
အရောင်တွေမှာလည်းသူတို့ရဲ့ သဘာဝကိုလိုက်ပြီး ဖွင့်ဆိုထားတဲ့ အဓိပ္ပာယ်အသီးသီးရှိပါတယ်။ ဒီလိုပဲသင်ရွေးချယ်ဝတ်ဆင်လိုက်တဲ့ အဝတ်အစားအရောင်ကလည်းသင် ဘယ်လိုလူလဲ၊ ဘယ်လိုစိတ်နေစိတ်ထားရှိလဲဆိုတာကို ဖော်ပြနေပါတယ်။ အပြည့်အဝကြီးမဟုတ်ရင်တောင် တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ်ပေါ့။ သင်အကြိုက်ဆုံး၊ အဝတ်အများဆုံး Outfit အရောင်လေးတွေက သင့်ရဲ့ စိတ်နေစိတ်ထား၊ အကျင့်စရိုက်နဲ့ အမူအကျင့်လေးတွေကို Represent လုပ်နေတယ်နော်။
ကိုယ်တိုင်ရော ကိုယ့် Favourite အရောင်ကပြောပြတဲ့ Personality Trait လေးတွေက ကိုယ်နဲ့ တကယ်ကိုက်ညီလားဆိုတာကြည့်လိုက်ရအောင်။
အနီရောင်
အနီရောင်က Bold ဖြစ်ပြီး စွမ်းအားကြီးတဲ့ သဘောသဘာဝရှိတယ်။ အချစ်နဲ့Sex ကိုကိုယ်စားပြုသလို စိတ်ကိုပြင်းထန်အောင်လှုံ့ဆော်နိုင်တဲ့ အစွမ်းရှိတယ်။ ဒါကြောင့် အနီရောင်ကိုဝတ်ရတာကြိုက်သူတွေက အများသောအားဖြင့် သတ္တိရှိတယ်။ သူလုပ်တဲ့အလုပ်အပေါ်မှာ Passion အပြည့်နဲ့အလုပ်လုပ်တယ်။ Sex ကိုခုံမင်တယ်။ စိတ်မြန်လက်မြန်ရှိတယ်။ ဒါပေမယ့် သစ္စာရှိပြီး စိတ်ဓာတ်ခိုင်မာတာကလည်း အနီချစ်သူတွေရဲ့ အားကျရလောက်တဲ့ Trait လေးတွေပါ။
အပြာရင့်ရောင်
ဂုဏ်သိက္ခာရှိပြီး အေးဆေးတည်ကြည်တဲ့ ဓာတ်ခံရှိပါတယ်။ အပြာရင့်ရောင်နှစ်သက်သူတွေကတည်တည်ငြိမ်ငြိမ်နဲ့ Calm ဖြစ်တဲ့သူတွေပါ။ ပြုံးတာ ရယ်မောနေတာကိုတွေ့ရခဲတယ်။ ကိုယ်တိုင်ကလည်း အရမ်းယုံကြည်ရသူဖြစ်ပြီး တခြားကိုလည်း လွယ်လွယ်ကူကူမယုံကြည်တတ်ကြပါဘူး။ သူတို့ဆီက Trust ရရှိဖို့ဆိုနှစ်ရှည်လများထိ စိတ်ရှည်ရှည်တည်ဆောက်ရပါတယ်တဲ့။ ဒါပေမယ့် ကိုယ့်အရည်အချင်းတွေအပေါ်ယုံကြည်ပြီး အများနဲ့လည်းစုပေါင်းလုပ်ကိုင်တတ်သူတွေပါ။
အဖြူရောင်
အဖြူရောင်လေးကတော့ အရောင်တွေအားလုံးထဲမှာ အစွန်းလွယ်ဆုံးနဲ့ Innocent အဖြစ်ဆုံးအရောင်လေးပါ။ အဖြူရောင်က လွတ်လပ်မှုနဲ့ အပြုသဘောဆောင်မှုတွေကိုလည်းကိုယ်စားပြုတယ်။ တကယ်လို့သင်က အဖြူရောင်ဝတ်ရတာနှစ်သက်သူဆိုရင်တော့ အရာရာကို အကောင်းဘက်ကရှုမြင်တတ်သူပါ။ သူတို့ရဲ့စိတ်က Pure ဖြစ်ပြီး ကြည်လင်တယ်။ ပတ်ဝန်းကျင်နဲ့သဟဇာတဖြစ်အောင်လည်း Adaptable လုပ်နိုင်တယ်။ သူတို့ဖြစ်ချင်တာကိုလည်းဖြစ်အောင်လုပ်တတ်တဲ့အကျင့်လေးတွေရှိကြတယ်။
ခရမ်းရောင်
ခရမ်းရောင်က အနီရောင်နဲ့အပြာရောင်တို့ရောစပ်ပြီးဖြစ်လာတဲ့အရောင်မို့ အဲ့နှစ်ရောင်လုံးရဲ့ Traits နှစ်ခုလုံးရောယှက်နေတယ်။ အနီလို Passion ဖြစ်သလို အပြာလိုလည်း Calm ဖြစ်တယ်။ ခရမ်းရောင်ဝတ်ရတာကြိုက်သူတွေက တခြားသူတွေနဲ့မတူတဲ့ ပီယဓာတ်ရှိတယ်။ ဒါပေမယ့်ခရမ်းရောင်ချစ်သူလေးတွေရဲ့စိတ်ကခန့်မှန်းရခက်တယ်။ Emotional ဖြစ်သလို Mood Swing တွေကလည်းအရမ်းမြန်တယ်။ တစ်ခါတစ်လေသူတို့ကိုယ်တိုင်ဘာလိုချင်လို့လိုချင်မှန်းမသိပါဘူး။
ပန်းရောင်
ပန်းရောင်ကတော့ အားလုံးသိတဲ့အတိုင်းမိန်းကလေးတို့ရဲ့ အသည်းစွဲအရောင်ပါ။ နူးညံ့သိမ်မွေ့မှု၊ ထိခိုက်လွယ်မှုနဲ့ ကြင်နာတတ်မှုတွေကို ကိုယ်စားပြုပါတယ်။ ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုတဲ့အရောင်ဆိုရင်လည်းမမှားပါဘူး။ ပန်းရောင်ဝတ်ဆင်သူတွေက ချစ်စရာကောင်းတယ်။ ဖက်ရှင်နဲ့ အလှအပပိုင်းဆိုင်ရာကိုအရမ်းစိတ်ဝင်စားကြတယ်။ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေကို အထူးတန်ဖိုးထားကြပါတယ်။ ဒါပေမယ့်တစ်ခါတစ်လေလည်းကလေးဆန်ပြီးစိတ်ကောက်တတ်ကြပါတယ်။
အစိမ်းရောင်
အစိမ်းရောင်ကိုမြင်လိုက်တာနဲ့ ချက်ချင်းစိတ်အေးချမ်းသွားသလိုခံစားရတယ်မလား။ တကယ်တော့အစိမ်းရောင်က လန်းဆန်းခြင်း၊ အသစ်ပြန်လည်မွေးဖွားခြင်း၊ သဘာဝတရားတွေနဲ့လည်းအများကြီးဆက်နွယ်နေတဲ့အရောင်ပါ။ အဲ့ဒါကြောင့်အစိမ်းရောင် ဝတ်ဆင်ရတာကြိုက်သူတွေကြည့်လိုက်ရင်အမြဲတက်ကြွလန်းဆန်းနေတယ်။ အေးချမ်းတယ်။ ပြီးရင် သူတို့ရဲ့အတွေးအမြင်နဲ့စိတ်ကူးစိတ်သန်းတွေကအမြဲ Creative ဖြစ်နေတယ်။
အဝါရောင်
ပျော်ရွှင်ခြင်းရဲ့အရောင်ကတော့ အဝါရောင်လေးလို့ပြောလို့ရပါတယ်။ အဝါရောင်လေးတွေက နွေးထွေးမှုတွေ၊ အောင်မြင်မှုနဲ့ အပြုသဘောဆောင်တဲ့ ကံကောင်းခြင်းတွေကိုသယ်ဆောင်လာပေးနိုင်တယ်။ အဲ့လိုပဲ အဝါရောင်ဝတ်သူလေးတွေကကြည့်လိုက်တာနဲ့လူကြားထဲမှာထင်းနေတယ်။ ဟာသညဏ်ရွှင်တယ်။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကို ပျော်ရွှင်အောင်ပြုလုပ်ပေးနိုင်တယ်။ အမြဲသူငယ်ချင်းတွေတရုန်းရုန်းနဲ့နေနေရတာကိုနှစ်သက်တယ်။သူငယ်ချင်းကောင်းပီသပြီးကူညီဖို့လည်းအမြဲရှိနေတတ်တယ်။
အပြာနုရောင်
မိုးပြာရောင်အပြာနုလေးတွေက လွတ်လပ်ခြင်း နဲ့ငြိမ်းချမ်ခြင်းတွေကိုကိုယ်စားပြုပါတယ်။ အပြာနုရောင်ချစ်သူလေးတွေရဲ့စိတ်ထားကနူးညံ့ပြီး Fair ဖြစ်တာကိုပဲနှစ်သက်ကြတယ်။ သံယောဇဉ်ကြီးပြီး တစ်စုံတစ်ဦးကိုကူညီရင်လည်း ဘာအကျိုးကိုမှ မမျှော်လင့်ဘဲကူညီပေးတတ်သူတွေပါ။ တစ်ကိုယ်ကောင်းမဆန်ဘူး။ ပြီးရင်လက်မှုပညာတွေ၊ Craft လုပ်တာလေးတွေ၊ ပန်းထိုးတာတွေ၊ မုန့်ဖုတ်ရတာတွေကိုနှစ်သက်တယ်။ သူတို့လက်ရာလေးတွေကိုသဘောကျတယ်ဆိုရင်ပဲပျော်နေတတ်ကြတယ်။
မီးခိုးရောင်
မီးခိုးရောင်ကအရောင်တွေထဲမှာ Neutral ကာလာဖြစ်တာမို့ ဘယ်အရာနဲ့မဆို လိုက်လျောညီထွေနေထိုင်တတ်တဲ့ စရိုက်လက္ခဏာရှိတယ်။ မီးခိုးရောင်အဝတ်များတဲ့သူတွေက ဘယ်အရာကိုဖြစ်ဖြစ် စိတ်တွေဝေမနေပဲ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်တတ်တဲ့အကျင့်ရှိတယ်။ စေ့စပ်သေချာတယ်။ အလုပ်အပေါ်မှာလည်း Serious ထားပြီးလုပ်တယ်။ အားလပ်ရက်တွေမှာ Hiking လုပ်တာ၊ ခရီးထွက်ရတာတွေကိုခုံမင်သူတွေပါ။
အနက်ရောင်
အနက်ရောင်က ရင့်ကျက်တည်ငြိမ်ခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုခြင်းတွေရဲ့ပြယုဉ်တစ်ခုလို့ပြောလို့ရပါတယ်။ Elegance ဖြစ်တာနဲ့ Luxry Lifestyle ကိုလည်းဖော်ညွှန်းနေတယ်။ သူတို့ကတစ်ဖက်သားအပေါ် လေးလေးစားစားဆက်ဆံတတ်သူတွေဖြစ်ပြီး အလုပ်ကိုလည်း Professional ကျကျလုပ်တတ်သူတွေပါ။ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ Mindset မျိုးရှိပြီး ဖေးမကူညီတယ်။ သူတို့ရဲ့လျှို့ဝှက်ချက်တွေကိုလည်းတော်ရုံလူတွေကိုမပြောပြပဲ၊ အရမ်းရင်းနှီးပြီး ယုံကြည်စိတ်ချရသူတွေမှပြောပြတတ်တယ်။ ကောင်းမွန်တဲ့ Attitude ပိုင်ရှင်တွေပါ။