
ဟိုးရှေးယခင်ကတည်းကစလို့ အခုချိန်ထိ ချစ်စဖွယ်အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ လူသားတွေရဲ့ အဖော်မွန်ကောင်းတစ်ခုအနေနဲ့ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်လို့နေပါတယ်။ သံယောဇဉ်တစ်ခုအနေနဲ့ပဲဖြစ်ဖြစ် ကိုယ့်ဘဝရဲ့အထီးကျန်မှူတွေကိုဖြည့်ဆည်းပေးနိုင်လို့ပဲဖြစ်ဖြစ် ဘယ်လိုအကြောင်းပြချက်နဲ့မဆို မွေးမြူကြသူ အများစုဟာ ဒီအိမ်မွေးတိရိစ္ဆာန်လေးတွေကို ကိုယ့်သားသမီးနဲ့မခြားချစ်ခင်ကြတဲ့သူတွေချည်းပါပဲ။ ဒီလို Pets လေးတွေထဲမှာမှ ကြောင်လေးတွေဟာ လူသိများတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေထဲမှာပါဝင်ပါတယ်။ မြန်မာပြည်က တိချစ်သူတော်တော်များများကလည်း သူတို့ရဲ့ကြောင်လေးတွေကို တယုတယမွေးကြသလို တချို့ကလည်း ဒီကလေးတွေအတွက် Social Media ပေါ်မှာ ကိုယ်ပိုင်စာမျက်နှာလေးတွေပြုလုပ်ပြီး သူတို့ရဲ့တစ်နေ့တာလှုပ်ရှားမှူဓာတ်ပုံလေးတွေနဲ့ အမှတ်တရလေးတွေဖန်တီးပေးထားကြတာတွေ့ရပါတယ်။ဒီလိုအမှတ်တရအနေနဲ့ဖန်တီးပေးထားကြတဲ့ Page လေးတွေအထဲမှာမှ တချို့ဆိုရင် ပရိသတ်တော်တော်များများရရှိပြီး ဆယ်လီကြီးတွေဖြစ်နေတာတွေ့ရပါတယ်။ Facebook တစ်ခုလုံးအနေနဲ့ကြည့်မယ်ဆိုရင်တော့ ဒီလို (Local ပိုင်ရှင်တွေရဲ့) ကြောင်လေးတွေ Page ကို တော်တော်များများတွေ့ရမှာဖြစ်ပေမဲ့ဖတ်ရတာစာရှည်မှာစိုးတဲ့အတွက် လက်ရှိ Follower အများဆုံးပိုင်ဆိုင်ထားတဲ့မြောင်ဆယ်လီလေးတွေရဲ့ Page (၆)ခု ကိုပဲ ရွေးထုတ်ပီး ကြောင်ချစ်သူပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။ ကိုယ်သိတဲ့ ဆယ်လီလေးတွေရှိရင်လည်း ထပ်ဖြည့်ပေးသွားကြပါဦး ။
(၁)ကျားပေါက်
ကျားပေါက်ကတော့ ချစ်စရာ၀၀ကစ်ကစ်ကြောင်ကြီးဖြစ်ပြီး လက်ရှိမှာ သူ့ရဲ့ Page ကို follow လုပ်ထားသူ 33,000 ကျော်ရှိနေပါတယ်။ အမေPersian နဲ့ အဖေမြန်မာ စပ်ထားတဲ့ ကပြားလေးဖြစ်ပြီး မိုးကုတ်မြို့မှာ တစ်အိမ်တည်းသား အခြားချစ်စရာကြောင်လေးတွေအများကြီးနဲ့အတူ နေထိုင်ပါတယ်။ သခင်ဖြစ်သူ ဖွားနဲ့မေတို့က ပိုစ့်တွေတော်တော်များများမှာ "ချစ်တဲ့ပေါက်"ဆိုတဲ့ အသုံးအနှုန်းလေးနဲ့ တင်လေ့ရှိသလို တင်သမျှပုံတိုင်းမှာ မျက်နှာဖောင်းကစ်ကစ် လက်အိတ်ဖြူဖြူတုတ်တုတ်လေးတွေနဲ့ ပိုစ့်ပေးကြမ်းလွန်းတဲ့ ကျားပေါက်ကို အသည်းယားပြီးချစ်ကြတဲ့သူတွေ တော်တော်လေးကိုများပါတယ်။
(၂)Khin Maung Thein Htun Win - Kimi
"သထေး" (သူဌေး) လို့ ချစ်စနိုးခေါ်ကြတဲ့ ဒီ၀၀ကစ်ကစ်ချစ်စရာကြောင်ကြီးကတော့ ဂျပန်မှာကြီးပြင်းပြီး အခုလက်ရှိ စပိန်မှာနေထိုင်နေပါတယ်။ သူနဲ့အတူတူ တစ်အိမ်တည်းသားလေးတွေဖြစ်ကြတဲ့ "ဘတ်မန်း"နဲ့ "ယာယာ"ဆိုတဲ့ ချစ်စရာကြောင်လေးတွေကိုလည်း "သထေး"ရဲ့ Pageမှာပဲ မကြာမကြာတွေ့ရမှာဖြစ်ပြီး သူ့တို့ရဲ့သခင် ကြီးမေရဲ့ ဖတ်ချင်စဖွယ်စာအရေးအသားတွေနဲ့ သူတို့ရဲ့ချစ်စရာမျက်နှာပေးလေးတွေကြောင့် ဒီကလေးတွေကိုချစ်တဲ့ပရိသတ်ကလည်း တော်တော်လေးများပြားတာကိုတွေ့ရပါတယ်။ 2015လောက်ကတည်းက စတင်ပြီး ပုံလေးတွေတင်ခဲ့တဲ့ Kimi ရဲ့ အခုလက်ရှိ Page followers က 32,000 ကျော်ရှိပါတယ်။
(၃)Garfield or တင်မောင်ကြိုင်
တင်မောင်ကြိုင်လေးကတော့ Mixed-breed Persian အမျိုးအစားဖြစ်ပြီး လေးလသားလောက်အရွယ်မှာစတင်ပြီး သူ့ကိုမွေးစားခဲ့ကြတာပါတဲ့ ။ ရွှေဝါရောင် အမွှေးဖွားဖွားနဲ့ ဒီကလေးကိုတော့ သူ့ရဲ့ Follower တွေက ကြိုင်လို့ ချစ်စနိုးခေါ်တတ်ကြပြီး အခုလက်ရှိနေပြည်တော်မှာနေထိုင်ပါတယ်။ တော်တန်ရုံ အသံပေးတာမျိုးသိပ်မရှိသလို အမြဲစူပုပ်ပုပ်နဲ့ချစ်စရာကောင်းတဲ့မျက်နှာကြီးကိုပိုင်ဆိုင်ထားတဲ့ တင်မောင်ကြိုင်ကတော့ Followers 32,000 ကျော်ရှိတဲ့ ဆယ်လီကြီးပါ။
(၄)Tommy and Lily
တော်မီနဲ့ လီလီတို့ကတော မန္တလေးမှာနေထိုင်ကြပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ မျက်နှာလုံးလုံးလေးတွေကိုပိုင်ဆိုင်ထားကြပြီး Scottish Fold လေးတွေဖြစ်မယ်လို့ယူဆရပါတယ်။ ဒီကလေးတွေဟာ အခုလက်ရှိ Followers 21,000 ကျော် ပိုင်ဆိုင်ထားသလို သူတို့ရဲ့ချစ်မွှေးအပြည့်ပါတဲ့ပုံလေးတွေနဲ့ သူတို့သခင်ရဲ့ ဟာသဉာဏ်ပါတဲ့ Caption လေးတွေကြောင့် ချစ်သူခင်သူတော်တော်လေးများပြားလွန်းတာကို တွေ့ရမှာပါ။
(၅)ခြူးမဲမဲတူးနှင့်သူအိဆွေမျိုးများ
ဒီ Page လေးမှာတော့ ချစ်စရာ Burmese Cat လေးတွေအများကြီးကိုတွေ့ရမှာဖြစ်ပြီး အူးခြူးလို့ ချစ်စနိုးခေါ်ကြတဲ့ ကြောင်လေးကတော့ Tuxedo Cat လို့ခေါ်တဲ့ Suit အမည်းကြီးဝတ်ထားတဲ့ဒီဇိုင်းနဲ့ ကြောင်လေးပါ။ ဒီ Page နဲ့ပတ်သက်လို့ စိတ်မကောင်းစရာတစ်ခုကတော့ အူးခြူးလေးက အိမ်ကထွက်သွားပြီး ပြန်မတွေ့တော့တာကြာပါပြီတဲ့။ဒါပေမဲ့ လက်ရှိ Page လေးမှာ သူ့ရဲ့ ဆွေမျိုးလေးတွေကတော့ ချစ်စရာ အမူအရာအမျိုးမျိုးနဲ့ ဆက်ပြီး Page လေးကို Run နေတုန်းပါပဲ။ ခုလက်ရှိ ခြူးမဲမဲတူး Page လေးမှာ Follower 21,000 ကျော်ရှိပါတယ်။
(၆)ဘုတ်အီး_BOTE EEE
ဘုတ်အီးလေးကိုတော့ အားလုံးက "ဘုတ်" လို့ ချစ်စနိုးနဲ့ခေါ်ကြပြီး သူ့ရဲ့သခင်ဖြစ်သူ ဖွားဖွားနဲ့ မေမေတို့ရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ ကလေးလေးပါ။ ချစ်စရာကောင်းတဲ့ Captionလေးတွေနဲ့အတူ တင်သမျှပုံတိုင်းမှာ ပိုစ့်လှလှလေးတွေပေးတတ်တဲ့ ၀၀ကစ်ကစ် လည်ဆံမွှေးဖွားဖွား ရွှေဝါရောင်ကြောင်လေး "ဘုတ်"ကတော့ လက်ရှိ Followers 10,217 ယောက်ကို ပိုင်ဆိုင်ထားပါတယ်။