ချစ်သူကို သူ့အရင် Ex နဲ့ တစ်ချိန်လုံး သဝန်တိုမိနေရင် ဘာလုပ်ရမလဲ..?
auntymay.com
|
2020-11-04

ကိုယ့်ချစ်သူက သူ့ Ex နဲ့ ကလည်း လက်ရှိမှာ ကင်းကင်းရှင်းရှင်း နေ နေ ပေမယ့်လည်း ချစ်သူကို သူ့ Ex နဲ့ တစ်ချိန်လုံး သဝန်တို မိနေလား..?။ ဒီလို အဖြစ် မျိုးနဲ့ ကြုံ နေတာ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ချစ်သူကို အရမ်းချစ်တဲ့ မိန်းကလေး တိုင်း ဒီလို အ ခြေ အ နေ မျိုး နဲ့ ကြုံ ဖူး ပါတယ်။လက်ရှိမှာ ဖောက်ပြန် နေတာ တော့ မဟုတ်ပေမယ့် လည်း ချစ်သူကို သူ့အရင် Ex နဲ့ တစ်ချိန်လုံး သဝန် တို နေ မိ တယ်ဆိုရင် တော့ ဒီအချက် လေးတွေ နဲ့ ကိုယ့်ကိုယ်ကို ပြန် ဆန်းစစ်ကြည့်ပါလို့ အကြံပြု ပါရစေ။

(၁)အကြောင်းအရင်းကို ရှာပါ

Image:pixabay/user:Free-Photos

ပြဿနာ တစ်ခု ဖြစ်လာရင် ဒါကို ဖြေရှင်းဖို့ ဒီကိစ္စ ဘယ်က စ လာလဲ ဆိုတာကို စဉ်းစားအ ဖြေရှာကြည့်ပါ။တစ်ခါ တလေ ကျ တော့ လည်း အရင် Ex အ ကြောင်းတွေကို ပြန် မေးရင်း နဲ့ စ ကြ နောက် ကျ ရာ ကေ န ဒါကြီးက မေ့လို့ မရတော့ ပဲ စိတ်ထဲမှာ တနုံ့ နုံ့ ကျန် နေတာ မျိုး လည်း ရှိပါတယ်။ဒါ ကြောင့် ဒီကိစ္စ က ချစ်သူကို စစ နောက်နောက် နဲ့ Ex အ ကြောင်းတွေ ပြန် မေးရင်း ဒီပြဿနာ စ တာလား ဆိုတာ စဉ်းစားပါ။ဒါမှ မဟုတ် ချစ်သူ ဘက်က Ex နဲ့ ပတ်သက်ပြီး အမျှင် မပြတ်တဲ့ အရိပ်အ ယောင်တွေ ကြောင့်လည်း၊သူ့အရင် Ex က သင် သဝန်တိုလာအောင် တစ်ခုခု လုပ်တာ ကြောင့် လား….. ဒီသဝန်တို တဲ့ ပြဿနာ ပေါ်လာရတဲ့ တကယ့်အ ကြောင်းအရင်းကို ရှာပါ။

(၂)Ex က ကိုယ့်ထက် သာ နေတာလား

Image:.freepik.com/freepik

ဒါက တော့ ကိုယ့် ကိုယ်ကို မညာ တမ်းေ မးရမှာပါ။အပေါ်မှာ ပြောခဲ့သလို Ex နဲ့ ပြန်ဆက် နေတာလည်း မဟုတ်၊ဟိုဖက်ကလည်း လာ ဆက် နေတာ မဟုတ်ရင် နောက်ထပ် ဖြစ်နိုင်ချေ က သူ့ Ex က ကိုယ့်ထက် သာ နေတာ လား ဆိုတာကို စဉ်းစားပါ။သူ့အရင် Ex က ကိုယ့်ထက် ရုပ်ရည်၊ပညာအရည် အချင်း၊ငွေကြေး အကုန် သာ နေလု့ိ များ ကိုယ့်ရဲ့ သိမ်ငယ်စိတ်ကြောင့် ဒီ ပြဿနာ ပေါ်လာ ရတာ လားဆိုတာကို စဉ်းစားပါ။တကယ်လို့ များ ဒီအ ချက်ကြောင့် ဆိုရင် တော့ လူတစ်ယောက် နဲ့ တစ်ယောက်မှာ အားနည်းချက် အားသာချက် ဆိုတာရှိပါတယ်။လူတစ်ယောက်က တခြား တစ်ယောက် ထက် အစစ အရာရာ သာနေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။တစ်ခါ တလေမှာတော့ အပေါ်ယံ အမြင် လောက်က ကြည့်ရင် သာတယ်လို့ ထင် ကောင်း ထင် နေ ရပေမယ့် လက်တွေ့မှာ အဲ့လို မဟုတ်တာေ တွ အများကြီးပါ။ကိုယ့်ကိုယ့်ကိုယ် ယုံကြည်စိတ်မွေးပါ။

(၃)လက်ရှိ အချိန်ကို မြင်အောင် ကြည့်ပါ

Image:freepik.com/taras-nagirnyak

အနာဂါတ် အရေးေ တွး နေရမယ့် အချိန်မှာ အတိတ်ကို ပြန် တူးဆွ နေတာ မျိုးက သင့်စိတ်ကို ပင်ပန်း စေပါတယ်။အတိတ်ကို ပြန် တူး နေ မယ့် အစား လက်ရှိ ပစ္စုပ္ပန် ကို ပဲ တည့် တည့် ကြည့်ပါ။လက်ရှိမှာ သင့်ချစ်သူက သင့်ကို ရွေးချယ် ခဲ့ပြီးပါပြီ။ပြီးခဲ့တဲ့ ဇာတ်လမ်း မှာ ကိုက လက်တွဲ ဖို့ အဆင် မ ပြေ လို့ သူတို့တွေ လမ်းခွဲ ခဲ့ ကြ လို့ သင်နဲ့ တွေ့ပြီး အခု လက်တွဲ နေတာပါ။အခု သူ့ အနားမှာ ရှိနေတဲ့ မိန်းကလေး က အဲ့ဒီ Ex ဆိုတဲ့ မိန်းမ မဟုတ်ပါဘူး။သင် ကိုယ်တိုင်ပါ။ဒီအချက်ကို မမေ့ပါနဲ့။

(၄)Stalker မလုပ် ပါနဲ့

Image:freepik.com/drobotdean

သံသယစိတ်၊သံသယ မျက်လုံးနဲ့ လိုက်ကြည့်ရင်တော့ တစ်ခါ တလေ မှာ လူတိုင်းကို ရာဇဝတ်သားလို့ပဲ မြင် နေ မှာ သေချာပါတယ်။ကိုယ့်ရဲ့ သဝန်တို စိတ် ကြောင့် ချစ်သူ Ex ရဲ့ အ ကောင့်တွေ ထဲ ဝင် ကြည့်ပြီး ဟိုက ဘာ တင်တင် ကိုယ့် စောင်း တင် တယ် ထင် နေတာ မျိုး၊တစ်ဖက် က အောင်မြင်မှုတွေ ကို ကြည့်ပြီး တစ်ယောက် တည်း Depression ဝင် နေတာ မျိုးက ကိုယ့်ကိုယ်ကို ပင်ပန်း စေပါတယ်။ဒါကြောင့် ချစ်သူကို သဝန်တိုစိတ် ကြောင့် သူအရင် Ex ကို သွားပြီး Stalk လုပ် တာ မျိုးေ တွ မလုပ်ပါနဲ့။ကိုယ့်ဘ၀ ကိုပဲ ပျော်အောင် နေပါ။

(၅)အကျိုး အကြောင်း ကို ဆွေးနွေး

Image:freepik.com/master1305

သဝန်တိုပြီး အရူးချီးပန်း လျှောက် ပြော နေတာ မျိုး မဟုတ်ပဲ ချစ်သူနဲ့ လေးလေး နက်နက် သေချာ ဆွေးနွေးပါ။သင့် စိတ်ထဲမှာ သူ့ အရင် Ex ကို မမေ့နိုင်သေးဘူး၊ဖောက်ပြန် နေတယ် ထင် နေရင် . မျက်နှာ ချင်းဆိုင် တစ်ခါတည်း မေးပါ။Ex နဲ့ ပတ်သက်ပြီး အမှတ်တရ ပစ္စည်းတွေ သိမ်း ထားတာမျိုး တွေ ၊မက်ဆေ့ခ်ျ တွေ သိမ်း ထားတာ မျိုး.. သင့်စိတ်ကို အဆင် မပြေ စေတဲ့ အရာ တွေ များ ရှိ နေရင် သူ့ကို ပေါ် တင် ထုတ်ပြော ပါ။တစ်ခါ တလေ ကျ တော့ သူ့ဘက်က Ex ကို စွဲလန်း နေလို့ မဟုတ်ပဲ အရေး မကြီး ဘူးထင်ပြီး အမူမဲ့ အမှတ်မဲ့ နဲ့ လုပ်မိနေတာ မျိုးတွေ လည်း ရှိ နေနိုင်ပါတယ်။သင့် ဘက်က ကြည့်တော့ လည်း ဒါတွေ က စိတ်ထိခိုက် ခိုက်စရာ ဖြစ်နေ ခဲ့ရင် ဒါတွေက သေချာ မျက်နှာ ချင်းဆိုင် ပွင့်ပွင့်လင်းလင်း ပြောပါ။ဆွေးနွေး အဖြေရှာ ကြည့်ပါလို့ ပဲ တိုက်တွန်းချင်ပါတယ်။

#AUNTYMAY


#ချစ်သူ
#အတိတ်
#ပြဿနာ
#အရင်း
#သံသယ

Some text some message..