
လူခင်လူခင် ပေါများတာနဲ့ လူမုန်းများတယ်ဆိုတာမျိုးက ကိုယ့်ရဲ့ အမူအကျင့်တွေနဲ့ အများကြီး သက်ဆိုင်နေလျက် ရှိပါတယ်။ လူမုန်းများတဲ့သူတွေမှာ ရှိနေတတ်တဲ့ အကြောင်းအရင်းတွေလည်း ရှိနေပါသေးတယ်။ သင့်ကို ဒီအချက်တွေက လူမုန်းများစေနိုင်အောင် ပြုလုပ်နိုင်ကြပါတယ်။
၁။ အဖက်မလုပ်ခြင်း
လူ့သဘာဝအရ အပြန်အလှန် ဂရုစိုက်မှု ရှိမှသာ ချစ်ခြင်းမေတ္တာ တိုးပွားတာပါ။ သင်က ပတ်ဝန်းကျင်က လူအတော်တော်များများကို ဘာအကြောင်းပဲဖြစ်ဖြစ် အဖက်မလုပ်ပဲ နေရင်တော့ သင့်ကို လူမုန်းများရုံပဲ အဖက်တင်မှာပါ။

Photo by LinkedIn Sales Navigator from Pexels
၂။ အပြုံးအရယ် မရှိခြင်း
တစ်ချို့သူတွေကတော့ လူချင်းတွေ့ရင် ပြုံးပြတာမျိုးလည်း မရှိ၊ ရယ်စရာပြောရင်လည်း မရယ်တတ်ကြပါဘူး။ ဒီလိုမျိုး လူမျိုးတွေကလည်း အလကားနေရင်း အထင်လွဲခံရပြီး လူမုန်းများရတတ်ပါတယ်။
၃။ အလိုက် မသိခြင်း
တစ်ချို့သူတွေက လူချင်းတွေ့ရင် နှုတ်ဆက်တာ၊ လမ်းပိတ်ထားမိရင် ဖယ်ပေးရတာ၊ အတူစားကြတဲ့အခါ ငွေကူရှင်းဖို့ လုပ်ရတာမျိုးကို မသိတတ်ကြပါဘူး။ ဒီအချက်ကလည်း လူမုန်းများစေတာပါပဲ။

Photo by Marcus Aurelius from Pexels
၄။ တစ်ကိုယ်ကောင်းဆန်လွန်းခြင်း
ကိုယ်ကလွဲရင် တခြားသူတွေကို သိပ်ခေါင်းထဲ မထည့်ထားတဲ့ တစ်ကိုယ်ကောင်းဆန်လွန်းသူတွေ ရှိပါတယ်။ ကိုယ်က တစ်ကိုယ်ကောင်းဆန်လွန်းနေရင် ကိုယ့်လည်း ဘယ်သူ့မှ သဘောမကျတတ်ပါဘူး။
၅။ ချောက်တွန်းခြင်း
ကိုယ်က ဒုက္ခရောက်မှာစိုးပြီး ကိုယ့်ဒုက္ခကို သူများလွှဲချတတ်သူတွေလည်း ရှိပါတယ်။ သူများကို ချောက်ချတတ်တဲ့ အကျင့်ရှိသူတွေကို လူတွေက ဝေးဝေးရှောင်တတ်ကြပါတယ်။

Photo by Tima Miroshnichenko from Pexels
၆။ အနေတည်ခြင်း
ကိုယ်နေတတ်သလို နေတတ်ကြသူတွေက အနေတည်တာ များပါတယ်။ လိုအပ်တာထက်ပိုပြီး လောကွတ်လည်း မချော်တတ်သလို စကားလည်း အပိုမပြောတတ်ပါဘူး။ ဒီအတွက်လည်း လူမုန်းများခံရတတ်ပါသေးတယ်။
၇။ ဘက်လိုက်တတ်ခြင်း
လူတစ်ယောက်အပေါ် ဝေဖန်တာ၊ အသိအမှတ်ပြုရတာတွေ ရှိတာ သဘာဝပါပဲ။ ဒါပေမဲ့ အကောင်းအဆိုး မကြည့်ဘဲ မျက်စိမှိတ် ဘက်လိုက်နေတတ်တာက ဘေးလူတွေရဲ့ အမြင်မကြည်မှုကိုပဲ ရလာတတ်ပါတယ်။
၈။ ကဲ့ရဲ့တတ်ခြင်း
တွေ့သမျှလူအားလုံးကို အကဲဖြတ်ပြီး ကဲ့ရဲ့ ပြောဆိုတတ်ကြသူတွေကလည်း လူတွေရဲ့ ချစ်ခင်မှု မရတတ်ကြပါဘူး။

Photo by pixabay from Pexels
၉။ အထက်စီးဆန်ခြင်း
ကိုယ့်ကို အထက်စီးကနေ စကားလာပြောတာမျိုးကို ဘယ်သူ့မှ လက်မခံနိုင်ပါဘူး။ ဒါကြောင့် အထက်စီးဆန်ဆန် ပြောတတ်တဲ့သူတွေကို မနှစ်သက်သူ များနေတတ်ပါတယ်။
၁၀။ ငွေစကား ပြောလွန်းခြင်း
ငွေဆိုတာ နေ့တိုင်း အသုံးပြုရတဲ့ အရာဆိုပေမယ့် ငွေစကား ပြောတိုင်း မကောင်းပါဘူး။ ဘာပဲ လုပ်လုပ် ငွေအကြောင်း ပြောနေတာမျိုးက ဘေးကလူတွေကို အဆင်မပြေ ဖြစ်စေပါတယ်။
Kham