လူအများစု မက်လေ့ရှိတတ်တဲ့ အိပ်မက်တွေနဲ့ ဆက်စပ်နေတဲ့ လက်တွေ့ ဘဝအကြောင်း
auntymay.com
|
2020-11-01

အိပ်မက်တစ်ခုကို ထပ်ခါတလဲလဲမက်ဖူးတာတွေရှိဖူးလားမသိဘူး။ ဒါမှမဟုတ် သင့်အနေနဲ့ စွဲစွဲမြဲမြဲ မှတ်မိထားတဲ့အိပ်မက်လေးမျိုးများရှိနေမလားသိဘူး။ ဒီတစ်ခေါက်မှာတော့ လူတွေအများစု မက်တတ်တဲ့ကြတဲ့ အိပ်မက်လေးတွေနဲ့ ဆက်စပ်ပြီးတော့ တကယ့်လက်တွေ့ဘဝမှာရော ဘယ်လိုမျိုးအကျိုးသက်ရောက်မှုတွေ ရှိနေသလဲဆိုတာကြည့်လိုက်ရအောင်။


လမ်းပျောက်ခြင်း

တောထဲမှာ ဒါမှမဟုတ် အဆောက်အဦအကြီးကြီးတစ်ခုထဲကိုရောက်နေပြီးတော့ ထွက်ပေါက်ရှာမရဘဲနဲ့ ဘယ်ကိုသွားလို့သွားရမှန်းလည်းမသိ ပိတ်မိနေပြီလို့ ခံစားနေရမယ်ဆိုရင်တော့ သင့်ရဲ့ အပြင်ဘဝမှာ တော်တော်လေးကို ဖိဆီးမှုတွေများနေပြီဆိုတာသေချာနေပါပြီ။ ဆိုရရင်တော့ သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ နှလုံးသားရေးရာ၊ ဘဝတိုးတက်ရေးလမ်းကြောင်းတို့အပြင် အချစ်ရေးကိစ္စများပါ အဖက်ဖက်ကနေပြီး သင့်ကို ဖိအားပေးနေပါပြီ။


Freepik- wirestock


လက်လွှတ်လိုက်ရခြင်း

စောင့်နေတဲ့ဘတ်စကား လွတ်သွားတာတို့၊ ကိုယ်လှမ်းခေါ်နေတဲ့လူက မကြားတာကို ကိုယ်ကအမှီလိုက်နေပေမယ့်လည်း မမှီတာတို့လိုမျိုးရော မက်ဖူးကြရဲ့လား။ ဒါဆိုရင်တော့ သင်ဟာ ဖြစ်ပြီးသားကိစ္စတွေကို နောင်တရနေတာပါပဲ။ ဥပမာ အလုပ်အင်တာဗျူးတွေ၊ ယူခဲ့တ့ဘွဲ့တွေ၊ ရွေးချယ်လိုက်တဲ့ ကိစ္စရပ်တိုင်းအတွက်ကိုပေါ့။


ကားအက်ဆီဒင့်

ဘရိတ်ပေါက်တာ၊ ဘီးပေါက်တာကစလို့ ကားတိုက်ခံရတာမျိုးတွေအထိ မက်ခဲ့မယ်ဆိုရင်တော့ သင်ဟာ လက်ရှိအချိန်မှာ အခြေအနေဆိုးဆိုးရွားရွားတစ်ခုကို ထိန်းမနိုင် သိမ်းမနိုင်နေတော့ဘူးဆိုတာပါပဲ


Freepik- dimonka


စာမေးပွဲကျခြင်း

ဒါကတော့ လူတစ်ရာမှာ တစ်ရာလုံးနီးပါးကိုမက်လေ့ရှိတဲ့ အိပ်မက်တစ်ခုပါပဲ။ အထူးသဖြင့် ကျောင်းမနေတော့တဲ့အရွယ်တွေမှာ ဒီလိုမက်ခဲ့မယ်ဆိုရင်တော့ သင့်ရဲ့ဘဝကြီးကို တစ်ခုခု သိသိသာသာဆုံးဖြတ်ပေးမယ့် ကိစ္စရပ်တွေ ပေါ်ပေါက်နေပြီဆိုတာပါပဲ။


အနောက်က အလိုက်ခံရခြင်း

လူတစ်ယောက်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုက သင့်အနောက်ကို အသည်းအသန်လိုက်ုနေတယ်လို့ အိပ်မက်မက်ခဲ့မယ်ဆိုရင်တော့ သင်ဟာ လုံးဝကို လက်တွေ့ဘဝမှာ နှလုံးသားနဲ့သက်ဆိုင်တဲ့ ကိစ္စတစ်ခုခုကို နင့်နင့်သီးသီးကို ခံစားနေရတာပါတဲ့လေ။


Freepik- teksomolika


သွားကျိုးခြင်း

သွားကျိုးတာဟာ တချို့သောအယူအဆတွေအရတော့ ကိုယ့်ထက်ငယ်တဲ့လူအန္တရာယ်ရှိနိုင်လို့ သတိထားပါဆိုပေမယ့်လို့ တကယ်တိုင်း သွားကျိုးတယ်လို့ အိပ်မက်မက်ခြင်းဟာ သင့်ရဲ့ဖြစ်တည်မှုကို သိမ်ငယ်စိတ်ဝင်နေလို့ပါတဲ့။


ပြုတ်ကျခြင်း

ရုတ်တရက်ဆိုသလို အပြင်မှာပါ ခန္ဓာကိုယ်တစ်ခုလုံး သိမ့်ခနဲတုန်သွားပြီးတော့ အမြင့်ကနေ ပြုတ်ကျတာမျိုးမက်ဖူးကြမလားမသိဘူး။ ဒါဆိုရင်တော့ သင်ဟာ သင်ရှိနေတဲ့နေရာကနေပြီး တစ်ဆင့်နိမ့်သွားမှာ၊ လုပ်ဆောင်နေတဲ့ကိစ္စတစ်ခုခု ရှုံးနိမ့်သွားမှာကိုကြောက်နေလို့ပါတဲ့လေ။


Freepik- bilahata


penny


#အိပ်မက်
#ဘဝ
#နှလုံးသား
#ကိစ္စရပ်
#အနောက်

Some text some message..