စိတ်ကောက်နေတဲ့ ကိုယ့်ကောင်လေးကို အမြန်ဆုံး စိတ်ကောက်ပြေသွားစေမယ့် နည်းလေးများ
auntymay.com
|
2020-11-04

မိန်းကလေးတွေပဲ စိတ်ကောက်တတ်တာ မဟုတ်ပါဘူး။ ကောင်လေးတွေကလည်း စိတ်ကောက်တတ်ပါသေးတယ်။ ကိုယ့်ချစ်သူကို စိတ်ဆိုးပေမယ့် အရမ်း ဒေါသထွက်တဲ့ အခြေအနေမျိုး မဟုတ်တဲ့အခါမျိုးမှာ ကောင်လေးတွေက စိတ်ကောက်တတ်ကြပါတယ်။ ကိုယ့်ကောင်လေး စိတ်ဆိုးနေတဲ့အခါ၊ စိတ်ကောက်နေတဲ့အခါမှာ ရန်ပြန်ဖြစ်မယ့်အစား ဒီလိုနည်းလေး သုံးပြီး ချော့လိုက်လို့ ရပါတယ်နော်။


ထပ်မလုပ်တော့ကြောင်း ပြောပါ

ကိုယ့်ကောင်လေးက သူ မကြိုက်တဲ့အရာ တစ်ခုခုကို ကိုယ်က လုပ်မိမှသာ စိတ်ဆိုးတတ်ကြတာမျိုးပါ။ ဒီတော့ ကိုယ့်ဘက်က သူ့ကို အလေးထားကြောင်း ပြန်ပြပေးဖို့တော့ လိုပါတယ်။ မကြိုက်တာ ထပ်မလုပ်တော့ပါဘူးလို့ မျက်နှာငယ်လေးနဲ့သာ ပြောကြည့်လိုက်ပါ။ သင့်ကောင်လေးက သင့်ကို ပြန်ပြီးတောင် စိတ်ဆိုးဆိုးနဲ့ ချော့ရင် ချော့နေမှာပါနော်။


katemangostar/Freepik


ခွင့်လွှတ်ပေးဖို့ ပြောပါ

တစ်ခါတစ်လေ သူ မကြိုက်တဲ့အရာကို လုပ်မိတယ်ဆိုပေမယ့် အကြိမ်ရေ နည်းနေတာ ဒါမှမဟုတ် ပထမဆုံး ဖြစ်တာဆိုရင် မထင်မှတ်ဘဲ လုပ်မိကြောင်း မကြိုက်တာကို လုပ်မိပါတယ်ဆိုပြီး တစ်ခါလောက်လေးကို ခွင့်လွှတ်ပေးလို့ မရဘူးလား စသဖြင့် ပြောကြည့်ပါ။ ဝမ်းနည်းနေတဲ့ ပုံစံလေးသာ ပြောလိုက်ရင် သင့်ကောင်လေးက စိတ်ဆိုးရက်မှာတောင် မဟုတ်တော့ပါဘူးနော်။


beststudio/Freepik


သဘောပါလို့ ပြောကြည့်ပါ

ကောင်လေးတွေကို စိတ်ကောက်တဲ့အခါမှာ မိန်းကလေးတွေဘက်ကနေ ပြန်မချော့ဘဲ ထားတဲ့နည်းကလည်း ချော့ရာ ရောက်ပါသေးတယ်နော်။ အင်းပါ စိတ်ဆိုးသင့်ပါတယ်လေ ဆိုပြီး ကိုယ့်အပြစ်နဲ့ ကိုယ်ပေါ့ စိတ်ဆိုးခံရမှာပဲလေ လို့ ဆက်ပြောပြီး ဘာမှ မပြောဘဲ နေလိုက်ပါ။ သူ့ဘာသာ သင့်ကို စိတ်ပြေသွားပါလိမ့်မယ်နော်။


yanalya/Freepik


ငိုပါ

ကိုယ့်ချစ်သူ မျက်ရည်ကျတာကို ဘယ်ကောင်လေးကမှ မကြည့်ရက်ကြပါဘူးနော်။ ဒီအချက်ကတော့ သူ စိတ်ဆိုးနေတဲ့အချိန် ထုတ်သုံးလို့ အသင့်တော်ဆုံးပါပဲ။ ကိုယ့်ချစ်သူက ကိုယ့်ကို စိတ်ဆိုးနေလို့ စိတ်မကောင်းဖြစ်ပြီး ငိုနေတဲ့ အခြေအနေကို ချစ်သူကောင်လေးကို ပေးပြီး မြင်လိုက်စေမယ်ဆိုရင် သင့်ကို သူက စိတ်ပြေသွားပြီး ပြန်ချော့ပါလိမ့်မယ်။


drobotdean/Freepik


ချွဲပါ

ကောင်လေးတွေမှာ ချစ်သူ ကောင်မလေးတွေနဲ့ ပတ်သတ်ရင် အားနည်းသွားတတ်တဲ့ အမူအရာတွေ ရှိပါတယ်။ ဆူပုတ်ပြီး ပြောလိုက်ရင် စိတ်ပျော့သွားတာ၊ ငိုပြီး ချွဲလိုက်ရင် စိတ်ပျော့သွားတာ စတဲ့ အားနည်းချက်လေးတွေ ရှိပါတယ်။ ဒီတော့ သူ့ရဲ့ အားနည်းချက် တစ်ခုဖြစ်တဲ့ ကိုယ့်အမူအရာနဲ့အတူ သူ့ကို ချွဲပါ။ ဒါက ချက်ချင်းကို စိတ်ပြေသွားစေမှာပါနော်။

Kham


#ကောင်လေး
#ချစ်သူ
#အမူအရာ
#အကြိမ်ရေ
#မိန်းကလေး

Some text some message..