
မိန်းကလေးတွေက ဆဌမအာရုံ ရှိတယ်လို့တောင် တစ်ချို့တွေက ပြောလေ့ ရှိပါတယ်။ ယောင်္ကျားလေးတွေ မသိနိုင်တဲ့ မိန်းကလေးတွေချင်းပဲ သိတဲ့ အချက်တွေ ရှိနေပါတယ်။ သက်သေပြလို့ မဖြစ်နိုင်ပေမယ့် မိန်းကလေးတွေ စိတ်ထဲကနေပဲ သိတာမျိုး ဖြစ်ပါတယ်။ ဒီလိုအရာတွေကို သိနေတတ်တာကို မိန်းကလေးတွေ အချင်းချင်းပဲ သိကြပါတယ်။
၁။ လိမ်နေတာ
မိန်းကလေးတွေက သိပ်ကို အရိပ်အကဲ လျင်မြန်ပါတယ်။ တစ်ခါတစ်လေ သူတို့ကိုယ်သူတို့တောင် ဘယ်လို သိသွားလဲတောင် မသိတတ်ကြပါဘူး။ ကိုယ့်ချစ်သူက ကိုယ့်ကို လိမ်နေသလားဆိုတာကို ခံစားမိနေတတ်ကြပါတယ်။ ဒါ့အပြင် ဘာကြောင့် လိမ်လိုက်တယ်ဆိုတာမျိုးကိုတောင် တစ်ခါတစ်လေ သိနေပါသေးတယ်။ အကြီးကြီးလိမ်တာလား၊ အရေးမပါတဲ့ဟာကို လိမ်တာလားဆိုတာကိုလည်း သူတို့ရဲ့ အာရုံမှာ ခံစားမိနေတတ်ပါသေးတယ်။

Photo by GUIVERG from Pexels
၂။ နောက်တစ်ယောက် ရှိနေတာ
ကိုယ့်ချစ်သူ နောက်တစ်ယောက်ထားတာ သက်သေ မရှိရင် မသိနိုင်ဘူးဆိုပေမယ့် မိန်းကလေးတွေကတော့ ကိုယ့်ချစ်သူရဲ့ အမူအရာ၊ အပြုအမူတွေကို အကဲခတ် ကြည့်ရုံနဲ့ နောက်တစ်ယောက် ရှိနေသလားဆိုတာကို သိကြပါတယ်။ တစ်ချို့ကတော့ မသိချင်ယောင်ဆောင်ထားပြီး အချိန်တန် ကိုယ့်ဆီ ပြန်ရောက်လာမှာပဲဆိုတာကို သိကြသလို တစ်ချို့ကတော့ ဒီလို သိနေတာကြောင့် စိတ်ညစ်နေရတတ်ပါတယ်။

Photo by Josh Willink from Pexels
၃။ ကိုယ့်ကို စိတ်ဝင်စားနေတာ
မိန်းကလေးတွေရဲ့ အာရုံမှာ ကိုယ့်ကို တစ်စုံတစ်ယောက်က စိတ်ဝင်စားနေပြီဆိုရင် အလိုလို သိကြပါတယ်။ ကိုယ့်ကို တကယ့်ကို စိတ်ဝင်စားနေတာ၊ ရိသဲ့သဲ့ လုပ်ချင်လို့ စိတ်ဝင်စားတာမျိုးကို ကောင်းကောင်း ကွဲတတ်ကြပါတယ်။ အကြည့်တွေကို ကြည့်ပြီး ခွဲတတ်ကြသူတွေလည်း ရှိပါတယ်။ မိန်းကလေးချင်းသာ သိတာမို့ တစ်ချို့ကောင်လေးတွေက ကောင်မလေးတွေ သိနေကြောင်းကို မသိကြပါဘူး။

Photo by Trinity Kubassek from Pexels
၄။ အကဲခတ်ရုံနဲ့ သိတာ
မိန်းကလေးတွေက စကားအပြောအဆို၊ အမူအရာတွေကို အကဲခတ်တာက တကူးတက လုပ်ကြတဲ့ အလုပ်မျိုး မဟုတ်ပါဘူး။ မျက်စိရှေ့မှာ မြင်ရုံနဲ့ ဘယ်လိုမျိုးဆိုတာကို သိကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ခိုးပြီး တွဲနေကြတဲ့ စုံတွဲမျိုးကိုလည်း မိန်းကလေးတွေက သိနေကြတတ်ပါသေးတယ်။ ဒါ့အပြင် မိန်းကလေးတွေ ဘာပြောချင်လဲဆိုတာကို အနက်ဖော်နိုင်ကြပါတယ်။

Photo by Mental Health America (MHA) from Pexels
၅။ မိန်းကလေးချင်း သိတာ
မိန်းကလေးတွေက ဘယ်လိုပုံစံ ရှိတယ်ဆိုတာ မိန်းကလေးချင်းပဲ သိကြပါတယ်။ ဟန်ဆောင်နေသလား၊ တစ်ယောက်ယောက်ကို အထာပေးနေသလား၊ ကိုယ့်ကောင်လေးကို လာကြွေနေသလား၊ ချဉ်းကပ်နေသလားဆိုတာကို မိန်းကလေးချင်း သိကြပါတယ်။ ကောင်လေးတွေတော့ မသိပေမယ့် မိန်းကလေးတွေက စကားလုံးနဲ့ ဖုံးကွယ်ထားတဲ့ နောက်ကွယ်က စိတ်ရင်းကိုပါ မြင်ကြလေ့ ရှိပါတယ်။
Kham