တစ်စုံတစ်ယောက်က သင့်ကိုသဘောကျနေပြီလားဆိုတာ ဒီအပြုအမူတွေနဲ့စမ်းစစ်ပါ
auntymay.com
|
2020-11-01

တစ်ခါတစ်လေမှာ လူတွေရဲ့တကယ့်စိတ်ရင်းအမှန်ကို သိရဖို့ဆိုတာ တော်တော်လေးကို ခက်ခဲလွန်းလှပါတယ်။ အဲဒီအထဲက အခက်ခဲဆုံးကတော့ ကိုယ့်ရဲ့ crush က ကိုယ့်ကိုရော စိတ်ဝင်စားနေသလား၊ လုံးဝမကြိုက်နေဘူးလား ဆိုတာပါပဲ။ ဒီတော့ အခုလို ပြဿနာကို ဖြေရှင်းပေးဖို့အတွက် နည်းလမ်းလေးကို ဖော်ပြပေးချင်တာပါ။ အဲဒါကတော့ သူတို့ရဲ့ body language ကို ကြည့်တာပါပဲ။ ဆိုတော့ သင့် crush သာ သင့်ကို စိတ်ဝင်စားနေပြီဆိုရင် ဘယ်လို အပြုအမူတွေ ရှိနေမလဲဆိုတာကို လေ့လာကြည့်ရအောင်။


မျက်လုံးချင်းဆုံခဲ့ရင်..

တကယ် ကိုယ့်ကိုစိတ်ဝင်စားနေပြီဆိုရင် မတော်တဆ မျက်လုံးချင်းဆုံတာမျိုးဆိုရင် မျက်လုံးချက်ချင်းမလွှဲသွားဘဲ ၅ စက္ကန့်လောက် စိုက်ကြည့်ပေးနေတတ်ကြပါယ်။


အပြုအမူတချို့ ရုတ်တရက်တူသွားရင်..

ဥပမာ လူအုပ်ကြားထဲ သင်နဲ့ သင့်ရဲ့ crush တို့ ရှိပြီဆိုပါစို့။ တစ်ခါတစ်လေမှာ ကိုယ်လုပ်က်တဲ့ အမှတ်မထင် အမူအယာလေးတွေက သူ့ဆီလည်း သွားဖြစ်နေမယ်ဆိုရင်ပေါ့။ ဥပမာ ကိုယ်သန်းရင် လိုက်သန်းမယ့် လူမျိုးပေါ့။ ဒါဟာ chameleon effect လို့လည်းခေါ်ပါတယ်။


Freepik- bristekjegor


ခန္ဓကိုယ်ရဲ့ ဒီလိုနေရာလေးတွေကိုဖော်မယ်..

လည်တိုင်လေးတွေ၊ လက်ကောက်ဝတ်နေရာမျိုးလေးတွေကို သင်နဲ့တွေ့တိုင်း မပေါ်ပေါ်အောင် ပြနေတာမျိုးဟာ သင့်ကို စိတ်ဝင်စားပြီးတော့ ယုံကြည်မှုရှိနေတယ်ဆိုတာ ပြနေတာပါပဲ။ ဘာကြောင့်လဲဆိုတော့ စိတ်ပညာသဘောတရားအရ လူ့ခန္ဓာကိုယ်မှာ အားနည်းချက်အရှိဆုံးနေရာတွေလို့ မှတ်ယူထားတဲ့အတွက်ကြောင့် လူတွေရဲ့ မသိစိတ်က သူတို့အနေနဲ့ စိတ်ထဲတကယ်ကြီး လေးလေးနက်နက်ယုံကြည်သူကိုမှ ဒီလိုနေရာမျိုးတွေကို လှစ်ဟပြလေ့ရှိတာပါတဲ့။


အပြုံးလေးတွေ..

၀တ်ကျေတမ်းကျေ ပြုံးတာမျိုးမဟုတ်ဘဲနဲ့ တကယ့်ကိုနှစ်နှစ်ကာကာနဲ့ ပြုံးဖြီးနေတာမျိုးကို ဆိုလိုချင်တာပါ။ ဒီလိုအပြုံးဟာ တကယ်ကိုမေတ္တာရှိတဲ့လူမျိုးနဲ့မှသာ တေ့နိုင်တာပါ။


Freepik-ArthurHidden


သင်နဲ့တူလာမယ်..

လူတစ်ယောက်က စိတ်ဝင်စားနေတဲ့အဆင့်ဆိုရင် တစ်ဦးနဲ့တစ်ဦး လေ့လာနေဆဲ ကာလမှာပဲရှိနေဦးမှာပါ။ ဒါပေမဲ့လည်း သင့်ကို တကယ်စိတ်ဝင်စားနေတဲ့အတွက်ကြောင့် သင်နဲ့ကီးကိုက်ပြီးတော့ သဘောကျတဲ့ပုံစံတူလေးလိုမျိုး ဖြစ်စေဖို့အတွက် လိုက်နေရင်း သင်နဲ့ စကားပြောပုံဆိုပုံတွေ၊ ရယ်သံတွေအပြင် လမ်းလျှောက်တဲ့ ပုံစံမျိုးပါ ကိုယ်နဲ့တူနေတာမျိုး။


ခန္ဓာကိုယ်ကိုရှေ့ကိုကိုင်းလာတယ်..

စကားပြောတိုင်း ဒါမှမဟုတ် သင်နဲ့တွေ့လိုက်တိုင်း ခန္ဓာကိုယ်လေးဟာ ရှေ့ကို ကိုင်းကိုင်းပြီး တိုးလာတယ်ဆိုရင်လည်း သင့်ကိုစိတ်ဝင်စားသလိုပဲ လူအချင်းချင်းလည်း ပိုနီးကပ်လာစေဖို့အတွက်ပါပဲ။ နောက် အသားချင်းထိဖို့ကိုလည်း ခဏခဏ ကြိုးစားပါလိမ့်မယ်။


Freepik- gpointstudio


penny


#ခန္ဓာကိုယ်
#အပြုအမူ
#ပြောပုံဆိုပုံ
#လည်တိုင်
#အပြင်လမ်း

Some text some message..