မိခင်တစ်ယောက်ဖြစ်ရခြင်းရဲ့ ပျော်ရွှင်မှုက မျှော်လင့်ချက်တွေ အားလုံးထက် သာလွန်ပြီး စကားလုံးတွေနဲ့တောင် ဖော်ပြလို့မရပါဘူးနော်။ ကလေးလေး ကျန်းကျန်းမာမာနဲ့ မွေးဖွားလာတာ သေချာစေဖို့က မေမေတို့ရဲ့ တစ်ခုတည်းသော ဦးစားပေးဖြစ်ပါတယ်။ အဲ့ဒီချိန်မှာ ယောက်ျားလေးမွေးတာလား? မိန်းကလေးမွေးတာလား? ဆိုတာ အရေးမကြီးပါဘူး။
သားယောက်ျားလေးမွေးလာပြီဆိုတာနဲ့ မေမေတို့ရဲ့အတွေ့အကြုံကို သီးသန့်ဖြစ်လိမ့်မယ့် အရာတစ်ချို့ရှိပါတယ်။ သားယောက်ျားလေးတစ်ယောက် မွေးဖွားခြင်းနှင့်ပတ်သတ်ပြီး ကြီးကျယ်တဲ့အရာအချို့ကို သိဖို့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါနော်။ သားယောက်ျားလေးမွေးခြင်းက ကမ္ဘာပေါ်မှာ အကောင်းဆုံးခံစားချက်ကို ဖြစ်စေတဲ့ အရာ (၁၀)ခုကို စာရင်းပြုစုထားပါတယ်။
၁။ အမေချစ်သားလေး တစ်ယောက်ရှိလာပါတယ်
မိန်းကလေးတစ်ယောက်ကို အဖေချစ်သမီးလေးလို့ ပြောချိန်မှာ သားယောက်ျားလေးကိုတော့ အမေချစ်သားလေး (mamma’s boy)လို့ ပြောကြပါတယ်။ မိခင်တစ်ယောက်အနေနဲ့ သင်ဟာ သားယောက်ျားလေးရဲ့ အနှစ်သက်ဆုံး လူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။ အကောင်းဆုံးအရာတွေထဲက တစ်ခုကတော့ သူကြီးပြင်းလာရင်တောင် သင့်ကို သူ့ရဲ့ ပထမဆုံးအချစ်နဲ့ သူ့ရဲ့ဘုရင်မအဖြစ် မှတ်ယူဆဲ ဖြစ်တာပါ။
၂။ မေမေတို့ သားလေးက သန်စွမ်းပြီး အားကောင်းလာပါလိမ့်မယ်
သားယောက်ျားလေးတစ်ယောက်ရဲ့ မိခင်တစ်ယောက်အနေနဲ့ ကစားကွင်းမှာ သူတို့မျက်ရည်ကျမှာကို စိုးရိမ်စရာမလိုပါဘူး။ သားယောက်ျားလေးအများစုက သူတို့ရဲ့နေ့စဉ်ဆက်ဆံရေးမှာ ကြံ့ခိုင်ကြပါတယ်။
၃။ ယောက်ျားလေးတွေအတွက် Formal Daddy ဝတ်စုံလေးတွေက ချစ်စရာကောင်းပါတယ်
သားယောက်ျားလေးရဲ့ မိဘအများစုဟာ မိန်းကလေးအဝတ်အစားတွေက ချစ်စရာကောင်းတယ်လို့ ခံစားရပေမယ့် ယောက်ျားလေး အဝတ်အစားတွေကလည်း ချစ်စရာကောင်းနိုင်ပါတယ်။
သားယောက်ျားလေးတွေကို ဝတ်စားဆင်ယင်ပေးဖို့ ကြိုးစားတဲ့အခါ ကလေးဝတ် ရှပ်အင်္ကျီနှင့် ဘောင်းဘီ ဆိုဒ်အသေးတွေကို ရွေးနိုင်ပါတယ်။
မေမေတို့ရဲ့ ဘေဘီလေးကို ကော်လာအင်္ကျီလေးတွေနဲ့ မြင်ရတာ ပျော်စရာကောင်းပါလိမ့်မယ်။
၃။ သားယောက်ျားလေးနဲ့ ကြမ်းတမ်းတဲ့ ဂိမ်းတွေ ကစားနိုင်ပါတယ်
သားယောက်ျားလေး မွေးထားတဲ့အခါ ကြမ်းကြမ်းတမ်းတမ်းဖြစ်ခြင်းနှင့် အိမ်ပြင်ထွက်ကစားခြင်းအတွက် မေမေတို့ စိတ်ပူစရာမလိုပါဘူး။
သားယောက်ျားလေးနဲ့အတူ နပန်း၊ ဘောလုံးကန်ခြင်း၊ အတိုက်အခိုက်ကစားခြင်း၊ လက်ဝှေ့ကစားခြင်းကဲ့သို့သော ကြမ်းတမ်းပြီး ခက်ခဲတဲ့ ဂိမ်းတွေကို ကစားနိုင်ပါတယ်။
မေမေတို့ ချန်ပီယံလေးရဲ့နောက်ကနေ ပြေးလိုက်ရခြင်းကလည်း ပျော်စရာအတွေ့အကြုံဖြစ်ပါလိမ့်မယ်။
၅။ မေမေတို့ရဲ့ သားယောက်ျားလေးက အရမ်းနူးညံ့ပါလိမ့်မယ်
သားယောက်ျားလေးတွေက ကြမ်းတမ်းပေမယ့် စိတ်ချနေပါ။ သူဟာ တစ်ခါတစ်ရံမှာ စိတ်ပျော့ပျောင်းပြီး အထိခိုက်မခံတဲ့ ကောင်လေးတစ်ယောက် ဖြစ်ပါလိမ့်မယ်။
သားယောက်ျားလေးတွေရဲ့ အကြမ်းခံနိုင်တဲ့ဘက်ကို ကြုံတွေ့ရနိုင်သော်လည်း သူဟာ စိတ်ခံစားမှုရှိပြီး ဂရုစိုက်တတ်သူ ဖြစ်တာကို မေမေတို့ တွေ့ရပါလိမ့်မယ်။
များသောအားဖြင့် မေမေတို့ဟာ သူ့ရဲ့နူးညံ့သိမ်မွေ့တဲ့ မျက်နှာကို မြင်တွေ့ရပါလိမ့်မယ်။
ဘေဘီဘွိုင်းလေးဟာ မေမေတို့ ထွေးပွေ့ထားတဲ့အခါတိုင်း မေမေ့ကိုဘယ်လောက်ချစ်ကြောင်း ပြောပြပါလိမ့်မယ်၊

beautiful long-haired young mother in the summer sunshine park are sitting and playing with little cute sons
၆။ သူ့ကို လူကြီးလူကောင်းတစ်ယောက်ဖြစ်လာအောင် သင်ပေးနိုင်ပါတယ်
ယောက်ျားလေးတွေရဲ့သဘာဝဟာ နေရာတိုင်းမှာ sensitive ဖြစ်တာမျိုး မရှိတဲ့အတွက် ယောကျာ်းလေးတွေက ဆိုးတယ်၊ မကောင်းဘူးဆိုပြီး အပြစ်တင်ခံရပါတယ်။ ထိုကဲ့သို့သော အချိန်တွေမှာ သားယောက်ျားလေးတစ်ယောက်ရဲ့ မိခင်တစ်ဦးအနေနဲ့ သူ့ဘဝမှာ sensitivity ဖြစ်ပြီး နားလည်မှုတွေ ယူဆောင်လာပေးဖို့ အခွင့်အရေးရှိပါတယ်။
မေမေတို့ရဲ့ကောင်လေးကို လူကြီးလူကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာနိုင်အောင် နည်းလမ်းများစွာ သင်ပေးနိုင်ပါတယ်။
အမျိုးသမီးတစ်ယောက်ဆိုရင် ဘယ်လိုဆက်ဆံရမယ်၊ သူတစ်ပါးကို ဘယ်လိုပြုမှုဆက်ဆံရမယ်၊ ကိုယ့်ရဲ့လက်တွဲဖော်ကို ချစ်တဲ့ယောက်ျားတစ်ယောက်ဖြစ်လာဖို့ ဆိုတဲ့တန်ဖိုးတွေကို သင်ပေးရပါလိမ့်မယ်။
၇။ အိမ်မှာ စိတ်ခံစားမှု ဝရုန်းသုန်းကားအခြေအနေ နည်းပါတယ်
သားယောက်ျားလေးမွေးထားတဲ့ မိဘတွေဟာ သမီးလေးတွေရဲ့ မိဘထက် စိတ်ခံစားမှု ဖြစ်ရပ်တွေ နည်းသွားပါလိမ့်မယ်။
သမီးမိန်းကလေးတွေ ကြီးပြင်းလာတဲ့ နှစ်တွေနဲ့ နှိုင်းယှဉ်ပါက မေမေတို့ရဲ့ baby boy လေးဟာ ကြီးပြင်းဖို့ လွယ်ကူတဲ့ အချိန်ရှိပါလိမ့်မယ် ။
သားယောက်ျားလေးတွေဟာ မျက်ရည်ကျတာ၊ စိတ်ခံစားမှု ရှုပ်ထွေးတာတွေ နည်းပါးပါတယ်။
၈။ မေမေတို့ရဲ့ ကလေးဟာ ကြီးပြင်းလာတာနဲ့အမျှ ရှုပ်ထွေးမှုနည်းတဲ့ သူငယ်ချင်းတွေ ရလာပါလိမ့်မယ်
စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်နည်းပါးတာကြောင့် သားယောက်ျားလေးတွေဟာ ကြီးပြင်းလာတဲ့အခါ မိတ်ဆွေဖွဲ့ဖို့ ပိုလွယ်လာပါလိမ့်မယ်။
မိဘတစ်ယောက်အနေနဲ့ သူငယ်ချင်းတွေကြား ဖြစ်ပျက်လာတဲ့ စိတ်ခံစားမှု အများစုကို ဖြေရှင်းပေးဖို့ မလိုအပ်ပါဘူး။
မေမေတို့ရဲ့ သားလေးဟာ ကြီးပြင်းလာတာနှင့်အမျှ သူငယ်ချင်း အမြောက်အများ ရှိကောင်းရှိလာပါလိမ့်မယ်။ သို့သော် အများစုက သူတို့ရဲ့ ကလေးဘဝကတည်းက သူငယ်ချင်းတွေ ဖြစ်ပါလိမ့်မယ်။
အိပ်နေမယ့်အစား မေမေတို့ရဲ့သားလေးဟာ ကစားကွင်းမှာ အချိန်ဖြုန်းရတာကို ပိုနှစ်သက်ပါလိမ့်မယ်။
၉။ မေမေတို့ရဲ့သားလေးဟာ ဖေဖေနဲ့လည်း အထူးနှောင်ကြိုးရှိလာပါလိမ့်မယ်
မေမေတို့ရဲ့ သားလေးဟာ mamma’s boy လေးဖြစ်ပေမယ့် မကြာခင်မှာ သူ့ဖေဖေနဲ့ အထူးနှောင်ကြိုးရှိလာပါလိမ့်မယ်။
သားလေးက သူ့အဖေနဲ့ စကားပြောဖို့ လျှို့ဝှက်တဲ့ နည်းလမ်းတွေ ရှိလာပါလိမ့်မယ်။ အဲဒါက မေမေတို့ကို မကြာခဏ မနာလိုမှုဖြစ်စေနိုင်ပါတယ်။
သားယောက်ျားလေးတွေက ဖေဖေနဲ့ အားကစား၊ ရုပ်ရှင်အမျိုးအစားနှင့် အချို့သောစိတ်ဝင်စားဖွယ် အကြောင်းအရာတွေကို နှစ်ကိုယ်ကြား ဝေမျှတဲ့အခါ တစ်ခါတစ်ရံမှာ သင့်အား ပစ်ပယ်ထားသလို ခံစားရစေနိုင်ပါတယ်။
၁၀။ မေမေတို့ဟာ သူ့ရဲ့ အလှအပနှင့် စတိုင်စံနမူနာ ဖြစ်လာပါလိမ့်မယ်
သားယောက်ျားလေးရဲ့ မေမေတစ်ယောက်အနေနဲ့ သင်ဟာ ကလေးရဲ့ဘဝမှာ အလှအပစံနမူနာရှင် ဖြစ်လာပါလိမ့်မယ်။
သားယောက်ျားလေးတွေ ကြီးပြင်းလာတဲ့အခါ အံ့သြဖို့ကောင်းတဲ့ မိန်းကလေးတွေနဲ့ တွေ့ဆုံကောင်းတွေ့ရမှာဖြစ်ပေမယ့် သူသိတဲ့ အလှဆုံးအမျိုးသမီးကတော့ မေမေသာ အမြဲတမ်း ဖြစ်ပါလိမ့်မယ်။
မေမေတို့ကလေးဟာ ရင့်ကျက်လာပြီး လက်တွဲဖော်ကို ရှာဖွေတဲ့အခါ မေမေတို့ကို သူ့ရဲ့ role model တစ်ယောက်အဖြစ် မသိစိတ်နဲ့တောင် စဉ်းစားမိနိုင်ပါတယ်။
Chit_MayMay
LM_Nandar
Source-momjunction