Relationship မှာ ချစ်သူကောင်လေးကို ဖြည့်ဆည်းပေးဖို့ လိုကို လိုအပ်နေတဲ့ အရာလေးများ
auntymay.com
|
2020-10-19

Relationship ဆိုတာ လူနှစ်ယောက်ပေါင်းစည်းထားတဲ့ ဆက်ဆံရေးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကောင်လေးနဲ့ ကေင်မလေးနဲ့ ယှဉ်လိုက်တဲ့အခါမျိုးမှာ ကောင်လေးဖက်က လုပ်ပေးရမယ့်အရာတွေ၊ တာဝန်တွေက ပိုများနေတတ်ပါတယ်။ ဒါပေမဲ့လည်း တစ်ခါတစ်လေကျရင် ကောင်လေးတွေဟာလည်း ကိုယ့်ကောင်လေးဆီကနေပြီး အလားတူလိုချင်တဲ့အရာလေးတွေလည်း ရှိနေပါသေးတယ်။ ဒါလေးတွေကတော့..


Freepik- freepik


ပျင်းလည်းနားထောင်ပေးပါ

တစ်ခါတစ်လေမှာ သူ့ဖက်က ဂိမ်းအကြောင်းတွေ၊ ဘောလုံးပွဲအကြောငာ်းတွေကို စိတ်ဝင်တစ်စားနဲ့ ပြောနေပြီဆိုရင် မိန်းကလေးပဲ ပျင်းမှာပေါ့။ ဒါပေမဲ့လည်း သူပြောနေတာတွေကို စိတ်ဝင်တစားနဲ့ နားထောင်နေပါတယ်ဆိုတဲ့ အရိပ်အယောင်ကို ပြပေးပါ။ အမြဲတမ်းမဟုတ်ပေမယ့် တစ်ခါတစ်လေမှာ ဒီလိုလေးတွေ လုပ်ပေးတာဟာ သူ့ကိုအလေးထားကြောင်း ပြသရာရောက်ပါတယ်။


စပြီးတောင်းပန်ပါ

သင့်ဖက်က မှားမှား၊ မှန်မှန် သူ့ကိုပဲ စတောင်းပန်ဖို့ မျှော်လင့်မနေဘဲ တစ်ခါတစ်လေမှာ သင့်ဖက်ကလည်း စပြီးတောင်းပန်တာမျိုးလေးလုပ်ပေးပါ။ Relationship တစ်ခုမှာ အပေးချည်းပဲလည်း လိုချင်လို့ မဖြစ်ပြန်ဘူးမဟုတ်လား။


Freepik- lookstudio


ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်ပြီး ချီးကျူးပါ

မိန်းကလေးတွေမှ ကိုယ့်ချစ်သူကောင်လေးရဲ့ လှလိုက်တာလို့ အပြောခံချင်ကြတာမဟုတ်ပါဘူး။ ကောင်လေးတွေဟာလည်း ချစ်သူကေင်မလေးတွေဆီကနေပြီး ဒီလို ချီးမွမ်းမှုမျိုးကို ခံချင်ကြပါတယ်။ ငါ့ကောင်လေးက ချစ်ဖို့ကောင်းလိုက်တာတို့၊ ဒီအင်္ကျီလေးနဲ့ လှတယ်တို့၊ အရမ်းခန့်တာပဲတို့ စတာလေးတွေကို ပြောပြပေးပါ။ သူတို့ရဲ့ ရှက်သွေးဖြာတဲ့ ပုံစံလေးကိုလည်း မြင်နိုင်တာပေါ့။


ရိုမန့်တစ်ဆန်တဲ့မက်ဆေ့လေးတွေ ပို့ပေးပါ

မပြောမဆိုဘဲ မက်ဆေ့ကနေပြီး ကိုယ့်ချစ်သူကို ပြုံးသွားစေနိုင်မယ့် စာသားမျိုးလေးတွေကိုလည်း ပို့ပို့ပေးပါ။ ဒီလိုပို့ပေးခြင်းအားဖြင့် ချစ်သူကောင်လေးဟာ သြော်.. င့ါကို သူ့စိတ်ထဲရှိနေပါလားဆိုပြီး ပီတိဖြာစေနိုင်ပါတယ်။


Freepik- angel_nt


အပွေ့အဖက်အနမ်းလေးတွေနဲ့ surprise လုပ်ပေးပါ

Skinship ဟာ ကောင်လေးတွေကပဲ အရင်စရမယ်လို့ မိန်းကလေးတွေအနေနဲ့ ထင်နေကြပေမယ့်လို့ တကယ်တော့ ကောင်မလေးတွေဖက်က အရင်စလိုက်တာမျိုးရှိရင်လည်း ချစ်သူချင်း နစ်နာသွားမှာမဟုတ်ပါဘူး။ ဒီအတွက် သူတို့မထင်မှတ်ထားတဲ့ အချိန်မျိုးမှာ ရုတ်တရက် အပွေ့အဖက်လေးတွေ အနမ်းလေးတွေ ပေးဖို့အတွက်လည်း မမေ့ပါနဲ့ဦး။


သူတို့အသိုင်းအဝိုင်းကိုလည်း အလေးထားပါ

ကောင်လေးတွေဟာ ချစ်သူကောင်မလေးကို ပွဲထုတ်ချင်တတ်ကြပါတယ်။ မိသားစု ဆွေမျိုးတွေမှာပဲဖြစ်ဖြစ်၊ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာပဲဖြစ်ဖြစ်ပေါ့။ ဒီလိုပွဲထုတ်တဲ့အခါမျိုးမှာ ကိုယ့်ဖက်က အလှအပရေးရာကစလို့ တခြားသော အပြောအဆို၊ အပြုအမူပိုင်းမှာပဲ ပြင်ဆင်ပြီး အလိုက်သင့်နေပေးမယ်ဆိုရင် သူတို့ဟာ သင့်ကို ပိုတိုးလို့ချစ်သွားပါလိမ်မယ်။


penny


#ကောင်လေး
#ချစ်သူ
#မက်ဆေ့
#မိန်းကလေး
#အသိုင်းအဝိုင်း

Some text some message..