ပြုပြင်ထိန်းသိမ်းမှုနည်းတဲ့ ကောင်မလေးတွေနဲ့ Date မလုပ်ခင်မှာ သိထားသင့်တဲ့ အချက် (၁၁)ခု
lifestylemyanmar.com
|
2020-11-06



သင်ကြိုက်နေတဲ့ ကောင်မလေးက နောက်ဆုံးပေါ် ဖက်ရှင်တွေကိုလည်း စိတ်မဝင်စားဘူး၊ မိတ်ကပ်လိမ်းဖို့ကိုလည်း သဘောကျတတ်သူ မဟုတ်ဘူးဆိုရင် မပြုမပြင်ဘဲ ရိုးရိုးရှင်းရှင်းနေရတာကြိုက်တဲ့ the low maintenance girl အမျိုးအစားထဲမှာ ပါနေပါတယ်။ ဒီလိုမိန်းကလေးတွေနဲ့ မဒိတ်ခင်မှာ ကောင်လေးတွေအနေနဲ့ သိထားသင့်တဲ့ အချက်လေးတွေရှိပါတယ်။

၁။ သူမအတွက် အကောင်းဆုံးဒိတ်က သင်နဲ့အတူ အိမ်မှာနေခြင်း ဖြစ်ပါတယ်

ဖန်စီစားသောက်ဆိုင်တွေ၊ ဈေးကြီးတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်တဲ့ မိန်းကလေးတစ်ချို့ရှိပေမယ့် သူမကတော့ အဲ့လိုမိန်းကလေးတစ်ယောက် မဟုတ်ပါဘူး။ သူမက သင်နဲ့အတူ အိမ်မှာနေရတာ၊ သင့်ရှပ်အင်္ကျီကို ယူဝတ်ရတာ၊ Netflix အတူတူကြည့်ပြီး ပီဇာစားရတာကို ကြိုက်နှစ်သက်တဲ့ ကောင်မလေးမျိုးပါ။ သူမချိန်းတွေ့တဲ့ လူတစ်ယောက်ဆီကနေ ဘယ်တော့မှ အလွန်အကျွံ မတောင်းဆိုတတ်ပါဘူး။ သူမက ရိုးရှင်းပေမယ့် ထူးခြားတဲ့သူတစ်ယောက်ပါ။




၂။ Night out ထွက်ဖို့ ပြင်ဆင်တဲ့အခါ သူမအတွက် အချိန်၁၀ မိနစ်သာ လိုပါတယ်

ဒီလိုမိန်းကလေးတစ်ယောက်ဟာ မိတ်ကပ်တွေ၊ ဒေါက်မြင့်ဖိနပ်တွေ၊ ကိုယ်ကျပ်ဂါဝန်တွေ ဝတ်ဆင်တာထက် အချိန်ကောင်းရှိခြင်းက ပိုအရေးကြီးကြောင်း သိပါတယ်။ သူမဟာ Jeans, shirt နဲ့ shoes တွေကိုသာ အရာအားလုံးထက် သဘောကျသူမျိုးဖြစ်ပြီး အားသာချက်တစ်ခုက သူမက ဘာပဲဝတ်ဝတ် အမြဲတမ်းလှပနေတတ်တာပဲ ဖြစ်ပါတယ်။ အဝတ်အစားအကြောင်း သိပ်မထည့်တွက်တဲ့သူ ဖြစ်တာကြောင့် အပြင်ထွက်ဖို့ သူမကိုခေါ်ရင် အဆင်သင့်ဖြစ်ဖို့ ၁၀မိနစ်သာ လိုပါလိမ့်မယ်။

၃။ သူမက သင့်တီရှပ်တွေကို ဝတ်ဆင်ပါလိမ့်မယ်

အိမ်မှာရှိနေချိန်မှာ နွေးထွေးမှုကို ခံစားချင်တယ်။ ဒါ့ကြောင့် သူမက သင့်ဆီ အလည်လာရင်တောင် သင့်တီရှပ်တွေကို ဝတ်ဆင်မှာဖြစ်ပါတယ်။ သူမကို တကယ်ကြိုက်တာဆိုပေမယ့် သင့်စိတ်ထဲမှာတော့ ဘဝင်ကျမှာ မဟုတ်ပါဘူး။ သင်ကြိုက်နှစ်သက်တဲ့ ရှပ်အင်္ကျီတွေကို သူမဝတ်ဆင်ထားတဲ့အတွက် နည်းနည်းတော့ စိတ်တိုနေမှာတော့ သေချာပါတယ်။




၄။ အသေးအဖွဲကိစ္စတွေနဲ့ ချွေးပြန်မှာ မဟုတ်ပါဘူး

သူမက အသေးအဖွဲကိစ္စတွေနဲ့ ချွေးပြန်နေမယ့် မိန်းကလေးမျိုး မဟုတ်ပါဘူး။ မကောင်းတဲ့အရာတစ်ခုခုဖြစ်ခဲ့ရင် သူမလက်ခံမှာပါ။ ဘာလို့လဲဆိုတော့ သူမက ဘာပဲဖြစ်ဖြစ် အဲ့ဒီပေါ်မှာ သက်ရောက်မှု မရှိနိုင်ဘူးဆိုတာ သိနေလို့ပါပဲ။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်ဆိုတာ ယုံကြည်တာကြောင့် ဘယ်တော့မှ အရမ်းကြီး မစိုးရိမ်ပါဘူး။ မိုးရွာပြီးရင် နေသာလိမ့်မယ်ဆိုတာ သူမသိနေပါတယ်။

၅။ သူမမှာ ကိုယ်ပိုင်စတိုင်ရှိပါတယ်

ဝတ်စားဆင်ယင်ခြင်းနဲ့ ဖန်စီကျခြင်းက သူမရဲ့စတိုင်မဟုတ်ပါဘူး။ သူမဟာ အားကစားဝတ်စုံတွေ၊ leggings တွေနဲ့ သက်တောင့်သက်သာ ခံစားရတဲ့ baggy clothes တွေသာနှစ်သက်တတ်ပါတယ်။ မိတ်ကပ်အများကြီးလိမ်းရတာ မကြိုက်ပါဘူး။ သူမအကြိုက်ဆုံးစတိုင်က သဘာဝအတိုင်းသာ ဖြစ်ပါတယ်။

သူမက အခြားလူတွေ ဘာပြောပြော ဂရုမစိုက်တတ်ပါဘူး။ သူမကိုယ်သူမ ယုံကြည်မှုရှိခြင်းက သူမကို အရမ်းဆက်ဆီကျစေပါတယ်။




၆။ သင့်ကို ဈေးဝယ်စင်တာတွေထဲ ဆွဲခေါ်သွားမှာ မဟုတ်ပါဘူး

တကယ်တော့ သူမထက် ဈေးဝယ်စင်တာထဲမှာ အချိန်ပိုကုန်နိုင်မယ့်သူက သင်သာ ဖြစ်ပါလိမ့်မယ်။ သူမမှာ ဝတ်စရာမရှိမှသာ ဈေးဝယ်ထွက်ပါလိမ့်မယ်။ ဈေးဝယ်ထွက်လို့ ကုန်မယ့်အချိန်ကို အိမ်ပြင်မှာ အကျိုးရှိရှိ အသုံးချရတာကို နှစ်သက်တတ်ပါတယ်။ နံရံလေးဖက်အတွင်းမှာ ပိတ်ပြီး အချိန်ဖြုန်းခြင်းက သူမရဲ့ ပျော်စရာကောင်းတဲ့ စိတ်ကူးမဟုတ်ပါဘူး။ သူမဟာ သူမရဲ့စိတ်ကို လှုံ့ဆောင်ပေးမယ့် အရာတစ်ခုခုကို လိုအပ်နေတတ်ပါတယ်။




၇။ စွန့်စားတတ်သူတွေ ဖြစ်ပါတယ်

မိုးရေစိုမှာ ကြောက်လို့ သင်နဲ့အတူ မိုးရေထဲမှာ လမ်းလျှောက်ဖို့ ငြင်းလိမ့်မယ့် မိန်းကလေးမျိုးမဟုတ်ပါဘူး။ အားလပ်ရက်လိုနေ့မျိုးမှာ ကြယ်တွေကြည့်ရန် တောင်ပေါ်သွားဖို့ တောင်းဆိုခဲ့ရင် လည်း ကမ်းလှမ်းမှုကို လက်ခံမယ့်သူမျိုးပါ။ သူမက စွန့်စားရတာ ကြိုက်တဲ့သူတစ်ယောက်ဖြစ်တာကြောင့် အတူတူရှိနေတဲ့ အခိုက်အတန့်က ဘယ်တော့မှ ပျင်းစရာကောင်းမှာ မဟုတ်ပါဘူး။ ပြင်ပမှာ အချိန်ဖြုန်းတာ၊ လေကောင်းလေသန့်ရှုရှိုက်တာ၊ မြင်ကွင်းတွေ ကြည့်ရှု့ခံစားတာမျိုးကို သူမနှစ်သက်ပါတယ်။




၈။ စိန်ခေါ်မှုတွေကို နှစ်သက်ပါတယ်

ဘဝက တန်ဖိုးရှိတယ် ဆိုတာကို သိနားလည်ထားတာကြောင့် ဒီလိုမိန်းကလေးတစ်ယောက်က သူမလုပ်နိုင်တဲ့ အရာအားလုံးကို တတ်နိုင်သမျှ ကြိုးစားချင်ကြပါတယ်။ အသစ်အဆန်းတွေကို ကြိုးစားရတာနှစ်သက်ပြီး အန္တရာယ်တွေကို မကြောက်ပါဘူး။ သူမက စိန်ခေါ်မှုတွေကို နှစ်သက်ပါတယ်။




၉။ ပစ္စည်းဥစ္စာတွေက သူမအတွက် အရေးမကြီးပါဘူး

သူမက ကိုယ်ပိုင်ပိုက်ဆံကို တန်ဖိုးထားသလို ဝင်ငွေရဖို့လည်း ကြိုးစားလုပ်ကိုင်တတ်သူဖြစ်ပါတယ်။ ဒါပေမယ့် သူမချစ်တဲ့သူတွေပါ်မှာ အကုန်ခံရတာ၊ သူတို့ကို ပျော်ရွှင်အောင် လုပ်ပေးရတာကို စိတ်ထဲ မထားတတ်ပါဘူး။ သူမကိုယ်သူမ ထောက်ပံ့နိုင်စွမ်းထက်ပိုတဲ့ suger daddy တွေလည်း မလိုအပ်သလို ကိုယ့်လိုအပ်ချက်ကို ကိုယ့်ဘာသာ ဖြည့်စွမ်းနိုင်မှု မရှိတဲ့ အမျိုးသမီးတစ်ယောက်လည်း မဟုတ်ပါဘူး။ သူမလိုအပ်တာကတော့ အချိန်၊ ဂရုစိုက်မှုနှင့် ချစ်ခင်မှုတွေကို လက်ဆောင်ပေးလိမ့်မယ့် သူတစ်ယောက်ယောက်ပါ။ ဒါက high maintenance girl နှင့် low maintenance girl ကြားက ကြီးမားတဲ့ခြားနားမှုပါ။




၁၀။ သူမအတွက်တော့ သေးငယ်တဲ့အရာတွေက အရေးအပါဆုံးဖြစ်ပါတယ်

တကယ်လို့ သင်ဟာ ဒီလိုမိန်းကလေးတစ်ယောက်နဲ့ ချိန်းတွေ့ပါက သူမရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ လွယ်ကူပါလိမ့်မယ်။ သူမအတွက် ကြယ်တွေ၊ လတွေ ခူးပေးဖို့ မလိုအပ်ပါဘူး။ သူမကို ချစ်တယ်၊ သင့်ဘဝမှာ သူမရှိနေတဲ့အတွက် ပျော်ရွှင်တယ်ဆိုတာကို ပြောပြပေးဖို့သာ လိုအပ်ပါတယ်။ “သူမက တစ်စုံတစ်ယောက်အတွက် အရေးပါတယ်၊ လူတွေက သူမနည်းတူ လက်ခံတယ်” ဆိုတာကိုသာ သူမကြားချင်ပါတယ်။

၁၁။ သူမမှာ ယုံကြည်မှု အပြည့်ရှိပါတယ်

သူမရဲ့အောင်မြင်မှုတွေအတွက် သူမဂုဏ်ယူပါတယ်။ သူမရဲ့ Self-esteem က အရမ်းမြင့်တာကြောင့် တခြားမိန်းကလေးတစ်ယောက်ယောက်နဲ့ စကားပြောနေလို့လည်း မနာလိုဖြစ်မှာ မဟုတ်ပါဘူး။ သင့်မှာ သူငယ်ချင်းတွေ ရှိတယ်၊ သူမ မရောက်လာခင်က သူတို့ဟာ သင့်ဘဝရဲ့ တစိတ်တပိုင်းဖြစ်တယ်ဆိုတာကို နားလည်ပေးထားပါတယ်။ သူငယ်ချင်းနဲ့ အချိန်ဖြုန်းနေလို့လည်း သူမပြဿနာရှာမှာ မဟုတ်ပဘူး။ တကယ်တော့ သင့်ကို အဲဒီလိုလုပ်ဖို့တောင် အားပေးပါလိမ့်မယ်။

Lifestyle_Myanmar
LM_Nandar


Source-herway


#မိန်းကလေး
#ဖန်စီ
#မိတ်ကပ်
#စင်တာ
#စိန်ခေါ်မှု

Some text some message..