တစ်ယောက်နဲ့တစ်ယောက် အချိန်မပေးတာတွေများလာတဲ့အခါ ဖြစ်လာမယ့်ဆိုးကျိုး (၅)မျိုး
auntymay.com
|
2020-10-29

လူတိုင်းမှာ ဘဝကိုယ်စီ၊ အလုပ်အကိုင်ကိုယ်စီနဲ့ ပြသနာကိုယ်စီတွေ ရှိကြတာသဘာဝပါပဲ။ တစ်ယောက်နဲ့တစ်ယောက်အချိန်ပြည့် ဂရုစိုက်ကြဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် ဘယ်လောက်ပဲ အလုပ်တွေများများ တစ်ယောက်ကိုတစ်ယောက် မဖြစ်ဖြစ်အောင် အချိန်ပေးတတ်ဖို့တော့လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ အလုပ်များတာတွေ၊ မိဘနဲ့သားသမီးကြား၊ သူငယ်ချင်းတွေကြား၊ ချစ်သူစုံတွဲတွေကြားမှာ ကိုယ့်ရဲ့ပြသနာတွေနဲ့ စိတ်ခံစားချက်တွေကြောင့် တစ်ယောက်ကိုတစ်ယောက် အချိန်မပေးတာတွေ များလာတဲ့အခါမှာတော့ ဒီလိုဆိုးကျိုးတွေကို တွေ့ကြုံရမှာဖြစ်ပါတယ်။

(၁) စိမ်းသွားတယ်

shutterstock/ pathdoc

ဘယ်လောက်ရင်းနှီးတဲ့ မိတ်ဆွေတွေပဲဖြစ်ဖြစ် အချိန်မပေးတာတွေများလာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ စိမ်းကားသွားကြတာ သဘာဝပါပဲ။ တစ်ယောက်အကြောင်းတစ်ယောက် မသိတာတွေများလာတယ်၊ တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေကွဲပြားလာတယ်။ နောက်ဆုံးမှာတော့ စိမ်းမှန်းမသိတဖြည်းဖြည်းနဲ့ သူစိမ်းတွေလိုဖြစ်သွားကြပါတယ်။

(၂) ရင်မဖွင့်ချင်တော့ဘူး


ရင်ဖွင့်တယ်ဆိုတာ တွေ့ကရာလူကို ကိုယ့်ခံစားချက်တွေ လိုက်ပြောနေတာမျိုးမဟုတ်ပါဘူး။ ကိုယ့်ရဲ့အားနည်းချက်တွေ၊ လူသိခံလို့မဖြစ်တဲ့ အကြောင်းအရာတွေ၊ ကိုယ့်ရဲ့ရင်တွင်းခံစားချက်တွေကို လျှို့ဝှက်ပြောပြနေတာမျိုးဖြစ်ပါတယ်။ ဒီလိုမျိုးတွေဆိုတာ ကိုယ့်အပေါ်ကိုတကယ်ကောင်းပြီး ကိုယ့်အကြောင်းကို တကယ်နားလည်တဲ့သူမျိုးကိုပဲ ပြောပြချင်တာမျိုးပါ။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် အချိန်မပေးတာတွေများလာတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေဝေးကွာပြီး ရင်လည်းမဖွင့်ချင်တော့ပါဘူး။

(၃) စိတ်နာလာတယ်


တစ်ယောက်နဲ့တစ်ယောက် တစ်ခါတလေအချိန်မပေးနိုင်တာမျိုးဆိုတာ နားလည်ပေးလို့ ရပေမယ့် အကြိမ်ရေများလာတဲ့အခါမှာတော့ နားလည်နိုင်စွမ်းတွေ တဖြည်းဖြည်း ကုန်ဆုံးလာပြီး နောက်ပိုင်းမှာတော့ တစ်ယောက်ကိုတစ်ယောက် စိတ်နာလာပါတော့တယ်။ နောက်ဆုံးမှာတော့ မခေါ်ချင်မပြောချင်တွေဖြစ်လာပြီး အမုန်းတွေနဲ့ အဆုံးသတ်ရတတ်ပါတယ်။

(၄) အချိန်မပေးချင်တော့ဘူး

shutterstock/ fizkes

တစ်ယောက်ကိုတစ်ယောက်အချိန်မပေးတာတွေ များလာတဲ့အခါ အစပိုင်းမှာတော့ နေရခက်သလို ဟာတာတာဖြစ်နေတတ်ပေမယ့် နောက်ပိုင်းမှာတော့ သူမရှိပဲ နေတတ်သွားတဲ့အခါမှာ ပြသနာတွေက စလာတော့တာပါပဲ။ အချိန်မပေးနိုင်ရာကနေ နောက်ပိုင်းမှာတော့ အချိန်မပေးချင်တော့ပဲ တစ်ယောက်ကိုတစ်ယောက် လူပိုတွေလို သဘောထားတာမျိုးတွေအထိ ဖြစ်သွားနိုင်ပါတယ်။

(၅) ခွင့်မလွှတ်နိုင်တော့ဘူး


တစ်ယောက်ကိုတစ်ယောက် အချိန်မပေးတာတွေများလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ သံယောဇဉ်တွေကုန်ခမ်းလာပြီး စိတ်အခန့်မသင့်တာတွေများလာပါတော့တယ်။ ဒီလိုနဲ့ပဲတစ်ယောက်နဲ့တစ်ယောက် စိတ်နာကာ ခွင့်မလွှတ်နိုင်တာတွေ၊ စိတ်နာသွားပြီး နာကြည်းတာမျိုးတွေဖြစ်လာပါတယ်။

ဒါကြောင့် မိဘနဲ့သားသမီး၊ မောင်နှမ၊ သူငယ်ချင်း၊ ချစ်သူရည်းစားတွေကစလို့ ဘယ်လိုဆက်ဆံရေးမျိုးမှာမဆို တစ်ယောက်ကိုတစ်ယောက် အချိန်ပေးတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်ချစ်တဲ့သူတွေကိုမဆုံးရှုံးချင်ရင် ဘယ်လိုအကြောင်းနဲ့မှ ပစ်မထားသင့်ဘူးဆိုတာကို သိထားသင့်ပါတယ်။


Em Em


#အချိန်
#ပြသနာ
#ယောက်မ
#လူပို
#သားသမီး

Some text some message..