
ယနေ့ခေတ်မှာ ဖောက်ပြန်တယ်ဆိုတာဟာ တော်တော်များများ မကြာခဏဆိုသလို ကြားနေရတဲ့စကားလုံးပဲ ဖြစ်ပါတယ်။ ဖောက်ပြန်တယ်ဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ဖောက်ပြန်ရုံတင်မက စိတ်ပိုင်းဆိုင်ရာကနေလည်း ဖောက်ပြန်နိုင်ပါတယ်။ အမျိုးသား ၄၅% နဲ့ အမျိုးသမီး ၃၅% ဟာ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်ကြတယ်လို့ လေ့လာသူများကဆိုပါတယ်။ ခုဖော်ပြပေးမှာကတော့ မသိစိတ်ထဲကနေ ဖောက်ပြန်နေပြီဆိုတာ သိနိုင်မယ့် လက္ခဏာတွေပဲဖြစ်ပါတယ်။
(၁) ဆန့်ကျင်ဖက်လိင်တွေနဲ့ လိုတာထက်ပိုရင်းနှီးနေတယ်
ချစ်သူရှိနေတဲ့သူတစ်ယောက်ဟာ တခြားဆန့်ကျင်ဖက်လိင်နဲ့ လိုတာထက်ပိုပြီး ရင်းနှီးနေတယ်ဆိုရင်တော့ ဒါဟာ ရိုးသားတယ်လို့ ပြောလို့မရပါဘူး။ တစ်ယောက်နဲ့တစ်ယောက် စကားတွေအမြဲပြောတာ၊ ဖုန်းတွေခဏခဏဆက်တာ၊ လိုင်းပေါ်မှာ အမြဲလိုလိုစကားပြောဖြစ်တာ၊ တစ်ယောက်အကြောင်းတစ်ယောက် အတွင်းကျကျပြောပြဖြစ်နေတာမျိုးတွေဟာ ရိုးရိုးသားသားခင်တာထက်ပိုပါတယ်။ မသိစိတ်ကနေ ဖောက်ပြန်နေတာဖြစ်ဖို့ များပါတယ်။
(၂) ပေါ်တင်မပြောရဲဘူး

dimaberlin/Freepik
သင်ဟာ သင့်ချစ်သူရှေ့မှာ တခြားသူတစ်ယောက်နဲ့ ဖုန်းပြောရမှာ၊ စာရိုက်ရမှာမျိုးတွေကို တစ်မျိုးကြီးခံစားနေရတယ်၊ မမြင်စေတဲ့ ခံစားချက်တွေရှိနေတယ်ဆိုရင် ဒါဟာမရိုးသားခြင်းပါပဲ။ ချစ်သူမဟုတ်တဲ့သူနဲ့ နှစ်ကိုယ်ကြား ခံစားချက်တွေပြောစရာရှိနေတယ်ဆိုတာ မသိစိတ်ကနေဖောက်ပြန်ခြင်းပဲဖြစ်ပါတယ်။
(၃) ချစ်သူမကောင်းကြောင်းကိုတခြားသူကိုပြောတယ်
ချစ်သူနဲ့ရန်ဖြစ်တဲ့အခါတွေ၊ ချစ်သူနဲ့ပတ်သက်တဲ့ မကောင်းကြောင်းတွေနဲ့ ရင်ထဲက မကျေနပ်မှုတွေကို ဆန့်ကျင်ဖက်လိင်ဆီမှာ ပြောနေမိတယ်ဆိုရင်ဒါဟာ မသိစိတ်ထဲကနေ ဖောက်ပြန်နေတာပဲဖြစ်ပါတယ်။ သူ့ဆီကသနားခံချင်၊ ဂရုစိုက်ခံချင်နေပြီး ချစ်သူဆီကမရတဲ့ ဂရုစိုက်မျိုးကို သူ့ဆီကနေလိုလားနေလို့ ဒါတွေကို ရင်ဖွင့်မိနေခြင်းဖြစ်ပါတယ်။
(၄) လျှို့ဝှက်သူငယ်ချင်းရှိတယ်
ချစ်သူတွေဟာ တစ်ယောက်အကြောင်း တစ်ယောက်အကုန်လုံး သိရမယ်တော့မဟုတ်ပေမယ့် ကိုယ့်မိတ်တွေ၊ သူ့မိတ်ဆွေတွေကိုတော့ မိတ်ဆက်ပေးကြတာ သဘာဝပါပဲ။ တကယ်လို့ ချစ်သူရှိနေတဲ့သူတစ်ယောက်မှာ သူ့ချစ်သူမသိတဲ့ ရင်းနှီးတဲ့သူငယ်ချင်းမျိုး၊ ချစ်သူကိုပေးသိလို့မကောင်းတဲ့ သူငယ်ချင်းမျိုးရှိနေတယ်ဆိုရင်တော့ ဒါဟာ မသိစိတ်ကနေ ဖောက်ပြန်နေတာပဲဖြစ်ပါတယ်။
(၅) ချစ်သူအပေါ်တခြားသူနဲ့နှိုင်းလာတယ်

paranyu/ freepik
တစ်ယောက်နဲ့တစ်ယောက်ချစ်နေတုန်းမှာတော့ အပြစ်တွေမမြင်ကြသလောက်၊ အချစ်တွေလျော့လာတဲ့အခါမှာတော့ အရင်ကထက်ပိုပြီး အပြစ်တွေကို မြင်လာကြတာ သဘာဝပါပဲ။ တကယ်လို့ လူတစ်ယောက်ဟာ သူ့ရဲ့ချစ်သူကို အခြားတစ်ယောက်နဲ့ယှဉ်ပြီး အပြစ်တွေမြင်လာတယ်၊ စိတ်တိုင်းမကျတာတွေများလာတယ်ဆိုရင် အဲ့ဒီလူကို မသိစိတ်ထဲကနေ လိုချင်တပ်မက်နေလို့ပါ။ မသိစိတ်ကနေ ဖောက်ပြန်နေတယ်လို့ ဆိုနိုင်ပါတယ်။
Em Em