
အခုချိန်က မိုးကုန်ပြီးဆောင်တွင်းကာလလည်းရောက်လာပြီဆိုတော့ အားလုံးရဲ့ Closet ထဲမှာ Sweater တွေ၊ Hoodie တွေ၊ Sweatshirt တွေကတော့ မဖြစ်မနေရှိထားသင့်တဲ့ အဝတ်အစားတွေပါ။ ဆယ်ကျော်သက်နဲ့လူငယ်တွေအတွက်တင်မကပဲ လူလတ်ပိုင်းတွေအတွက်ပါ Hoodie နဲ့ Sweatshirt တွေက ဘယ်အချိန်ဝတ်ဝတ် ရိုးရိုးရှင်းရှင်းနဲ့အထာကျနေစေမှာပါ။
Sweatshirt တွေနဲ့ဆို ပေါ့ပေါ့ပါးပါး Casual Style လည်းဝတ်လို့ရတယ်။ သက်တောင့်သက်သာနဲ့ Comfy and Cozy ပုံစံလည်းရတယ်။ ဒါမှမဟုတ်လည်း Sporty ဆန်ဆန် Streetstyle မျိုးဝတ်ချင်ရင်လည်းအလိုက်ဖက်ဆုံးဖြစ်စေမယ့် Fashion Pieces တစ်ခုပါ။ Editor ကိုယ်တိုင်လည်း Hoodie နဲ့ Sweatshirt တွေကိုအရမ်းကြိုက်တယ်။ Hoodie လေးနဲ့ဆို ဘာမှအထူးတလည်ကြီးပြင်ဆင်နေစရာမလိုပဲ Sneaker လေးတစ်ရံနဲ့တွဲဖက်လိုက်ရုံနဲ့ ဖက်ရှင်ကျစေလို့လေ။
အခုပိုကောင်းတာက Quality ကောင်းကောင်းနဲ့ လူငယ်အကြိုက် Trendy ဒီဇိုင်း Hoodie တွေကို နိုင်ငံခြားကနေမှာယူနေစရာမလိုတော့ပါဘူး။ ဒီလိုအရည်အသွေးတွေအားလုံးနဲ့ပြည့်စုံတဲ့ Hoodie တွေကိုရရှိနိုင်တဲ့ လူငယ် Founder တွေရဲ့ Local Streetwear Brand တွေလည်းအများကြီးရှိနေပါပြီ။
အဲ့ထဲကမှ Editor ကိုယ်တိုင် အကြိုက်ဆုံး Hoodie နဲ့ Sweatshirt တွေကိုရွေးချယ်ပေးလိုက်ပါတယ်။ Hoodie အတွက်ဆိုရင်တော့ဒီ ဒီဇိုင်းတွေကအားလုံးနဲ့လည်းသင့်တော်သလို ကြိုက်နှစ်သက်ကြမယ်လို့ယုံကြည်ပါတယ်။
Not Copyrighted
လူငယ်တွေအတွက်အမိုက်စား Street Fashion တွေနဲ့ Unique ဖြစ်တဲ့ Collection ကိုမှဝတ်ချင်တယ်ဆိုရင်တော့ Not Copyrighted ကို 100% Recommend ပေးပါတယ်။ အထူးသဖြင့် Not Copyrighted Hoodie နဲ့ Cropped Sweatshirt ကတော့ Editor's Favorite လို့ပြောလို့ရပါတယ်။ သူက Hoodie ဆိုရင် CPRD ဆိုတဲ့ Letter Graphic ကိုပဲခပ်သေးသေးထည့်ထားတနဲ့ Cropped Sweatshirt ခရမ်းရောင်လေးဆိုရင်လည်း Not Copyrighted Logo လေးကိုပဲထည့်ထားတာက Unique ဖြစ်ပါတယ်။
Shop now at
https://www.facebook.com/notcopyrighted
Madnest
ထူးခြားတဲ့ Graphic Print တွေနဲ့ အထာကျတဲ့ ဒီဇိုင်းတွေကိုလတိုင်းအသစ်အသစ်မိတ်ဆက်ပေးနေတဲ့ Madnest ကတော့ Hoodie ကြိုက်တဲ့သူတွေ မဖြစ်မနေရှိထားသင့်တဲ့ Brand ပါ။ Madnest Hoodie လေးတွေကပေါ့ပေါ့ပါးပါးနဲ့ဝတ်ရတာလည်းတကယ် Comfort ဖြစ်တယ်။ Printed လုပ်ထားတဲ့ Graphic တွေပုံတွေကလည်း Founder နဲ့ Madnest Team ရဲ့ Imagination တွေကိုပြန်ပြီးပုံဖော်ထားတာမို့ တမူထူးခြားတဲ့ Feeling ကိုပေးမှာသေချာပါတယ်။ “အေးဆေးပဲ” Print ကတော့သူတို့ရဲ့ Signature Design ပါ။
Shop now at
https://www.facebook.com/madnestclothing
Cerious
ရှင်းရှင်းသန့်သန့်လေးနဲ့ Style ကျကျ Hoodie တွေကတော့ Curious မှာရှိပါတယ်။ Oversized Hoodie တွေဖြစ်ပြီး Black Color နဲ့ White Color နှစ်ရောင်ရရှိနိုင်ပါတယ်။ Black and White monochromatic ကာလာလေးတွေမို့ Ripped Jeans လေးနဲ့ဝတ်ဝတ်၊ Sweatpants လေးနဲ့ဝတ်ဝတ်၊ Denim Shorts လေးနဲ့ဝတ်ဝတ် Always in Style ပဲနော်။ ရင်ဘတ်မှာလည်း “အလွန်အကြူး” ဆိုတဲ့ Graphic လေးပါတာက Hoodie ကိုပိုပြီး Unique ဖြစ်သွားစေတယ်။
Shop now at
https://www.facebook.com/Cerious-106063474085833
Stable Edge
Independent and street culture အငွေ့အသက်တွေအပြည်အဝပါဝင်တဲ့ Stable Edge ကအထူးသဖြင့်ယောင်္ကျားလေးတွေအထူးနှစ်သက်ကြမှာပါ။ Youth Culture နဲ့ Streetwear ကိုပေါင်းစပ်ထားတဲ့ Track Jacket၊ Track Pants၊ Tees နဲ့ Cap တို့အပြင် Sweatshirt တွေကလည်း ဝတ်လိုက်ရင်တကယ်အထာကျပါတယ်။ Sweatshirt Collection ထဲက “Common Sense is Dead” ဆိုတဲ့ Slogan နဲ့ Sweatshirt ဆို Minimalist Vibe နဲ့ဖက်ရှင်ကျစေမှာပါ။
Shop now at
https://www.facebook.com/stableedgebycnk
LLTT Clothing
LLTT Clothing မှာတော့ Sweatshirt လေးတွေထက် Editor ပိုကြိုက်တာက Two-Toned Jacket လေးတွေပါ။ Two-Toned ကာလာလေးကိုမှာကျောဘက်မှာ City Graphic Print လေးနဲ့ပေါင်းစပ်ထားတာမို့ ခပ်မိုက်မိုက် Streestyle ဝတ်ချင်သူတွေအတွက် အသင့်တော်ဆုံးပါပဲ။ ဒီတစ်ခုတည်းမဟုတ်ဘူးနော် LLTD Home Sweatshirt လေးကလည်းစထွက်တဲ့အချိန်တည်းက အခုချိန်ထိ Best Seller ဖြစ်နေတဲ့ Sweatshirt ပါ။ အရောင်တွေလည်းရွေးချယ်စရာအများကြီးရှိပါတယ်။
Shop now at
https://www.facebook.com/llttclothing
Vervesv
Hypebeast ဆန်ဆန် Streetwear တွေကိုနှစ်သက်သူဆိုရင်တော့ Vervesv ကိုမေ့ထားလို့မဖြစ်ပါဘူး။ သူ့ဆီမှာလည်း Style ကျစေမယ့် Hoodie Design တွေအများကြီးရှိပါတယ်။ အဲ့ထဲမှာမှ Recommend ပေးချင်တာကတော့ လူငယ်ဆန်ပြီး Happy Vibe ကိုပေးနိုင်တဲ့ Yellow Oversized Hoodie လေးတွေပါ။သူ့ရဲ့ Back မှာလည်း Emoji Inspired Graphic လေးပါပါတယ်။ Sweatshirt ထဲမှာဆိုရင်တော့ ထွက်တာနဲ့ Sold Out ဖြစ်တဲ့ အနက်ရောင် ICONIC Sweatshirt လေးတော်တော်မိုက်ပါတယ်။
Shop now at
https://www.facebook.com/vrvsv
Photo Credit to original uploaders.