ဘယ်သွေးအမျိုးအစားကို ချစ်သူတော်ကြမလဲ
moda.com.mm
|
2020-11-02

ခုမှစပြီးအပြင်မှာဆုံတွေ့ဖူးတဲ့ ချစ်သူဆီကနေ ဘာသွေးအမျိုးအစားလဲလို့အမေးခံရလို့ အူကြောင်ကြောင်ဖြစ်သွားတာမျိုးကြုံဖူးကြလား? အရမ်းစိတ်မရှူပ်သွားပါနဲ့ ။ ဒီမေးခွန်းက အာရှစုံတွဲတွေရဲ့ First Date မှာ အရမ်းကိုခေတ်စားလာတဲ့ မေးခွန်းတစ်ခုဖြစ်နေတာကြောင့်ပါပဲ။ ဒီနေ့ခေတ်လို ပြသနာတိုင်း ကိစ္စရပ်တိုင်းကို အလွယ်တကူမြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်နေပြီး အချိန်ကိုတန်ဖိုးအရမ်းထားတဲ့ခေတ်ကြီးမှာ ဘယ်သူကမှ ကိစ္စတစ်ခု၊မေးခွန်းတစ်ခုအပေါ်အချိန်အကြာကြီးယူပြီး အဖြေမထုတ်ချင်ကြပါဘူး။ ဒါကြောင့် အာရှတချို့နိုင်ငံတွေမှာ သွေးအမျိုးအစားဟာ လူတစ်ယောက်ရဲ့ အတွင်းပင်ကိုယ်စရိုက်ကို အများကြီးထင်ဟပ်နေတယ်လို့ လက်ခံယူဆထားကြပြီး သူကကိုယ်နဲ့ရေရှည်အဆင်ပြေနိုင်မပြေနိုင်ကို သွေးအမျိုးအစားနဲ့ပဲ ယေဘုယျအားဖြင့် ခန့်မှန်းလာကြပါတယ်။သိပ္ပံသဘောတရားအရ တိကျတဲ့အဖြေတွေနဲ့လက်ခံထားတာမျိုးတော့မဟုတ်ပေမယ့် အာရှနိုင်ငံအတော်များများကတော့ ဗေဒင်တွေနက္ခတ်တွေကိုယုံကြည်ကြသလိုပဲ သွေးအမျိုးအစားနဲ့ပတ်သက်ပြီးတော့လည်း ယုံကြည်ချက်တစ်ခုအနေနဲ့လက်ခံထားကြတယ်လို့ဆိုရမှာပါ။ သွေးအမျိုးအစားအလိုက် မတူကွဲပြားတဲ့အမူအကျင့်နဲ့ စရိုက်လက္ခဏာတွေရှိကြတာကြောင့် ဒီအချက်ကိုကြည့်ပြီးတော့ပဲ ခုမှစတွေ့ဖူးတဲ့သူတစ်ယောက်ဟာ ရေရှည်မှာ ကိုယ်နဲ့အသင့်တော်ဆုံးသူတစ်ယောက်ဖြစ်လာနိုင်မလား ကိုယ်နဲ့လက်တွဲဖို့အဆင်မပြေနိုင်ဘူးလား ဆိုတာကို ကောင်းကောင်းရွေးချယ်နိုင်ကြပါလိမ့်မယ်။


BLOOD TYPE A




A သွေးပိုင်ရှင်တွေဟာ ယေဘုယျအားဖြင့် ဆုံးဖြတ်ချက်ခိုင်မာတယ်၊ရိုးသားတယ်၊တည်ငြိမ်အေးဆေးတယ်၊ဖန်တီးမှူအားကောင်းတယ်၊လက်တွေ့ဆန်ပြီး ခေါင်းရှူပ်မခံနိုင်တဲ့သဘောသဘာဝမျိုးရှိတဲ့သူမျိုးတွေပါ။ ဒီအချက်တွေအရ သူတို့ဟာ ရုတ်တရက် ဖြစ်တည်လာတဲ့ ခံစားချက်မျိုးနဲ့ လူတစ်ယောက်ကိုလွယ်လင့်တကူချစ်မယ့်လူစားမျိုးတွေမဟုတ်ဘူးလို့ဆိုလို့ရပါတယ်။ ဆုံးဖြတ်ချက်ခိုင်မာတဲ့သူမျိုးတွေဖြစ်တာကြောင့် အကောင်းဆုံးဘဝလက်တွဲဖော်အဖြစ်သတ်မှတ်နိုင်ပြီး သူတို့ဟာ တစ်စုံတစ်ယောက်ပေါ်ကို ယုံကြည်ဖို့ခဲယဉ်းသလို သူတို့ရဲ့ခံစားချက်ကိုလည်းတော်ရုံထုတ်မပြတတ်ကြပါဘူး။ပြောရရင် မြင်မြင်ချင်းအချစ်ဆိုတာမျိုးနဲ့ ဘယ်တော့မှချစ်မှာမဟုတ်တဲ့လူစားမျိုးတွေပါ။ ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်ကိုတော်ရုံချစ်ဖို့ခဲယဉ်းသလို သူတို့တကယ်ချစ်မိသွားပြီဆိုရင် နက်နက်ရှိုင်းရှိုင်းနဲ့သံယောဇဉ်တွယ်တတ်ကြတဲ့သူတွေမို့ ခံစားရမှာကို စိုးရိမ်တတ်ကြတာကြောင့်ပါပဲ။


BEST MATCH: Blood Type O

Aသွေးရဲ့အသင့်တော်ဆုံးလက်တွဲဖော်ကတော့ O သွေးပါ။ အိုသွေးပိုင်ရှင်တွေဟာ လုံခြုံစိတ်ချရတဲ့ခံစားမှူကိုပေးနိုင်တဲ့သွေးအမျိုးအစားပိုင်ရှင် တွေဖြစ်တာကြောင့် A သွေးအတွက်တော့ အလိုက်ဖက်ဆုံးလို့ဆိုလို့ရပါတယ်။


WORST MATCH: Blood Type B

မတွဲဘက်သင့်တဲ့ သွေးအမျိုးအစားကတော့ B သွေးပါ။ B သွေးပိုင်ရှင်တွေဟာ လွတ်လပ်ပြီး ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်တဲ့ Lifestyle ကိုနှစ်သက်ကြတာကြောင့် A သွေးအတွက်တော့ ဆန့်ကျင်ဘက် အမူအကျင့်ပိုင်ရှင်တွေဖြစ်တယ်လို့နိုင်ပါတယ်။


BLOOD TYPE B




B သွေးကတော့ A သွေးပိုင်ရှင်တွေနဲ့လုံးဝကိုဆန့်ကျင်ဘက်လို့ဆိုရမှာပါပဲ။ အပေါ်မှာပြောခဲ့သလိုပဲ ပျော်ပျော်နေတတ်တယ်၊ပေါင်းသင်းဆက်ဆံရေးကောင်းတယ်၊ လူမှူကျင့်ဝတ်တွေနဲ့ တင်းကြပ်ချုပ်နှောင်မှူတွေကိုမုန်းတယ်။ တခါတရံမှာ တာဝန်ကြီးတစ်ခုယူထားရသလိုခံစားချက်မျိုးကိုမနှစ်သက်သလို တစ်ကိုယ်ကောင်းဆန်တဲ့စိတ်လေးအနည်းအကျဉ်းရှိတတ်တယ်လို့ဆိုရမှာပါ။ သူတို့ဟာ စိတ်လှုပ်ရှားစရာ စွန့်စားမှူဆန်ဆန်အချစ်မျိုးကိုပိုသဘောကျတတ်ပြီး ရိုးရှင်းတည်ငြိမ်ပြီးပျင်းစရာကောင်းတဲ့အချစ်ဇာတ်လမ်းမျိုးကိုရင်မခုန်တတ်ကြပါဘူး။ ရှင်းရှင်းပြောရရင်တော့ social ကျကျနဲ့လွတ်လပ်ပျော်ရွှင်စွာနေတတ်ပြီး ရည်းစားများတတ်တဲ့ သဘောသဘာဝရှိတာမို့ long term relationship ကို တော်တန်ရုံ သဘောမကျတတ်တဲ့ သွေးအမျိုးအစားပိုင်ရှင်တွေလို့ဆိုနိုင်ပါတယ်။


BEST MATCH: Blood Type O or AB

အသင့်တော်ဆုံးလက်တွဲဖော်ကတော့ O သွေးနဲ့ AB သွေးပိုင်ရှင်တွေပါ။ O သွေးပိုင်ရှင်တွေဟာ လူတွေနဲ့သဟဇာတဖြစ်လွယ်သလို လိုက်လျောညီထွေနေတတ်တာကြောင့် B သွေးနဲ့အရမ်းကိုပနံသင့်နိုင်တဲ့သွေးအမျိုးအစားဖြစ်ပြီး AB သွေးသမားတွေကတော့ အကျိုးသင့်အကြောင်းသင့်တွေးခေါ်တတ်သူမျိုးတွေဖြစ်တာကြောင့် B သွေးနဲ့အဆင်ပြေအောင်နေနိုင်ပါလိမ့်မယ်။


WORST MATCH: Blood Type A

အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲ အဆင်မပြေနိုင်ဆုံးလက်တွဲဖော်ကတော့ A သွေးပါ။ B သွေးရဲ့ လွတ်လပ်မှူကိုမြတ်နိုးတဲ့အမူအကျင့်ကို A သွေးကဘယ်လိုမှသဘောကျလက်ခံနိုင်မှာမဟုတ်ပါဘူး။ A သွေးဘက်က ပြုပြင်ဖို့ကြိုးစားရင်း B သွေးဘက်ကရုန်းထွက်ဖို့ကြိုးစားရင်းနဲ့ နှစ်ဦးစလုံးက မတူညီတဲ့လားရာနှစ်ခုကိုပဲအမြဲ သွားနေကြမှာပါပဲ။


BLOOD TYPE AB




AB သွေးပိုင်ရှင်တွေကတော့ လိုက်လျောညီထွေမှူနဲ့ မပြတ်သားမှူတွေကြားမှာရှိနေတဲ့ အတွေးအခေါ်သမားတွေလို့ဆိုရမှာပါ။ ငွေကြေးပေါ်မှာရော ချစ်ခြင်းမေတ္တာအပေါ်မှာပါ လောဘအနည်းဆုံးသူမျိုးတွေပါပဲ။ နှလုံးသားထက် ဦးနှောက်ကိုဦးစားပေးသူတွေဖြစ်ပြီး သူတို့က အရာရာတိုင်းပေါ်မှာ အကျိုးသင့်အကြောင်းသင့် တွေးခေါ်တတ်ကြပါတယ်။လူတစ်ယောက်နဲ့ စပြီးဆုံတွေ့ပြီဆိုရင် တစ်ဘက်လူရဲ့အမူအကျင့်အတိုင်းအလိုက်သင့်နေဖို့ မခဲယဉ်းတဲ့အတွက်နှစ်ဦးနှစ်ဖက်အဆင်ပြေဖို့လွယ်ကူပေမယ့် သူတို့ရဲ့ ဦးနှောက်ကိုဦးစားပေးပြီး ဆုံးဖြတ်ချက်အလွယ်တကူမချနိုင်တဲ့၊ မပြတ်သားတဲ့သဘာဝကြောင့်ပဲ အဲဒီလူတစ်ယောက်နဲ့ ချစ်သူအဖြစ် relationship တစ်ခုတည်ဆောက်ဖို့ရာ ခဲယဉ်းသွားစေပြန်ပါတယ်။


BEST MATCH: Blood Type AB

AB သွေးပိုင်ရှင်တွေနဲ့အသင့်တော်ဆုံးကတော့ AB သွေးပိုင်ရှင်တွေကိုယ်တိုင်ပါပဲ။ AB သွေးသမားတွေဟာ လိုက်လျောညီထွေနေနိုင်တယ်၊ ပေါင်းသင်းဆက်ဆံရေးအဆင်ပြေတယ် ၊သူတို့ရဲ့ သဘောထားပြည့်ဝမှူနဲ့ တစ်ဘက်သားအပေါ်နားလည်မှူတွေကြောင့် သွေးအမျိုးအစားတူအချင်းချင်းဆို အတိုင်းထက်လွန်တည်မြဲတဲ့ relationship ကိုပိုင်ဆိုင်နိုင်မှာအသေအချာပါပဲ။


WORST MATCH: Blood Type O

AB သမားတွေဟာ B သွေးပိုင်ရှင်တွေနဲ့ အကောင်းဆုံးမိတ်ဆွေသူငယ်ချင်းတွေဖြစ်နိုင်ပေမယ့် ချစ်သူအနေနဲ့တော့အရမ်းအဆင်မပြေလှပါဘူး။ O သွေးရဲ့စိတ်မြန်လက်မြန်ရှိမှူနဲ့ AB သွေးရဲ့ Calm ဖြစ်မှူဟာ ရေရှည်မှာ ပြသနာလေးတွေဖြစ်လာနိုင်တဲ့အဓိကအချက်ပါ။


BLOOD TYPE O




O သွေးတွေကတော့ ခင်မင်တတ်ပြီး ပေါင်းလို့ကောင်းတဲ့လူစားမျိုးတွေပါ။ ပေါင်းသင်းဆက်ဆံရေးကောင်းရုံတင်မက အရမ်းရက်ရောတတ်သလို ဇွဲလည်းရှိကြပါတယ်။အနာဂါတ်အပေါ်အရမ်းယုံကြည်မှူပြည့်ဝလွန်းတာကြောင့် တခါတရံမှာ အလှမ်းကျယ် အလယ်လပ်တာမျိုးဖြစ်ပေမယ့် အဲဒီအချက်ကပဲ မထင်မှတ်ထားတဲ့ တချို့အရာတွေကိုထပ်မံဖန်တီးဖို့ အကြောင်းဖန်လာနိုင်ပါသေးတယ် ။ Relationship အနေနဲ့ကြည့်မယ်ဆိုရင်လည်း သူတို့ရဲ့ ချစ်သူအပေါ်မှာ ဖြစ်ပေါ်တဲ့ခံစားချက်တွေကို ဖော်ပြဖို့ရှက်ရွံ့တတ်ကြသူတွေမဟုတ်သလို ခဏခဏလည်း နည်းအမျိုးမျိုးနဲ့ ဖော်ပြတတ်ကြတဲ့သူမျိုးတွေပါပဲ။


BEST MATCH: Blood Type A

O သွေးတွေရဲ့ လိုက်လျောညီထွေနေတတ်တဲ့သဘောသဘာဝအရ အားလုံးနဲ့အဆင်ပြေနိုင်ပေမယ့် အလိုက်ဖက်ဆုံးသွေးအမျိုးအစားကတော့ A သွေးပါ။ အကြောင်းကတော့ A သွေးသမားတွေကိုယ်တိုင်က ကိစ္စတစ်ရပ်အပေါ်မှာပင်ကိုယ်အားစိုက်ထုတ်မှူရှိသလို O သွေးရဲ့ Relationship နဲ့ပတ်သက်လို့ ဦးဆောင်မှူအပေါ်မှာလည်း သဘောကျလက်ခံပေးတတ်ကြတဲ့သူတွေမို့ပါ။ A သွေးသမားတွေရဲ့စိတ်ခံစားချက်ကို အကောင်းဆုံးဝေမျှပေးနိုင်တာ O သွေးပိုင်ရှင်တွေပါပဲ။


WORST MATCH: None

ပေါင်းသင်းဆက်ဆံရေးကောင်းမှူကြောင့် O သွေးသမားတွေနဲ့မတည့်တဲ့သူဆိုတာ မရှိသလောက်ရှားပါတယ်။ ဘယ်သွေးအမျိုးအစားနဲ့မဆို အကောင်းဆုံးလက်တွဲဖော်ဖြစ်နိုင်တဲ့ ထူးထူးခြားခြား Blood Type သမားတွေပါပဲ။

Photo Credit to the Rightful Owners


#AB
#ပိုင်ရှင်
#အမျိုးအစား
#BEST
#အမူအကျင့်

Some text some message..