဆလုပ်တတ်ပြီး အမြင်တွေကလည်း တူနေတတ်ပါတယ်။ ဒီအတွဲလေးကို BFF အစစ်အမှန်တွေလို့ သတ်မှတ်လို့ရပါတယ်။
Cancer (June 21 - July 22)
Cancer နဲ့ ရင်းနှီးဖို့ လွယ်တာက Scorpios တွေပါ။ နှစ်ယောက်လုံးက စခွီထရတာကြိုက်ပြီး နှစ်ခေါက် မခေါ်ရတဲ့ သူငယ်ချင်းအတွဲပါ။ အကဲဆုံးနှစ်ယောက် ပေါင်းမိကြတယ်လို့ ပြောရမှာပါ။
Leo (July 23 - August 22)
တစ်ယောက် ကို တစ်ယောက် နားလည်နေကြတတ်တဲ့ သူငယ်ချင်းနှစ်ယောက်ကတော့ Leo နဲ့ Sagittarius ပါ။ နှစ်ယောက်လုံးက တစ်ခုခုဆို အများကြီး ပြောနေစရာမလိုပဲ သဘောပေါက်နေတတ်ကြပါတယ်။
Virgo (August 23 - September 22)
နားလည်ရခက်တဲ့ Virgo တွေအတွက် အကောင်းဆုံးသူငယ်ချင်းကတော့ Emo Scorpio ပါ။ စစတွေ့ချင်းကတည်းက သူငယ်ချင်းအရင်းတွေလို ရင်းရင်းနှီးနှီး ခံစားနေရသူတွေပေါ့။ နှစ်ယောက်လုံးက အခြားသူရဲ့ ခံစားချက်ကို ဦးစားပေးလေ့ရှိပြီး နက်နက်နဲနဲ တွေးလေ့ရှိကြပါတယ်။
Libra (September 23 - October 22)
လိုက်လျောညီထွေတတ်တဲ့ Libra နဲ့ သူများနဲ့နည်းနည်းထူးခြားတဲ့ Aquarius နဲ့က တကယ့်ကို လိုက်ဖက်တဲ့ သူငယ်ချင်းတွေပါ။ ရန်ခဏခဏဖြစ်ပြီး စကားများတက်ပေမယ့် မခေါ်ပဲ မနေနိုင်သလို အရမ်းချစ်ကြတဲ့သူငယ်ချင်းတွေပါ။
Scorpio (October 23 - November 21)
Scorpio က အားလုံးနဲ့ ပေါင်းသင်းတတ်ပေမယ့် Pisces လေးကိုတော့ Real Friend List ထဲမှာ ထည့်သင့်ပါတယ်။ ဘယ်နှစ်နှစ်ကြာကြာ၊ ဘယ်လိုအခြေအနေပဲရောက်ရောက် မပြောင်းလဲပဲ သူငယ်ချင်းကောင်းတွေအဖြစ် ရှိနေမယ့်သူတွေပါ။ ဘယ်အချိန်မှာ အားပေးရမလဲ၊ ဘယ်အချိန်တော့ လွှတ်ထားပေးရမလဲဆိုတဲ့ အရိပ်အခြေကို နှစ်ယောက်လုံးသိတဲ့သူတွေမို့ Healthy Friendship ကို ဖန်တီးနိုင်မယ့် သူငယ်ချင်းတွေပါ။
Sagittarius (November 22 - December 21)
Sagittarius သမားတွေက Aries တွေနဲ့ ပေါင်းကို ပေါင်းရမှာပါ။ တစ်ယောက် ကို တစ်ယောက် Inspire ဖြစ်နေတတ်ပြီး နှစ်ယောက်အတူရှိရှင် ပျော်ရွှင်ရလေ့ရှိပါတယ်။ သူငယ်ချင်းဆက်ဆံရေးမြဲချင်ရင် ဘယ်သူသာတယ်ဆိုတာမျိူးနဲ့တော့ မယှဉ်ပြိုင်မိအောင်တော့ ရှောင်ရမှာပါ။
Capricorn (December 22 - January 19)
ဒီအတွဲကိုတော့ တကယ့်ယုံ။ Capricorn နဲ့ Gemini တို့က တကယ့်ကို သူငယ်ချင်းကောင်းအတွဲအဖက်ပါ။ နှစ်ယောက်လုံးက Type မတူပေမယ့် ဘဝအပေါ် ထားတဲ့ရည်မှန်းချက်တွေ၊ အတူတူမျှဝေချင်တဲ့စိတ်ဓာတ်တွေကြောင့် BFF တွေဖြစ်သွားတတ်ကြပါတယ်။
Aquarius (January 20 - February 18)
Type မတူပေမယ့် သူငယ်ချင်းအရင်းကြီးတွေဖြစ်သွားတတ်တဲ့ နောက်ထပ်အတွဲကတော့ Aquarius နဲ့ Leo ပါ။ ညှိရခက်ပေမယ့် လိုအပ်ချိန်တိုင်း ရှိနေပေးတတ်တဲ့ သူတွေပါ။ သူငယ်ချင်းတွေကြားမှာ အလိုအပ်ဆုံးဖြစ်တဲ့ Loyalty ကို နှစ်ယောက်လုံးက တန်ဖိုးထားကြတဲ့အတွက်ပါ။
Pisces (February 19 - March 20)
အကင်းပါးတဲ့ Piscues နဲ့ အလိုက်ဖက်ဆုံး သူငယ်ချင်းလေးကတော့ စိတ်ပျော့တဲ့ Cancer တွေပါ။ ဒီနှစ်ယောက်အတူ ပေါင်းမိရင် မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူးတဲ့။ ခရီးထွက်တာ ဝါသနာပါကြပြီး အစားအသောက်ကြိုက်တာခြင်းလည်း တူနေတတ်ပါတယ်။