စိတ်နေသဘောထား (Positive Attitude) များ ပိုမိုတိုးတက်ကောင်းမွန်စေနိုင်တဲ့ နည်းလမ်းများ
တကယ်လို့ သင်ဟာ အောင်မြင်ချင်တယ်ဆိုရင်တော့ အရေးအကြီးဆုံးအနေနဲ့ /ပထမဆုံးအနေနဲ့ အပြုသဘောဆိုင်တဲ့ မိမိရဲ့ သဘောထား၊ စိတ်ကူးများ ("Positive Attitude") ကို ဖန်တီးရမှာဖြစ်ပါတယ်။ အကောင်းမြင်စိတ်၊ ရည်မှန်းချက်ကြီးမှု၊ စိတ်အားထက်သန်မှု . . . အစရှိတဲ့ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ ကိုယ့်ဆီမှာဝင်လာပြီဆိုတာနဲ့ ပြသနာများက သေးငယ်(သို့)ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။
မင်းဟာ ခေါင်းဆောင်တစ်ဦးဖြစ်မယ်ဆိုလျှင်လည်း အကောင်းမြင်စိတ်ရှိပြီး ကောင်းမွန်တဲ့အတွေးအခေါ်ရှိမှသာ မိမိရဲ့ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကို ဆွဲဆောင်နိုင်မှာဖြစ်ပြီး သူတို့ရဲ့အကောင်းဆုံးလုပ်ဆောင်ပေးမယ့် စွမ်းအားကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ အပျက်သဘောဆောင်တဲ့ ခေါင်းဆောင်တစ်ဦး၊ မကောင်းမြင်စိတ်များနေတဲ့ခေါင်းဆောင်တစ်ဦးဖြစ်မယ်ဆိုရင်တော့ လက်အောက်ငယ်သားတွေရဲ့ ကြောက်ရွံ့ခြင်းနဲ့ သူတို့ကို ဖိအားဖြစ်စေတာအပြင် ကောင်းမွန်တာတွေတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။
အရေးအကြီးဆုံးကတော့ မင်းက အမြဲတမ်း စိတ်ဆိုး၊ ဒေါသထွက်၊ စိုးရိမ်ပူပန်မှုတွေများနေမယ်ဆိုရင်တော့ အောင်မြင်မှုက မင်းအတွက် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကဲ . . . သင်ရဲ့စိတ်နေစိတ်ထား၊ သဘောထားကို အကောင်းမြင်ဘက်ရောက်အောင် ဘယ်လိုတွေ ပြုပြင်ရမလဲ . . .???
(၁) ရည်ရွယ်ချက်၊ ဦးတည်ချက်တစ်ခုနဲ့ အမြဲတမ်းလုပ်ဆောင်ပါ။
သင်က တစ်ခုခုကို လုပ်ဆောင်တော့မယ်ဆိုရင် ကိုယ့်ရဲ့ပန်းတိုင်ကဘာလဲ၊ အောင်မြင်မှုအတွက် ဘယ်လိုတွေလုပ်ဆောင်ရမလဲ၊ စတာတွေကို အရင်ဆုံး ချမှတ်ဖို့လိုပါတယ်။ ဒီလိုမှ မလုပ်ဆောင်ဘူးဆိုရင်တော့ သင့်လုပ်ဆောင်ချက်၊ အချိန်နဲ့ ခွန်အားကို ဖြုန်းတီးရာရောက်နေမှာ မလွဲဧကန်ပါ။
(၂) သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို တစ်နေ့ပြီးတစ်နေ့ ပိုမိုမြှင့်တင်ပါ။
လုပ်နေကျအလုပ်တွေကိုပဲ နေ့စဉ် ထပ်တလဲလဲလုပ်ဆောင်နေမယ်ဆိုရင်၊ အတိတ်ကအောင်မြင်ခဲ့တာ ရွှေထီးဆောင်းခဲ့တာတွေကို ပြန်လည်မြင်ယောင်ပြီး အတိတ်ထဲကမထွက်နိုင်ဘူးဆိုရင် သင့်က သင့်ရဲ့လက်ရှိဘဝကို ကျေနပ်မှုရှိမှာမဟုတ်ပါဘူး။ အောင်မြင်မှုက အားကစားသမားတစ်ယောက်လိုပါပဲ။ စဉ်ဆက်မပြတ် လေ့ကျင့်နေသူ၊ ကြိုးစားနေသူကသာ အောင်မြင်မှုကို ရရှိနိုင်မှာပါ။ဒါကြောင့် သင်ဟာ နေ့စဉ်လုပ်ဆောင်နေတဲ့အလုပ်အပြင် ထပ်တိုးပြီး မိမိရဲ့လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပါ။
(၃) ဘယ်လိုရလဒ်ထွက်လာမယ်ဆိုတာကို တွေးပူမနေပဲ လုပ်ဆောင်စရာရှိတဲ့ကိစ္စရပ်များကို စွမ်းစွမ်းတမံ လုပ်ဆောင်ပါ။
မိမိရဲ့လုပ်ဆောင်ရမယ့်လုပ်ငန်းအပေါ် ထွက်ပေါ်မလာသေးတဲ့ရလဒ်တွေကို တွေးပူမနေဘဲ လုပ်စရာရှိတဲ့ကိစ္စရပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပါ။ သင့်ရဲ့အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းကို အများမြင်အောင် ချပြပါ။
(၄) သင့်လိုပဲ အကောင်းမြင်တဲ့၊ အပြုသဘောထားရှိသူတွေကို ရှာဖွေပါ။
သင်ကိုယ်တိုင်မသိလိုက်ရတဲ့ သင့်ဦးနှောက်ရဲ့ ထူးဆန်းတဲ့အမူအကျင့်တစ်ခုရှိပါတယ်။ ဒါဟာဘာလဲဆိုရင် သင့်ကို သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အပြုအမူ၊ ပြောဆိုပုံတွေကို အလိုအလျောက် တုပနိုင်တယ်ဆိုတာပါပဲ။ အဲ့ဒါကို အင်္ဂလိပ်လိုဆိုရင်တော့ "Mirror Neuron" လို့ ခေါ်ပါတယ်။ ဒီ့အတွက် သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေက အရေးကြီးလှတယ်။ မကောင်းမြင်တဲ့သူတစ်ဦးတစ်ယောက်ရဲ့ အတွေးအမြင်တွေ၊ အယူအဆတွေသာ သင့်ကိုမသိမသာ လွှမ်းမိုးသွားမယ်ဆိုရင် မခက်ပါလား . . . ။ ဒီ့အတွက် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်းမြင်သမား၊ အပြုသဘောဆောင်သူများကို ရှာဖွေပေါင်းသင်းဖို့ လိုအပ်ပါတယ်။
(၅) သင့်ကိုယ်သင် အလွန်အမင်း ထိန်းချုပ်ခြင်းကို ရှောင်ကျဉ်ပါ။
သင်ကိုယ်တိုင် ပျော်ရွှင်နေမှ၊ သက်တောင့်သက်သာရှိနေမှသာ သင့်ပတ်ဝန်းကျင်ကလူတွေကို ပျော်ရွှင်စေနိုင်မှာပါ။ အထူးသဖြင့် သင်ကိုယ်တိုင် ကျန်းမာပျော်ရွှင်နေမှာသာ စိတ်ကူးစိတ်သန်းကောင်းတွေ ပိုမိုပေါ်ထွက်လာစေနိုင်သလို ကိုယ်လုပ်ချင်တဲ့အရာတွေကိုလည်း လုပ်ဆောင်နိုင်မှာပါ။ ဒီလိုပျော်ရွှင်ဖို့ဆိုရင်တော့ ကိုယ့်ကိုကိုယ်အလွန်အမင်း ထိန်းချုပ်ခြင်းကို ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။
(၆) ကျေးဇူးတင်စကား ပြောတတ်ပါစေ။
ကျေးဇူးတင်စိတ်၊ ကျေးဇူးတင်စကား၊ အပြုံး . . . စတာတွေက သင့်ကိုအောင်မြင်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီ့အတွက် တစ်ဘက်သားကို အပြုံး . . .ကျေးဇူးတင်စကား . . . စတာတွေပြောဖို့ လုံးဝကို မတွန့်တိုပါနဲ့နော်။
ကဲ ဒီအချက်အလက်လေးတွေကဆိုရင် သင့်ရဲ့စိတ်နေစိတ်ထားကို ပိုမိုကောင်းမွန်စေပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။ ဒီ့အတွက် ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး "Positive Attitude" များ ဖန်တီးကြပါစို့။
စိတ်နေသဘောထား (Positive Attitude) များ ပိုမိုတိုးတက်ကောင်းမွန်စေနိုင်တဲ့ နည်းလမ်းများ
တကယ်လို့ သင်ဟာ အောင်မြင်ချင်တယ်ဆိုရင်တော့ အရေးအကြီးဆုံးအနေနဲ့ /ပထမဆုံးအနေနဲ့ အပြုသဘောဆိုင်တဲ့ မိမိရဲ့ သဘောထား၊ စိတ်ကူးများ ("Positive Attitude") ကို ဖန်တီးရမှာဖြစ်ပါတယ်။ အကောင်းမြင်စိတ်၊ ရည်မှန်းချက်ကြီးမှု၊ စိတ်အားထက်သန်မှု . . . အစရှိတဲ့ ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ ကိုယ့်ဆီမှာဝင်လာပြီဆိုတာနဲ့ ပြသနာများက သေးငယ်(သို့)ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။
မင်းဟာ ခေါင်းဆောင်တစ်ဦးဖြစ်မယ်ဆိုလျှင်လည်း အကောင်းမြင်စိတ်ရှိပြီး ကောင်းမွန်တဲ့အတွေးအခေါ်ရှိမှသာ မိမိရဲ့ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေကို ဆွဲဆောင်နိုင်မှာဖြစ်ပြီး သူတို့ရဲ့အကောင်းဆုံးလုပ်ဆောင်ပေးမယ့် စွမ်းအားကို ရရှိနိုင်မှာပဲဖြစ်ပါတယ်။ အပျက်သဘောဆောင်တဲ့ ခေါင်းဆောင်တစ်ဦး၊ မကောင်းမြင်စိတ်များနေတဲ့ခေါင်းဆောင်တစ်ဦးဖြစ်မယ်ဆိုရင်တော့ လက်အောက်ငယ်သားတွေရဲ့ ကြောက်ရွံ့ခြင်းနဲ့ သူတို့ကို ဖိအားဖြစ်စေတာအပြင် ကောင်းမွန်တာတွေတော့ ဖြစ်လာမှာ မဟုတ်ပါဘူး။
အရေးအကြီးဆုံးကတော့ မင်းက အမြဲတမ်း စိတ်ဆိုး၊ ဒေါသထွက်၊ စိုးရိမ်ပူပန်မှုတွေများနေမယ်ဆိုရင်တော့ အောင်မြင်မှုက မင်းအတွက် ဖြစ်လာမှာ မဟုတ်ပါဘူး။ ကဲ . . . သင်ရဲ့စိတ်နေစိတ်ထား၊ သဘောထားကို အကောင်းမြင်ဘက်ရောက်အောင် ဘယ်လိုတွေ ပြုပြင်ရမလဲ . . .???
(၁) ရည်ရွယ်ချက်၊ ဦးတည်ချက်တစ်ခုနဲ့ အမြဲတမ်းလုပ်ဆောင်ပါ။
သင်က တစ်ခုခုကို လုပ်ဆောင်တော့မယ်ဆိုရင် ကိုယ့်ရဲ့ပန်းတိုင်ကဘာလဲ၊ အောင်မြင်မှုအတွက် ဘယ်လိုတွေလုပ်ဆောင်ရမလဲ၊ စတာတွေကို အရင်ဆုံး ချမှတ်ဖို့လိုပါတယ်။ ဒီလိုမှ မလုပ်ဆောင်ဘူးဆိုရင်တော့ သင့်လုပ်ဆောင်ချက်၊ အချိန်နဲ့ ခွန်အားကို ဖြုန်းတီးရာရောက်နေမှာ မလွဲဧကန်ပါ။
(၂) သင့်ရဲ့လုပ်ဆောင်နိုင်စွမ်းကို တစ်နေ့ပြီးတစ်နေ့ ပိုမိုမြှင့်တင်ပါ။
လုပ်နေကျအလုပ်တွေကိုပဲ နေ့စဉ် ထပ်တလဲလဲလုပ်ဆောင်နေမယ်ဆိုရင်၊ အတိတ်ကအောင်မြင်ခဲ့တာ ရွှေထီးဆောင်းခဲ့တာတွေကို ပြန်လည်မြင်ယောင်ပြီး အတိတ်ထဲကမထွက်နိုင်ဘူးဆိုရင် သင့်က သင့်ရဲ့လက်ရှိဘဝကို ကျေနပ်မှုရှိမှာမဟုတ်ပါဘူး။ အောင်မြင်မှုက အားကစားသမားတစ်ယောက်လိုပါပဲ။ စဉ်ဆက်မပြတ် လေ့ကျင့်နေသူ၊ ကြိုးစားနေသူကသာ အောင်မြင်မှုကို ရရှိနိုင်မှာပါ။ဒါကြောင့် သင်ဟာ နေ့စဉ်လုပ်ဆောင်နေတဲ့အလုပ်အပြင် ထပ်တိုးပြီး မိမိရဲ့လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပါ။
(၃) ဘယ်လိုရလဒ်ထွက်လာမယ်ဆိုတာကို တွေးပူမနေပဲ လုပ်ဆောင်စရာရှိတဲ့ကိစ္စရပ်များကို စွမ်းစွမ်းတမံ လုပ်ဆောင်ပါ။
မိမိရဲ့လုပ်ဆောင်ရမယ့်လုပ်ငန်းအပေါ် ထွက်ပေါ်မလာသေးတဲ့ရလဒ်တွေကို တွေးပူမနေဘဲ လုပ်စရာရှိတဲ့ကိစ္စရပ်တွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပါ။ သင့်ရဲ့အကောင်းဆုံးလုပ်ဆောင်နိုင်စွမ်းကို အများမြင်အောင် ချပြပါ။
(၄) သင့်လိုပဲ အကောင်းမြင်တဲ့၊ အပြုသဘောထားရှိသူတွေကို ရှာဖွေပါ။
သင်ကိုယ်တိုင်မသိလိုက်ရတဲ့ သင့်ဦးနှောက်ရဲ့ ထူးဆန်းတဲ့အမူအကျင့်တစ်ခုရှိပါတယ်။ ဒါဟာဘာလဲဆိုရင် သင့်ကို သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အပြုအမူ၊ ပြောဆိုပုံတွေကို အလိုအလျောက် တုပနိုင်တယ်ဆိုတာပါပဲ။ အဲ့ဒါကို အင်္ဂလိပ်လိုဆိုရင်တော့ "Mirror Neuron" လို့ ခေါ်ပါတယ်။ ဒီအတွက် သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေက အရေးကြီးလှတယ်။ မကောင်းမြင်တဲ့သူတစ်ဦးတစ်ယောက်ရဲ့ အတွေးအမြင်တွေ၊ အယူအဆတွေသာ သင့်ကိုမသိမသာ လွှမ်းမိုးသွားမယ်ဆိုရင် မခက်ပါလား . . . ။ ဒီအတွက် သင့်ပတ်ဝန်းကျင်မှာရှိတဲ့ အကောင်းမြင်သမား၊ အပြုသဘောဆောင်သူများကို ရှာဖွေပေါင်းသင်းဖို့ လိုအပ်ပါတယ်။
(၅) သင့်ကိုယ်သင် အလွန်အမင်း ထိန်းချုပ်ခြင်းကို ရှောင်ကျဉ်ပါ။
သင်ကိုယ်တိုင် ပျော်ရွှင်နေမှ၊ သက်တောင့်သက်သာရှိနေမှသာ သင့်ပတ်ဝန်းကျင်ကလူတွေကို ပျော်ရွှင်စေနိုင်မှာပါ။ အထူးသဖြင့် သင်ကိုယ်တိုင် ကျန်းမာပျော်ရွှင်နေမှာသာ စိတ်ကူးစိတ်သန်းကောင်းတွေ ပိုမိုပေါ်ထွက်လာစေနိုင်သလို ကိုယ်လုပ်ချင်တဲ့အရာတွေကိုလည်း လုပ်ဆောင်နိုင်မှာပါ။ ဒီလိုပျော်ရွှင်ဖို့ဆိုရင်တော့ ကိုယ့်ကိုကိုယ်အလွန်အမင်း ထိန်းချုပ်ခြင်းကို ရှောင်ကျဉ်ဖို့လိုအပ်ပါတယ်။
(၆) ကျေးဇူးတင်စကား ပြောတတ်ပါစေ။
ကျေးဇူးတင်စိတ်၊ ကျေးဇူးတင်စကား၊ အပြုံး . . . စတာတွေက သင့်ကိုအောင်မြင်စေနိုင်တဲ့ အချက်တွေပါပဲ။ ဒီအတွက် တစ်ဘက်သားကို အပြုံး . . .ကျေးဇူးတင်စကား . . . စတာတွေပြောဖို့ လုံးဝကို မတွန့်တိုပါနဲ့နော်။
ကဲ ဒီအချက်အလက်လေးတွေကဆိုရင် သင့်ရဲ့စိတ်နေစိတ်ထားကို ပိုမိုကောင်းမွန်စေပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းကောင်းတွေပဲဖြစ်ပါတယ်။ ဒီအတွက် ဒီနည်းလမ်းလေးတွေကို အသုံးပြုပြီး "Positive Attitude" များ ဖန်တီးကြပါစို့။