ကိုယ်စိတ်မဝင်စားတဲ့သူကို အယဉ်ကျေးဆုံး ငြင်းနိုင်မယ့်နည်းလမ်းများ
auntymay.com
|
2020-10-29

တစ်ခါတစ်လေ ပျိုမေတို့အနေနဲ့ အချစ်ရေးနဲ့ပတ်သက်လာရင် တော်တော်လေးကိုအခက်အခဲကြုံရတဲ့ အခိုက်အတန့်တွေရှိနေပါတယ်။ အဲဒါကတော့ ကိုယ့်ကိုသဘောကျတဲ့လူကို ကိုယ်ကသဘောမကျတဲ့အခါမျိုးတွေမှာ ဘယ်လိုငြင်းလို့ငြင်းရမှန်းမသိတာပါပဲ။ အားကလည်းနာ၊ တစ်ဖက်သားကို ရိုင်းရာလည်းကျမှတွေ စတာတွေကို စိုးရိမ်တတ်ကြပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ ဘယ်လို ကောင်းဆုံး ငြင်းရမယ်ဆိုတဲ့ နည်းလမ်းလေးတွေကိုမျှဝေပေးလိုက်ချင်ပါတယ်။


ပွင့်လင်းမှုရှိပါ

အရာရာကို အစကတည်းက ပွင့်ပွင့်လင်းလင်းပြောထားမယ်ဆိုရင် သင့်အနေနဲ့ ငြင်းရတော့မယ်ဆိုတဲ့အခါမှာ သိပ်ကိုလွယ်ကူစေမှာပါ။ အရင်ဆုံး သူ့ဖက်ကစပြီး ဖွင့်ပြောလာကတည်းကိုက စဉ်းစားဦးမယ်လို့ပြောထားမယ်၊ စဉ်းစားလိုက်တဲ့အခါမှာလည်း သူ့ကို မကြိုက်တာ သေချာသွားခဲ့မယ်ဆိုရင် သင့်ဖက်က သူ့ကို ပွင့်ပွင့်လင်းလင်းနဲ့ ပြတ်ပြတ်သားသား ငြင်းနိုင်ပါစေ။ ငါကတော့နင့်ကို မကြိုက်နိုင်ပေမယ့် နင့်ကတော့ င့ါကိုဆက်ကြိုက်ပေးတွေဘာတွေ မပြောမိစေနဲ့ပေါ့။


Freepik- freepik


စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ပါ

ငြင်းခြင်းကို ခံလိုက်ရတဲ့လူတစ်ယောက်ဟာ အနည်းနဲ့အများတော့ စိတ်ထိခိုက်မှာပါပဲ။ ဒီလိုစိတ်ထိခိက်တာဟာလည်း ကိုယ့်ကြောင့်ဆိုတာသေချာနေတဲ့အတွက်ကြောင့် ကိုယ့်ဖက်မှာလည်း စိတ်မကောင်းဖြစ်လာမှာပါ။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာအရ ကြိုပြီး ပြင်ဆင်ထားပါ။ ဘယ်လို negative feedback ပဲ လာလာ ခံနိုင်အောင်ကြိုးစားပါ။ သနားပြီး တွဲတာမျိုးတွေ မလုပ်ပါနဲ့။


မျှော်လင့်ချက်မပေးမိပါစေနဲ့

မကြိုက်ဘူးဆိုရင် အပြတ်အသား ငြင်းလိုက်တာအကောင်းဆုံးပါပဲ။ ကမ်းတဲ့လက်ကိုမတွဲနိုင်ဘဲ ဆွဲထားတာမျိုးဟာ သူ့ကို စော်ကားရာရောက်သလိုပဲ လူမဆန်ရာလည်းကျပါတယ်။ ဒါကြောင့် သူ့ကိုမကြိုက်ရင် မျှော်လင့်ချက်လုံး၀ မပေးလိုက်ပါနဲ့။


Freepik- freepik


အကြောင်းပြချက်တစ်ခုခုပေးပါ

အရာရာတိုင်းမှာ ဘာကြောင့်ဆိုတဲ့အကြောင်းအရင်းကကတော့ ရှိစမြဲပါပဲ။ ဒါကြောင့် တစ်ဖက်သားကို ငြင်းတော့မယ်ဆိုရင်လည်း သူ့ကိုအကြောင်းပြချက်လေးတော့ ပေးလိုက်ပါ။ ဒါမှလည်း သူ့အနေနဲ့ move on လုပ်ရတာ ပိုလွယ်မှာပေါ့။ သို့မပမေယ့်လည်း အကြောင်းပြချက်ပေးဆိုတဲ့နေရာမှာ သူ့ရဲ့ ရုပ်ဆင်းအင်္ဂါတို့၊ ပညာတို့၊ အလုပ်အကိုင်တို့ စတဲ့ ပုဂ္ဂိုလ်ရေးရာတွေကြောင့် ဖြစ်မယ်ဆိုရင်တော့ အကြောင်းပြချက်ကို တည့်ကြီးမပြောလိုက်ဘဲနဲ့ ကိုယ့်ကိုယ်သာ လွှဲချလိုက်ပါ။


မျက်နှာချင်းဆိုင်ပြောပါ

စကားတစ်ခွန်းဟာ ဖုန်းထဲမှာပြောလိုက်တာနဲ့ စာရိုက်ပြီးပြောလိက်တာချင်းတောင် တစ်ခါတစ်လေကျ အတူတူဖြစ်နေပေမယ့်လို့ အဓိပ္ပာယ်ကောက်လွဲသွားတတ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း လေးစားသမှုလည်းပြရင်း အထင်လွဲခံခြင်းကလည်းရှောင်ကျဉ်ရင်းနဲ့ ငြင်းမယ်ဆိုရင်လည်း မျက်နှာချင်းဆိုင် တည့်တည့်ဆိုင်ဆိုင် ငြင်းလိုက်တာဟာ အကောင်းဆုံးပါပဲ။ တစ်ခါတည်းလည်း ပြီးပြတ်သွားတာပေါ့။


Freepik-drobotdean


penny


#အကြောင်းပြချက်
#စိတ်ပိုင်းဆိုင်ရာ
#ရုပ်ဆင်း
#မျှော်လင့်ချက်
#အဓိပ္ပာယ်

Some text some message..