အချစ်ရေးမှာ အသက်အရွယ်ကွာဟမှုရဲ့ ကောင်းကျိုးနှင့် အားနည်းချက်တစ်ချို့
lifestylemyanmar.com
|
2020-10-24



Relationship တစ်ခုမှာ အသက်အရွယ်ကွာဟမှုက တကယ်အရေးပါသလား?ဆိုတာ ဖော်ပြပေးပြီးနောက်မှာ အချစ်ရေးမှာ အသက်အရွယ်ကွာဟမှုရဲ့ ကောင်းကျိုး၊အားနည်းချက်တစ်ချို့နှင့် အဆင်ပြေစေဖို့ နည်းလမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။ ဟုတ်ပါတယ်။ အချစ်ရေးမှာ အသက်ကွာမှုက ကောင်းကျိုးအချို့ရှိသလို အားနည်းချက်တွေလည်း ရှိပါတယ်။

အသက်အရွယ် ကွာဟမှုရှိခြင်းရဲ့ ကောင်းကျိုးတစ်ချို့

ရင့်ကျက်ခြင်း- အချစ်ရေးမှာ အသက်ကြီးသူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာအရ၊ ငွေရေးကြေးရေးအရ ရင့်ကျက်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ကြပါတယ်။ သူတို့ဟာ အတိတ်ကအတွေ့အကြုံတွေကြောင့် တစ်ယောက်နဲ့ တစ်ယောက် စိတ်သဘောထားကွဲလွဲတဲ့ အချိန်တွေမှာ သူတို့ရဲ့ ရင့်ကျက်မှုကို ယူဆောင်လာနိုင်ပါတယ်။




စိတ်ဝင်စားဖွယ် အမြင်များ- အသက်ကွာခြားမှုရှိတဲ့ စုံတွဲတစ်တွဲဟာ ဘဝအပေါ် ထားရှိတဲ့ အမြင်တွေ၊ အမြင်မတူတာတွေ ရှိနိုင်ပါတယ်။ ဒါက အချစ်ရေးဆီကို လတ်ဆတ်မှုတစ်ချို့ ယူလာပြီး တစ်ယောက်ကို တစ်ယောက် နားလည်စေ၊ တစ်ယောက်ရဲ့ အတွေးအခေါ်တွေကို လက်ခံစေပါတယ်။




ငွေရေးကြေးရေးတည်ငြိမ်မှု- အသက်ပိုကြီးတဲ့ လက်တွဲဖော်ဟာ အလုပ်အကိုင်အခြေတကျရှိပြီးသား၊ ငွေရေးကြေးရေး အသင့်အတင့်စုဆောင်းပြီးသားဖြစ်တာကြောင့် ပိုမိုကောင်းမွန်တဲ့ အခြေကျ နေနိုင်ဖွယ်ရှိပါတယ်။ ဒီစုံတွဲတွေအတွက် တည်ငြိမ်သော ငွေရေးကြေးရေးအနေအထားရဲ့ အားသာချက်ကို ပေးစွမ်းပါတယ်။

healthy balance ရှိမှု- စုံတွဲသက်တမ်းကြာလာတာနင့်အမျှ ငယ်တဲ့ လက်တွဲဖော်ဟာ ကိုယ့်ထက်ကြီးတဲ့လက်တွဲဖော်ကို ကာယ၊ ငွေကြေးနှင့် စိတ်ပိုင်းဆိုင်ရာအရ ထောက်ကူပေးနိုင်ပါတယ်။ ဒါက မိသားစုနဲ့ ကလေးတွေကို တည်ငြိမ်စေဖို့ ကူညီပါတယ်။

သင့်တင့်လျောက်ပတ်တဲ့ အသက်အရွယ်ကွာဟမှုက အားသာချက်တွေ ဖြစ်စေနိုင်သော်လည်း အသက်အရွယ် အရမ်းကွာဟတာက အားနည်းချက်တွေ ရှိလာနိုင်ပါတယ်။

“အသက်ကွာဟတဲ့အချစ်ရေးမှာ ဖြစ်လာနိုင်တဲ့ အားနည်းချက်များ”

အသက်အရွယ်အရမ်းကွာဟမှုရှိတဲ့ စုံတွဲတွေမှာ ရင်ဆိုင်ရနိုင်တဲ့ ပြဿနာအချို့ရှိပါတယ်။

၁။ အချိန်ကုန်လွန်လာတာနှင့်အမျှ အချဉ်ပေါက်သွားနိုင်ပါတယ်

သုတသနတွေ့ရှိချက်အရ အသက်အရွယ် ကွာဟမှုက ကနဦးမှာ အလုပ်ဖြစ်နိုင်သော်လည်း အချိန်ကုန်လွန်လာတာနှင့်အမျှ ကျေနပ်ရောင့်ရဲမှု လျော့ကျသွားပါတယ်။

“အသက်အများကြီး ကြီးသူ (သို့) ငယ်ရွယ်တဲ့ အိမ်ထောင်ဖက်နဲ့ လက်ထပ်ထားသူတွေဟာ သက်တူရွယ်တူအိမ်ထောင်ဖက်တွေနဲ့ လက်ထပ်ထားသူတွေနဲ့ နှိုင်းယှဉ်ရင် အချိန်ကြာလာတာနဲ့အမျှ အိမ်ထောင်ရေးကျေနပ်မှုက သိသိသာသာကျဆင်းလာလေ့ရှိတယ်လို့ သြစတြေးလျရှိ အိမ်ထောင်စု၊ ဝင်ငွေနှင့် Labor Dynamic ကပြုလုပ်တဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။




၂။ ကွာရှင်းနိုင်ခြေအခွင့်အလမ်းမြင့်မားပါတယ်

စိတ်ပျက်ခြင်းနဲ့ ကျေနပ်ရောင့်ရဲမှုအဆင့်လျော့နည်းခြင်းက ကွာရှင်းခြင်းအခွင့်အလမ်းတွေကို တိုးပွားစေပါတယ်။ ” သင်နဲ့သင့်လုပ်ဖော်ကိုင်ဖက်အကြား အသက်ကွာခြားမှု ပိုကြီးလေ၊ သင့်အိမ်ထောင်ရေးက ကွာရှင်းမှုများလေဖြစ်ပါတယ်။ လက်တွဲဖော်နဲ့ ငါးနှစ်အထိ ကွာခြင်းက စိတ်ပူစရာမရှိပါ၊ သို့သော် သင့်အသက်က သင့်အိမ်ထောင်ဖက်ရဲ့ မိဘနဲ့ တန်းတူဖြစ်နေပြီဆိုရင် သင့်ရဲ့ အိမ်ထောင်ရေးပြိုကွဲသွားမှာပါလို့ Pennsylvania တက္ကိုလ်မှ အကြီးတန်းဒေတာသိပ္ပံပညာရှင် Randy Olson က ပြောပါတယ်။

၃။ အိမ်ထောင်ရေးမတည်ငြိမ်မှု ဖြစ်လာပါတယ်

အသက်အရွယ် အရမ်းကွာဟမှုရှိတဲ့ အိမ်ထောင်မှာ အထူးသဖြင့် ဇနီးက ခင်ပွန်းထက် အသက်ကြီးသူဖြစ်ရင် ဇနီးက စိတ်ကျေနပ်မှုမပေးနိုင်တာကြောင့် ခင်ပွန်းကအပျော်ရှာခြင်း၊ စောင့်ရှောက်သူများနှင့် ငွေကြေးဆိုင်ရာ ပြဿနာများနှင့် အာဏာရုန်းကန်ရခြင်း စတဲ့ ပြဿနာများ ဖြစ်လာနိုင်ပါတယ်။

၄။ ဘဝ ဦးစားပေးများ ကွာဟခြင်း

အသက်အရွယ်မတူတဲ့သူတွေဟာ ဘဝမှာ ဦးစားပေးတွေလည်း မတူကြပါဘူး။ ပါတနာတစ်ယောက်ရဲ့ ဦးစားပေးတွေကို အခြားတစ်ယောက်နှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရခြင်းက သူတို့အကြား စိတ်ပိုင်းဆိုင်ရာ ကွာဟမှုကို ဖြစ်ပေါ်စေပါတယ်။




၅။ ကလေးယူတဲ့အခါ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရခြင်း

အသက်အရွယ် ကွာဟချက်ကြီးတဲ့ စုံတွဲတွေဟာ မိသားစုတစ်ခု ထူထောင်လိုပါက ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ကလေးမွေးဖွားနှုန်းက စုံတွဲရဲ့ အသက်နဲ့ ဆက်နွယ်နေပါတယ်။

၆။ စိတ်ကျေနပ်မှုမရှိခြင်း

ဇနီးမောင်နှံအကြား ရင်းနှီးတဲ့ အချိန်ကာလတွေဟာ သူတို့လိုချင်တဲ့ စိတ်ကျေနပ်လောက်ဖွယ်ရာ မရှိပါဘူး။ ငယ်ရွယ်တဲ့ အဖော်အနေဖြင့် ပို active ဖြစ်ချင်ကြပြီး မကြာခဏ ဖြစ်စေလိုပေမယ့် အသက်ကြီးသူကတော့ ဆန့်ကျင်ဘက်ဖြစ်နေတတ်ပါတယ်။

၇။ လူမှုရေးကွာဟချက်ရှိခြင်း

အသက်အရွယ်ကွာဟချက်ကြီးတဲ့ စုံတွဲတွေမှာ လူမှုရေးအပေါင်းအသင်း မတူညီကြပါဘူး။ သူတို့ဟာ မတူညီတဲ့ လူမှုရေးစုဝေးပွဲတွေကို တတ်ရောက်ခြင်း၊ အသက်အရွယ်မတူတဲ့သူတွေနဲ့ အတူတကွ ချိတ်ဆက်ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။ ကိုယ့်ရဲ့ပါတနာက ကိုယ့်ထက်အသက်ကြီးနေမယ်ဆိုရင် ကိုယ့်သူငယ်ချင်းတွေနဲ့ အဆင်ပြေဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။




အသက်အရွယ်ကွာဟမှုရှိသောအချစ်ရေးမှာ ဒီအားနည်းချက်တွေရှိနေဖို့ မဖြစ်မနေမလိုပါဘူး၊ ဘာ့ကြောင့်လဲဆိုတော့ သင်တို့ရဲ့ အချစ်ရေးဟာ ကိုယ်ဘယ်လောက်နားလည်ပေးနိုင်တယ်၊ ရှေ့ဆက်သွားနိုင်တဲ့အပေါ် မူတည်ပါတယ်။

“အသက်အရွယ်ကွာဟတဲ့ အချစ်ရေးကို အလုပ်ဖြစ်စေဖို့ နည်းလမ်းများ”

သင်ဟာ ထိုကဲ့သို့သော အချစ်ရေးမျိုးမှာဖြစ်နေရင် ဒီအကြံပြုချက်တွေက သင့်အတွက် အသုံးဝင်ပါလိမ့်မယ်။

နေရာပေးပါ- သင့်လက်တွဲဖော်ကို မျှော့တွယ်သလို ကပ်မနေပါနဲ့။ နေရာပေးခြင်းရဲ့ အရေးပါမှုကို နားလည်ပါ။ ဘယ် Relationship မှာမဆို တစ်ယောက်နဲ့ တစ်ယောက် နေရာပေးခြင်းက အရမ်းအရေးကြီးပြီး အသက်အရွယ်ကွာဟမှု မြင့်မားလာတဲ့အခါ ပိုပြီးတောင် အရေးကြီးလာပါတယ်။

သည်းခံမှုရှိပါစေ- ထူးဆန်းသော အခြေအနေတွေနဲ့ ဆက်ဆံရတဲ့အခါ သည်းခံခြင်းလိုအပ်ပါတယ်။ အေးဆေးတည်ငြိမ်ပြီး စိတ်ထိန်းခြင်းက ဘယ်အရာမဆို မှန်ကန်တဲ့ ရှု့ထောင့်ကနေ ရှုမြင်နိုင်တဲ့အတွက် စစ်ပွဲတစ်ဝက်ကို အောင်နိုင်စေပါတယ်။

flexible ဖြစ်ပါ- သင့်လက်တွဲဖော်နဲ့ တင်းကျပ်လွန်းခြင်းမရှိပါစေနဲ့။ တစ်ယောက်နဲ့တစ်ယောက် flexible ဖြစ်ပြီး စာနာမှုထားခြင်းက အိမ်ထောင်ဖက်နဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကို တည်ဆောက်တဲ့နေရာမှာ အရေးကြီးပါတယ်။

ပွင့်ပွင့်လင်းလင်းစဉ်းစားပါ- ဘဝမှာ မတူညီတဲ့ စိန်ခေါ်မှုတွေကြုံလာရပါလိမ့်မယ်၊ ပွင့်လင်းတဲ့ စိတ်ထားရှိခြင်း၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်နဲ့ ယုံကြည်ချက်အပေါ် ယုံကြည်မှုထားရှိခြင်းက ဘဝကို ရှင်းလင်းပြတ်သားစေပါလိမ့်မယ်။

တတ်ကြွသော လိင်မှုဘဝရှိပါစေ- သင်ဟာ ပျော်ရွင်ပြီး ရုပ်ပိုင်းဆိုင်ရာ ရင်းနှီးမှုနှင့် ကျေနပ်ရောင့်ရဲရင် သင့်ပါတနာက ပိုချစ်မြတ်နိုးပါလိမ့်မယ်။ ဒါက တစ်ယောက်နဲ့ တစ်ယောက်ကို ချိတ်ဆက်ထားစေပြီး ပြဿနာ အများစုကို ဂရုစိုက်စေပါတယ်။

ကောင်းမွန်စွာ ပြောဆိုဆက်ဆံပါ- ပြဿနာအများစုကို သင့်တော်တဲ့ ပြောဆိုဆက်ဆံမှုဖြင့် ဖြေရှင်းနိုင်ပါတယ်။ သင့်ပါတနာနဲ့ ရိုးသားသော ပြောဆိုဆက်ဆံမှု ရှိပါ။ တစ်ယောက်နဲ့ တစ်ယောက် လေးစားသမူရှိရင် အသက်အရွယ်ကွာဟချက်က ပြောပလောက်စရာ မရှိပါဘူး။

ခြွင်းချက်မရှိ ချစ်ပါ- သင့်လက်တွဲဖော်ကို ဘယ်နယ်နိမိတ်မှ အကန့်အသတ်မရှိဘဲ ချစ်ပါ။ လက်တွဲဖော်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင်၊ ကြင်နာကြတဲ့အခါ အဆိုးဆုံးအခြေအနေတွေကိုတောင် အလွယ်တကူ ရင်ဆိုင်နိုင်ပါတယ်။

ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စောင့်ရှောက်ခြင်းနှင့် ကြင်နာခြင်းတို့က relationship တစ်ခုကို အလုပ်ဖြစ်စေဖို့ အရေးပါတဲ့ အချက်တွေဖြစ်ပါတယ်။ တကယ်လို့ ဒီအခြေခံအချက်တွေဟာ နဂိုအတိုင်းရှိနေတယ်ဆိုပါက အသက်အရွယ်ကွာဟမှုကို ပိုကောင်းအောင် ပြုလုပ်နိုင်ပါတယ်။ ကိုယ့်ထက် အသက်အရမ်းကွာတဲ့သူကို ယူရမလာ? အရမ်းငယ်တဲ့သူကို ယူရမလား? ဆိုတာကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ချပြီးရင် relationship ကိုအလုပ်ဖြစ်စေဖို့ သင့်ရဲ့အရာအားလုံးကို ပေးထားရပါလိမ့်မယ်။

Lifestyle_Myanmar
LM_Nandar


Source-momjunction.


#အချစ်
#စုံတွဲ
#ကွာဟချက်
#အိမ်ထောင်ဖက်
#အိမ်ထောင်ရေး

Some text some message..