
ကိုယ်ကြိုက်တဲ့အရောင်တွေဟာ ကိုယ့်ရဲ့ စိတ်နေစိတ်ထားနဲ့ ပုံစံတွေကို ပြောပြပေးနေသလိုပဲ ကိုယ်ရဲ့ ကောင်လေးတွေနဲ့ ပတ်သက်လာရင်ဖြစ်တတ်တဲ့ အကြိုက်တွေကိုလည်း ခန့်မှန်းလို့ရနေပါတယ်။ ဒီတော့ သင်တို့အနေနဲ့ အောက်မှာပေးထားတဲ့ အရောင်လေးတွေထဲက အကြိုက်ဆုံးအရောင်တစ်ရောင်ကိုရွေးချယ်ပြီးတော့ သင်ကြိုက်တဲ့ကောင်လေးဟာ ဘယ်လိုပုံလေးလဲဆိုတာ ရှာဖွကြည့်လိုက်ရဗအာင်။
အရောင်လေးတွေကတော့..
အဝါရောင်
ပန်းရောင်
အဖြူရောင်
အမည်းရောင်
အစိမ်းရောင်
ခရမ်းရောင်
အပြာရောင်
အသားရောင် တို့ပဲဖြစ်ပါတယ်။

Freepik- wayhomestudio
အဝါရောင်
အဝွရောင်ကြိုက်တဲ့လူတွေကတော့ ကောင်လေးတွေဆိုရင် အနုပညာဆန်တဲ့ကောင်လေးတွေကို သဘောကျကြပါတယ်တဲ့။ ခန္ဓာကိုယ်မှာဆိုရင် လက်ချောင်းလေးတွေ၊ ခြေချောင်းလေးတွေ လှတဲ့သူတွေဆိုလည်း ကြွေပါတယ်။
ပန်းရောင်
ရိုမန့်တစ်ဆန်တဲ့ကောင်လေးတွေကို သဘောကျတတ်ကြပြီး အမြဲတမ်း သူတို့အပေါ် နူးနူးညံ့ညံ့နဲ့ ကြင်နာဂရုစိုက်ပေးတဲ့လူတွေကိုပဲ လိုလားပါတယ်။

Freepik-cookie_studio
အမည်း
ခပ်မိုက်မိုက်၊ ခပ်ဆိုးဆိုးနဲ့ ချေမိုးနေတဲ့ bad boy လေးတွေကိုမျ ကြိုက်တတ်ကြပေမယ့် အဲလိုမဟုတ်ရင်လည်း ကျက်သရရှေိပြီး gentleman ဆန်တဲ့ ကောင်လေးတွေကိုပဲ ကြိုက်တတ်ကြပါတယ်။
အဖြူ
အနေအထိုင်သန့်ရှင်းပြီးတော့ အမြဲတမ်း သပ်သပ်ရပ်ရပ်နေတတ်ကာ ရိုးရိုးရှင်းရှင်းလေးနဲ့ စိတ်ထားဖြောင့်မတ်တဲ့ ကေင်လးတွေကို ကြိုက်တတ်ကြပါတယ်။

Freepik- halayalex
အစိမ်း
သွက်သွက်လက်လက်နဲ့ အပေါင်းသင်းဝင်ဆန့်တဲ့ကောင်လေးတွေကို ကြိုက်လေ့ရှိကြပါတယ်။ ဘယ်အရာအဆို အရာရာသိတတ်မြင်တတ်ပြီးတော့ တတ်ကျွမ်းတဲ့လူမျိုးကို လိုချင်တတ်ကြပါတယ်။
ခရမ်း
ရည်မှန်းချက်ကြီးပြီးတော့ ညှို့ငင်နိုင်စွမ်းတရှိတဲ့ ချစ်သူမျိုးလို လိုလားတတ်ကြပါတယ်။ မျက်လုံးညှို့ငင်အားပြေးတဲ့လူမျိုးတွေပေါ့။ အကြည့်တစ်ချက်အောက်မှာ ကျရှုံးဆိုတာဒီလိုမျိုး။

Freepik- drobotdean
အပြာ
အပြာရောင်ချစ်သူတွေကတော့ ကောင်လေးဆိုရင် လူကြီးဆန်းရင့်ကျက်ပြီးတော့ ကိုယ့်ကို သည်းသည်းလှုပ်ချစ်တတ်ကောင်လေးတွေကိုပဲ စဉ်းစားတတ်ကြပါတယ်တဲ့။ အရပ်ရှည်ပြီး ခန္ဓာကိုယ်တောင့်တဲ့ကောင်လေးတွေပဲ စဉ်းစားတတ်ကြတာပါ။
အသားရောင်
Nude color လေးတွေ ကြိုက်တဲ့ မိန်းကလေးတွေကတော့ ကောင်လေးဆိုရင် ရိုးရှင်းတဲ့ fashion မျိုးဝတ်ပြီးတော့ ကြည့်လိုက်တာနဲ့ အကြည်ဓာတ်ရစေမယ့် ကောင်လေးတွေကိုပဲ ကြိုက်တတ်ကြတာပါ။
penny