ရည်းစားဟောင်းကို မေ့နိုင်ဖို့ ပြုလုပ်သင့်တဲ့ အချက်များ
myanmaplatform.com
|
2020-10-29

ရည်းစားဟောင်းကိုမေ့ဖို့ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ ကိုယ်ချစ်ခဲ့သူတစ်ယောက်ဖြစ်တာကြောင့် လွယ်လွယ်နဲ့တော့ မေ့နိုင်မယ့်မထင်ပါဘူး။ ဒါပေမယ့် သူနဲ့ လမ်းခွဲပြတ်ဆဲလိုက်ပြီဆိုကတည်းက ကိုယ့်ဘဝကို ကိုယ်တိုင် ထိန်းကျောင်းရမှာဖြစ်ပါတယ်။ ဒါကြောင့် ရည်းစားဟောင်းကို မေ့ပစ်နိုင်ဖို့ အတွက် ဘယ်လိုနည်းလမ်းတွေကို လုပ်သင့်သလဲဆိုတာကိုပြောပြပေးလိုက်ပါတယ်နော်။




၁။ ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးအရာတွေကိုအာရုံစိုက်ပါ။

ရည်းစားနဲ့ ပြတ်သွားလို့ဆိုပြီး စိတ်ဆင်းရဲတာမျိုးကို ခံစားမနေပါနဲ့။ ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်အတွေးအခေါ် ရည်မှန်းချက်တွေရှိတယ်ဆိုတာကို သတိရပါတယ်။ သူ့ကိုပဲ တွယ်ကပ်နေတာမျိုးမလုပ်ဘဲ မေ့နိုင်အောင်ကြိုးစားကြည့်ပါ။ ဒါမှ ကိုယ့်ဘဝရဲ့ အရေးကြီးဆုံးအရာတွေကို အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။




၂။ အတိတ်အကြောင်းကိုပဲ မတွေးပါနဲ့။

အတိတ်ကိုတွေးမိတိုင်း ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ရပ်တန့်နိုင်အောင် ကြိုးစားပါ။ ပြီးခဲ့တဲ့ အတိတ်ထက်၊ ပစ္စုပ္ပန်သာ အာရုံစိုက်မယ်ဆိုရင် ခဏတာလောက်တော့ မေ့သွားနိုင်ပါတယ်။ လုံးဝမေ့မရတာထက် ခဏတာမေ့သွားတာကလည်း ကောင်းပါတယ်။ အကြိမ်ရေးတိုးပြီး မေ့လာနိုင်တယ်ဆိုရင် သူ့နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကိုမေ့သွားမှာဖြစ်ပါတယ်။




၃။ Comfort Zone ထဲကနေထွက်ပါ။

ချစ်သူနဲ့ လမ်းခွဲပြတ်ဆဲပြီးသွားတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို သက်သာအောင် နေခဲ့တဲ့ ဘဝကနေ ရုန်းထွက်လိုက်ပါ။ စိတ်ပြေလက်ပျောက် ခရီးထွက်ပါ။ မိသားစုကို အချိန်ပေးပါ။ သူငယ်ချင်းများနဲ့ အပြင်ထွက်ပါ။ လုံးဝ မမေ့နိုင်တဲ့ အဆုံး Shopping ထွက်ပြီး ပိုက်ဆံဖြုန်းလိုက်ပါ။ ဘယ်သူမဆို ပိုက်ဆံကုန်သွားတာထက် ဘယ်အရာကိုပို စိတ်ဆင်းရဲကြမလဲသိတယ်ဟုတ်။




၄။ ဝါသနာအသစ်ကို ပြောင်းလဲပါ။

လူတိုင်းမှာ ဝါသနာပါတဲ့ အရာနဲ့ ဝါသနာမပါတဲ့ အရာဆိုပြီးတော့ ရှိတတ်ကြပါတယ်။ ရည်းစားနဲ့ လမ်းခွဲပြီးတဲ့အချိန်မှာ နေ့စဉ်ဖြတ်သန်းနေတဲ့အရာတွေကို ကျော်လွန်ပြီး ဖြတ်သန်းလိုက်ပါ။ ကိုယ့်စိတ်ထဲမှာရှိတဲ့ ဝါသနာအသစ် တစ်ခုကိုအကာင်အထည်ဖော်လိုက်ပါ။ ဒါဆိုရင် သူ့ကို မေ့သွားနိုင်မှာဖြစ်ပါတယ်။


#ရည်းစား
#အရာ
#လမ်းခွဲ
#ဝါသနာ
#အတိတ်

Some text some message..