Relationship မှာ အသက်အရွယ်ကွာဟမှုက တကယ်အရေးပါသလား?
lifestylemyanmar.com
|
2020-10-23



အသက်က နံပါတ်သာဖြစ်ပြီး အချစ်က ထာဝရဖြစ်ပါတယ်နော်။ အရောင်၊ ဘာသာစကား၊နယ်မြေ (သို့) ဘာသာရေး ဘယ်လောက်ပဲကွဲပြားခြားနားနေပါစေ၊ လူတစ်ယောက်နဲ့ တစ်ယောက် ကိုယ်ကျိုးစွန့် ချစ်နေသရွေ့ အတူတူနေထိုင်နိုင်ပါတယ်။ ဒါပေမယ့် အသက်အရွယ် ကွာခြားလွန်းနေရင်ကော? အသက်အရွယ် သိသိသာသာ ကွာဟနေသူနှစ်ယောက်ဟာ အမြဲတမ်း အတူနေနိုင်ပါ့မလား? သူတို့ရဲ့ အချစ်ရေးကရော အချိန်ကာလရဲ့ စမ်းသပ်မှုကို ခံနိုင်ပါ့မလား?

ဒီဆောင်းပါးလေးမှာတော့ အချစ်ရေးမှာ အသက်အရွယ်ကွာဟမှုက တကယ်အရေးပါသလား?ဆိုတာလေးကို မျှဝေပေးချင်ပါတယ်။

အသက်အရွယ်က အချစ်ရေးမှာ တကယ်အရေးပါသလား?

ယေဘုယျအားဖြင့် ဒါက သိပ်အရေးမပါပါဘူး။ အချစ်ရေးက လူနှစ်ယောက်ကြားက connection နှင့် နားလည်မှုပေါ်မှာ မူတည်ပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ယောက်ကို တစ်ယောက်က ဂရုစိုက်ပေး၊ လေးစားပေး၊ ချစ်ပေးနေသမျှ ကာလပတ်လုံး ခိုင်မာတဲ့အချစ်ရေးရှိနိုင်ပါတယ်။ ကိုယ့်ထက် နှစ်အနည်းငယ်ပိုကြီးတဲ့ အိမ်ထောင်ဖက်တစ်ယောက်ရှိခြင်းကို ပုံမှန်လို့ သတ်မှတ်ပါတယ်၊ သို့သော် အသက်ကွာခြားမှုက များလွန်းရင် ပုံမှန်မဟုတ်ဘူးလို့ ထင်ရနိုင်ပါတယ်။

စုံတွဲအများစုဟာ အသက် ၃နှစ်မှ ၅နှစ်လောက် ကွာဟတာကို ပိုနှစ်သက်ကြပါတယ်။ သို့သော် အသက် ၁၅နှစ်မှ အနှစ် ၂၀ ကွာဟခြင်း(သို့) အမျိုးသမီးပါတနာက အမျိုးသားထက် အသက်ကြီးနေတာမျိုးလည်း တွေ့ရနိုင်ပါတယ်။




လေ့လာမှုတစ်ခုအရ အမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်စလုံးဟာ သုံးနှစ်ခန့်ကွာဟတာကို နှစ်သက်ကြပြီး အမျိုးသားက အမျိုးသမီးထက် အသက်ကြီးတာကို ပိုနှစ်သက်ကြပါတယ်။ ထို့အပြင် အမျိုးသမီးတွေရဲ့ အမြင့်ဆုံးလက်ခံနိုင်ဖွယ် အသက်ကွာဟမှုက သူတို့အသက်ထက် ၁၀နှစ်ဖြစ်တဲ့အခါမှာ အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားတွေကတော့ သူတို့ထက် ပိုငယ်တဲ့ အမျိုးသမီးတွေနဲ့သာ အချစ်ရေးကို စဉ်းစားဖို့ ဆန္ဒရှိကြောင်း ဖော်ပြထားပါတယ်။

အခြားလေ့လာမှုတစ်ခုက အသက်ကွာဟမှုက အချစ်ရေးရဲ့ ကျရှုံးမှု၊ အောင်မြင်မှုအတွက် အဆုံးအဖြတ်ပေးတဲ့ အချက်မဟုတ်ကြောင်း ဖော်ပြထားပါတယ်။ လူအများစုက သူတို့ရဲ့ လက်တွဲဖော်တွေကို သူတို့ထက် နှစ်နှစ်ပိုကြီးသည်ဖြစ်စေ (သို့) ငယ်သည်ဖြစ်စေ ကြိုက်ကြပါတယ်။ အမျိုးသားတွေက သူတို့ထက် ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို ဒိတ်ဖို့၊ လက်ထပ်ဖို့ ပိုနှစ်သက်ကြစဉ်မှာ အမျိုးသမီးတွေကတော့ သူတို့ထက် ငယ်ရွယ်တဲ့ အမျိုးသား (သို့) အသက်ကြီးတဲ့ အမျိုးသားကို လက်ခံနိုင်ဖွယ်ရှိပါတယ်။




“အသက်ကွာဟမှုကို လွှမ်းမိုးစေတဲ့အချက်များ”

ယဉ်ကျေးမှု ရှုထောင့်- ယဉ်ကျေးမှုမှာ လိုက်နာကျင့်သုံးတဲ့ အကျင့်တွေဟာ တစ်ဦးချင်းစီအပေါ် လွှမ်းမိုးမှု ရှိနိုင်ပါတယ်။ ဥရောပနှင့် အာရှနိုင်ငံတွေမှာ အမျိုးသားပါတနာ အသက်ကြီးတာကို နှစ်သက်ကြပြီး အသက်ကွာဟမှုက အများအားဖြင့် ၂နှစ်မှ ၃နှစ်ဝန်းကျင်ဖြစ်ပါတယ်။ တချို့ယဉ်ကျေးမှုတွေမှာ အသက် ၁၅နှစ်ထိ အသက်ကွာဟချက်ကို လက်ခံနိုင်ပါတယ်။

မိသားစုနောက်ခံ- တကယ်လို့ လူတစ်ယောက်ဟာ အချစ်ရေးမှာ သူတို့ရဲ့ မိဘတွေ (သို့) ဆွေမျိုးသားချင်းတွေအကြားမှာ ကြီးမားတဲ့ ကွာဟမှုရှိရင် (သို့) အမျိုးသမီးက အမျိုးသားထက် အသက်ကြီးရင် ရှေးရိုးစွဲမိသားစုမှ ပုဂ္ဂိုလ်တစ်ဦးထက် ထိုကဲ့သို့သောအချစ်ရေးကို ပိုမိုလေ့လာလိုစိတ်ရှိကြပါတယ်။ သို့သော် ကိစ္စရပ်အားလုံးမှာ ဒါကမမှန်ပါဘူး။




မိသားစု စီမံကိန်း- တကယ်လို့ လူတစ်ယောက်ဟာ လက်ထပ်ပြီး ကလေးနောက်မှမွေးမယ်၊ နှစ်အနည်းငယ်ကြာမှသာ မိသားစုကို စတင်ချင်တယ်ဆိုရင် ထိုကဲ့သို့သော ကိစ္စမျိုးမှာ အမျိုးသမီးက အမျိုးသားထက် ပိုငယ်တာကို လိုချင်ပါလိမ့်မယ်။

အသက်အရွယ်ဘယ်လောက်ပဲ ကွာဟသည်ဖြစ်ပါစေ ၊ relationship တစ်ခုမှာ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စောင့်ရှောက်ခြင်းနှင့် ကြင်နာခြင်းရှိမယ်ဆိုရင် ရေရှည်လက်တွဲနိုင်မှာ ဖြစ်ပါတယ်။တကယ်လို့ ဒီအခြေခံအချက်တွေဟာ နဂိုအတိုင်းရှိနေတယ်ဆိုပါက အသက်အရွယ်ကွာဟမှုကို ပိုကောင်းအောင် ပြုလုပ်နိုင်ပါတယ်။

Lifestyle_Myanmar
LM_Nandar


Source-momjunction.


#အချစ်
#အသက်
#အမျိုးသား
#အမျိုးသမီး
#ငယ်ရွယ်

Some text some message..