
လူတွေက ခန့်မှန်းခြေနဲ့ ပြောတတ်ကြ၊ ဆုံးဖြတ်တတ်ကြပါတယ်။ ကိုယ့်ချစ်သူကိုလည်း ဘာတွေဖြစ်နေလဲ ဘာတွေ လိုအပ်နေလဲဆိုတာ သူတို့ရဲ့ အမူအရာကြည့်ပြီး ခန့်မှန်းခြေနဲ့ ပြောတတ်ကြပါတယ်။ တကယ်လဲ သူတို့ မှန်းခြေးတွေက မှန်တတ်ကြပါတယ်။ ဒါကြောင့် သူတို့ ခန့်မှန်းတာထက် သူတို့ကို အမှန်တကယ်လိုအပ်တာကို သိသွားအာင် ပြောပြပေးလိုက်ပါတယ်နော်။
၁။ ချစ်သူဆီက သဝန်တိုတဲ့ အကြည့်
မိန်းကလေးတေါက ကိုယ့်ချစ်သူကောင်လေးဆီကနေ ချစ်လို့ ကြင်နာတဲ့ အကြည့်လေးတွေကို လိုချင်တတ်ကြပါတယ်။ ဒါကြောင့် တခြားကောင်လေးတွေကို ငေးပြတာမျိုးလေးတွေလုပ်တဲ့အချိန်မှာ သဝန်တိုသွားတဲ့ မျက်နှာလေးကို မြင်ချင်လို့ လုပ်ပြကြတာဖြစ်ပါတယ်။ မိန်းကလေးတွေဆိုတာ သူတို့ကပဲ သဝန်တိုနေတာထက် သူတို့ကို ပြန်ပြီး သဝန်တိုတဲ့ အမူအရာတွေကိုလည်း သဘောကျတတ်ကြပါတယ်။
၂။ ချီးမွမ်းခံရခြင်း
မိန်းကလေးတွေက သူတို့ချစ်သူကို သိစေချင်တဲ့ အရာလေးတွေထဲက တစ်ခုကတော့ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးပဲဖြစ်ပါတယ်။ မိန်းကလေးတွေက သူတို့ ချစ်သူရဲ့ ချီးမွမ်းသံကိုလည်း ထားထောင်ချင်ကြပါတယ်။ သူမရဲ့ အလှအပကို ချီးမွမ်းခံချင်သလို၊ သူမရဲ့ အရည်အချင်းကိုချီးမွမ်းတာမျိုးလည်း ခံချင်ကြပါသေးတယ်။
၃။ သန့်စင်ခန်းသွားတဲ့အခါ
ယောက်ျားလေးအများစုကတော လူစုပြီး အိမ်သာသွားတယ်လို့ပဲ ထင်တတ်ကြပါတယ်။ အမှန်ကတော့ မဟုတ်ပါဘူး။ ကိုယ်သွားနေကျ နေရာစိမ်းတွေမှာ တစ်ယောက်တည်းသွားရင် မလုံခြုံသလို ခံစားရတာကြောင့် သန့်စင်ခန်းသွားတဲ့အခါမှာ လူစုပြီး သွားကြခြင်းပဲဖြစ်ပါတယ်။ ဒါကို နားလည်ပေးဖို့ လိုအပ်ပါတယ်။
၄။ အိပ်မက်တွေကို နားလည်ပေးပါ။
မိန်းကလေးတွေအများစုက ချစ်သူနဲ့ တစ်အိုးတစ်အိမ်ထူထောင်ရန် မျှော်လင့်ထားလေ့ရှိပါတယ်။ နောက်ဆုံး ချစ်သူနဲ့ ချစ်စရာကောင်းတဲ့ ကလေးလေးတွေမွေးဖို့အထိကို စိတ်ကူးယဉ်တတ်ကြပါတယ်။ သူတို့တွေက သူတို့ရဲ့ စိတ်ကူးအိမ်မက်အကြောင်းပြောလာခဲ့ရင် စိတ်ပျက်သွားစေတဲ့ အပြုအမူတွေ မလုပ်မိအောင် သတိထားသင့်ပါတယ်။
၅။ တိတ်တဆိတ်နားထောင်ပေးပါ။
စိတ်ညစ်တယ်ဆိုတာ ယောက်ျားလေးမှ မဟုတ်ပါဘူး။ မိန်းကလေးမှာလည်း ရှိကြပါတယ်။ ဒါကို မေးမြန်းတာမျိုးလုပ်သင့်ပါတယ်။ တစ်ခါတစ်ရံမှာ အကြံဉာဏ်ပေးတာထက် တိတ်တဆိတ်နားထောင်ပေးတာကို ပိုပြီးတော့လိုလားတတ်ကြပါတယ်။