ပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်း ပီသသူတွေဟာ ဒီလို လက္ခဏာရပ်တွေ ပိုင်ဆိုင်ထားပါတယ်
auntymay.com
|
2020-11-02

ပြီးပြည့်စုံတဲ့သူဆိုတာ လောကမှာ မရှိတတ်ကြပါဘူး။ ဒါပေမယ့်လည်း ခင်ပွန်းကောင်းတစ်ယောက်အဖြစ် ပြီးပြည့်စုံနေတဲ့သူတွေကတော့ ရှိနေပါတယ်။ ယောင်္ကျားကောင်းတစ်ယောက်ဆိုရင်တောင်မှ ခင်ပွန်းကောင်း တစ်ယောက် ဖြစ်ဖို့ဆိုတာ မလွယ်တော့ မလွယ်ပါဘူး။ ခင်ပွန်းကောင်းတစ်ယောက်မှာ ရှိသင့်တဲ့ လက္ခဏာရပ်တွေ ပိုင်ဆိုင်ထားတဲ့ ယောင်္ကျားလေးတွေကတော့ အခုလိုပဲ ဖြစ်ပါတယ်။


(၁) ရိုမန့်တစ်ဆန်တယ်

အချစ်ရေး တစ်ခုရဲ့ အစမှာတော့ ရိုဆန်ဆန် နေ့ရက်တွေကို ဖြတ်သန်းဖို့ အင်မတန် လွယ်ပါတယ်။ ချစ်ကြတယ်ဆိုပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် သိတဲ့အချိန်တွေ ဖြတ်သန်းပြီးနောက်မှာ ရိုမန့်တစ်ဆန်အောင် နေဖို့ဆိုတာ မလွယ်ကြတော့ပါဘူး။ အချိန်တွေ ဘယ်လိုပဲ အတူဖြတ်သန်းကြတယ်ဆိုပေမယ့် ဘာမှ ပြောင်းလဲမှု မရှိဘဲ သင့်ကို ရိုဆန်ဆန် အထိမ်းအမှတ်တွေ ပြုလုပ်ပေးတဲ့သူက တကယ့်ကို ခင်ပွန်းကောင်းတစ်ယောက်ပါနော်။


Photo by RODNAE Productions from Pexels


(၂) သင့်အလုပ်ကို တန်ဖိုးထားပေးတယ်

ကိုယ်ဘာလုပ်လဲဆိုတာကို ကိုယ့်ချစ်သူ မသိရတာက တကယ့်ကို စိတ်ထဲ အဆင်မပြေရတဲ့ အချက် တစ်ချက်ပါပဲ။ ခင်ပွန်းကောင်း ပီသသူတွေကတော့ ကိုယ့်ချစ်သူရဲ့ အလုပ်နဲ့ ဂုဏ်တွေကို သိထားကြပါတယ်။ ဒါ့အပြင် သူ့အလုပ်နဲ့ ပတ်သတ်တဲ့ တန်ဖိုးထားမှုတွေလည်း ပေးထားလေ့ ရှိပါတယ်။ သူ့အလုပ်အတွက် ဘဝအတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေကို အားပေးထောက်ပံ့ပေးတတ်ကြပါတယ်။


Photo by Elly Fairytale from Pexels

(၃) သင့်ကို နားထောင်ပေးတယ်

ချစ်သူဆိုတာ သွေးသားမတော်စပ်တဲ့ ကိုယ့်ရဲ့ မိသားစုလည်း ဖြစ်သလို၊ သူငယ်ချင်းလည်း ဖြစ်သလို၊ ဘဝအဖော်လည်း ဖြစ်နေပါတယ်။ သင့်ရဲ့ အခက်အခဲတွေ၊ စိတ်ပင်ပန်းမှုတွေအပြင် ပျော်ရွှင်မှုတွေကိုလည်း ကူပြီး ခံစားပေးတဲ့သူက သင့်ရဲ့ ချစ်သူကောင်းလည်း ဖြစ်သလို ခင်ပွန်းကောင်းလက္ခဏာနဲ့ ညီတဲ့သူလည်း ဖြစ်နေပါတယ်နော်။


Photo by Ketut Subiyanto from Pexels


(၄) တာဝန်ယူတတ်တယ်

ခင်ပွန်းကောင်းပီသတဲ့သူတွေကတော့ တကယ့်ကို မိသားစုအတွက် ချစ်သူအတွက် တွေးပေးကြသူတွေ ဖြစ်ပါတယ်။ ဘဝကို အကောင်းဆုံး ဖြစ်အောင် နေထိုင်ပြီး ချစ်သူနဲ့ အဆင်ပြေပြေနေဖို့က ကိုယ့်တာဝန်လည်း ဖြစ်တယ်လို့ တွေးပြီး ကြိုးစားနေတတ်ကြပါတယ်။ မိသားစု လိုအပ်ချက်တွေကိုလည်း ဂရုတစိုက် ကြည့်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။


Photo by Andrea Piacquadio from Pexels


(၅) သစ္စာရှိတယ်

သစ္စာရှိတာထက် ဘာကမှ ဆွဲဆောင်မှု ရှိမနေပါဘူး။ ကိုယ့်တစ်ယောက်တည်းကိုပဲ စိတ်ထဲမှာ တွေးပြီး တခြားသော မိန်းကလေးတွေကို ခေါင်းထဲထည့်ဖို့ မလုပ်တတ်တဲ့သူတွေကတော့ တကယ့်ကို မိန်းကလေးတွေကို စိတ်လုံခြုံမှု ပေးတဲ့သူလည်း ဖြစ်ပါတယ်။ ဒီလိုလူမျိုးတွေက သိပ်ကို ပြီးပြည့်စုံတဲ့ ခင်ပွန်းကောင်းပီသူတွေပဲ ဖြစ်ပါတယ်။

Kham


#ခင်ပွန်း
#Photo
#ချစ်သူ
#သူကောင်း
#အလုပ်

Some text some message..