စိတ်ပညာရှင်တွေပြောတဲ့ ဖောက်ပြန်နိုင်ချေရှိတဲ့ လူမျိုးတွေဆိုတာ..
auntymay.com
|
2020-10-23

ဖောက်ပြန်တယ်ဆိုတဲ့ တကယ်နှဖူးတွေ့ဒူးတွေ့မှ ယုံကြည်နိုင်ကြတာမျိုးမှမဟုတ်တာ။ ဆိုတော့ ဒီတစ်ခေါက်မှာတော့ စိတ်ပညာရှင်တွေပြောခဲ့ကြတဲ့ ဖောက်ပြန်တတ်တဲ့လူတွေဆီမှာ ရှိတတ်ကြတဲ့ အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားလေးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။


Freepik- valuavitaly


ဖောက်ပြန်လွယ်တဲ့လူတွေဟာ ရော့ခ်သီချင်းတွေကြိုက်တတ်ကြတယ်

Rock and roll တေးဂီတဟာ ဂီတအမျိုးအစားထဲမှာဆိုရင် လုံးဝကို အကြမ်းပတမ်းနဲ့ စည်းဘောင်လွတ်ရှိနေတာပါ။ လေ့လာစစ်တမ်းကောက်ချက်အရ ဖောက်ပြန်တဲ့လူတွေထဲမှာ rock and roll ကြိုက်တဲ့လူတွေများသလိုပဲ rock and roll ကြိုက်တဲ့လူတွေထဲမှာလည်း ဖောက်ပြန်တဲ့လူတွေ များနေပါတယ်။


Relationship မှာ သာမန်ထက်ပိုပျော်အောင်နေတတ်ကြတယ်

သူတို့ကိုကြည့်လိုက်ရင် လက်ရှိချစ်သူကို အရမ်းချစ်ပြတတ်ပြီးတော့ relationship ကိုလည်း မပျော်ပျော်အောင် တမင်ကြီးကို ဖန်တီးလုပ်ယူနေတတ်တာမျိုးပါ။ ဒီလိုမျိုး လူတွေဟာ ဖောက်ပြန်နိုင်ချေရှိနေတယ်ဆိုတာ တော်တော်လေးကို သတိထားရမှာပါပဲ။ တကယ်တော့ သူတို့ကောင်းပေးနေတယ်၊ ပျော်အောင်လုပ်ပေးနေတယ်ဆိုတာ ကိုယ့်အတွက်မဟုတ်ဘဲ သူတို့ဖောက်ပြန်နေတယ်ဆိုတာ မရိပ်မိစေချင်လို့ပါပဲ။


Freepik- wayhomestudio


အမျိုးသမီးတွေရဲ့ ဖောက်ပြန်မှုနဲ့ပတ်သက်တဲ့အရာတစ်ခု

အမျိုးသမီးတွေဟာ သားဥကြွေချိန်မှာ ဖောက်ပြန်နိုင်ချေ ပိုများတတ်ကြပါတယ်တဲ့။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ဒီလိုအချိန်မျိုးမှာ ဟော်မုန်းမညီမျှမှုတွေကြောင့် အမျိုးသမီးတွေဟာ သာမန်အချိန်တွေမှာတောင် ဖြစ်ေ့လဖြစ်ထမရှိတဲ့ အထီးကျန်ဆန်မှုတွေ၊ ဂရုစိုက်ခံချင်တာတွေ၊ လိင်စိတ်တက်ကြွတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြေင့်လည်း အမှားတွေဖြစ်လာတတ်ကြတာပါ။


အသိအကျွမ်းတွေနဲ့ လိုတာထက်ပိုပြီး ရင်းနှီးနေမယ်

အားလုံးနီးပါးသော ဖောက်ပြန်တဲ့လူတွေဟာ ဖောက်ပြန်ကြတဲ့အခါမှာ သိတဲ့လူတွေနဲ့ပဲ ပတ်ပြီးဖောက်ပြန်တာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်နဲ့ သူရင်းနှီးတဲ့ ပတ်ဝန်းကျင်အသိုင်းဝိုင်းထဲက ဆန့်ကျင်ဖက်လိင်တွေနဲ့ ပြောဆိုဆက်ဆံပုံတွေကိုကြည့်ရင်ကို သိနိုင်ပါတယ်။


Freepik- freepik


penny


#အသိအကျွမ်း
#စိတ်နေစိတ်ထား
#ကောက်ချက်
#စိတ်ပညာ
#တေးဂီတ

Some text some message..