ဖောက်ပြန်ချင်တဲ့ယောက်ျားလေးက ဖောက်ပြန်မယ်ဆိုပေမယ့် မိန်းကလေးတွေဘက်ကလည်း လိုအပ်ချက်တွေရှိလို့ ဒီလိုမျိုးဖောက်ပြန်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ ဒီလိုမျိုးအဖြစ်တွေ မကြုံရအောင် ကိုယ်ကိုယ်တိုင်ကလည်း
RS တစ်ခုပြတ်စဲပြီ၊ တစ်ယောက်ယောက်က သစ္စာဖောက်သွားပြီဆိုတာနဲ့ ဒါယောက်ျားလေးကြောင့်ပဲလို့ အားလုံးကသုံးသပ်ကြတယ်နော်။ ပရိသတ်ကြီးရဲ့ အမြင်မှာရော…. အဲ့ဒါက တကယ်ဟုတ်မယ်ထင်လား? လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါနော်။ ဆိုတော့ကာ ယောက်ျားလေးတွေ သစ္စာဖောက်တာ မိန်းကလေးတွေကြောင့်လည်းပါတဲ့အကြောင်းလေး မျှဝေပေးချင်ပါတယ်။
၁။ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှု။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘဲ တစ်ချိန်လုံးမလုံမလဲဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်ယောက်ျားလေးမှ သဘောမကျပါဘူး။ ကိုယ်ဘာဝတ်ထားလဲ၊ ဘယ်လိုမျိုးလိမ်းခြယ်ထားလဲဆိုတာတွေက ကိုယ့်ရဲ့ကိုယ်ပိုင်ရွေးချယ်မှုပါ။ ဒီအတွက်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေဖို့လိုအပ်ပါတယ်။ အဲ့ဒါကိုမှ တစ်ချိန်လုံး စိတ်ထဲမလုံမလဲဖြစ်နေရင်တော့ ဒီအပေါ်မှာ ယောက်ျားလေးဘက်က စိတ်ကုန်သွားမှာပါ။
၂။ မရင့်ကျက်ခြင်း။
လူဆိုတာ အသက်အရွယ်နဲ့လိုက်ပြီး ရင့်ကျက်မှုရှိရပါတယ်။ ချစ်သူအပေါ် ကလေးဆန်တာမျိုးက ကောင်းပါတယ်။ ဒါပေမယ့် သူ့ Limit နဲ့ သူပေါ့။ ဒါပေမယ့် အခြားသောကဏ္ဍတွေမှာပါ ဒီလိုမျိုး မရင့်ကျက်ဘဲ နေရာစုံမှာ ကလေးဆန်နေတာမျိုးက တကယ်ရင့်ကျက်တဲ့မိန်းမတစ်ယောက်နဲ့တွေ့ရင် ကျန်ရစ်ဖြစ်စေမယ့် အကြောင်းရင်းပါပဲ။
၃။ ပျော်ရွှင်မှုမပေးစွမ်းနိုင်ခြင်း။
ရင်ဖွင့်တယ်ဆိုတဲ့အရာနဲ့ တစ်ချိန်လုံးအနှုတ်လက္ခဏာဆောင်တဲ့အကြောင်းတွေချည်း ပြောနေတဲ့အရာနှစ်ခုအကြား ကွာခြားမှုရှိပါတယ်။ ကိုယ့်ချစ်သူအပေါ် ရင်ဖွင့်တာကောင်းပါတယ်။ ဒါပေမယ့် တစ်ချိန်လုံးပြဿနာအကြောင်းချည်းပဲ ပြောနေတာ့ ယောက်ျားလေးက စိတ်ကုန်တာပေါ့။ မဟုတ်ဘူးလား??? ယောက်ျားလေးဆိုတာ ခဏလေးတောင် နားပူမခံချင်တဲ့ လူမျိုးပါ။ အဲ့ဒီတော့ သင့်အစား ပျော်ရွှင်မှုပေးနိုင်တဲ့သူတစ်ယောက်သာ ဘေးနားရှိလာရင် အဲ့ဒီဘက်ကို အလိုအလျောက်ရောက်သွားမှာ သေချာပါတယ်။
၄။ ယောက်ျားလေးရဲ့လူမှုရေးကို နားမလည်ပေးခြင်း။
ကိုယ့်ကိုအချိန်လုံးဝမပေးဘဲ တစ်ချိန်လုံး မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပါးသွားလာနေတယ်ဆိုရင် တစ်မျိုးပေါ့။ ဒါပေမယ့် ကိုယ့်အတွက်လည်း အချိန်ပေးတယ်၊ သူ့ရဲ့လူမှုရေးကိုလည်း ဟန်ချက်ညီအောင် ထိန်းနေရတယ်ဆိုတဲ့ ယောက်ျားလေးရဲ့ အချိန်တွေအားလုံးကို အပိုင်လိုချင်လို့မရပါဘူး။ ကိုယ်နဲ့ချိန်းတွေ့နေတုန်းကအကောင်း၊ သူ့သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြင်သွားတော့မှ ပြဿနာထရှာတာက သင့်ကိုစမတ်ကျတဲ့ အမျိုးသမီးတစ်ယောက် မဖြစ်စေပါဘူး။
၅။ တစ်ကိုယ်ကောင်းဆန်ခြင်း။
တစ်ချိန်လုံး ကိုယ်ဖြစ်ချင်တာတစ်ခုပဲ လုပ်ချင်နေရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူးနော်။ RS ဆိုတာ နှစ်ဦးနှစ်ဖက် ညှိညှိနှိုင်းနှိုင်းရှေ့ဆက်ရတာပါ။ ယောက်ျားလေးလည်း လူပါပဲ။ ဒီတော့ သူ့အလိုဆန္ဒနဲ့သူပါ။ တစ်ခါတလေ ကိုယ့်အလို သူလိုက်ပေး၊ တစ်ခါတလေ သူ့အလို ကိုယ်လိုက်ပေးမှ အဆင်ပြေမှာလေနော်။ မိန်းကလေးအချို့ရှိပါတယ်။ တစ်ချိန်လုံး ကိုယ်ဖြစ်ချင်တာချည်းပဲ လုပ်ရမယ်ဆိုပြီးတော့ပေါ့။ အဲ့ဒီလိုသာလုပ်နေရင်တော့ ယောက်ျားလေးက အသစ်ရှာသွားပါလိမ့်မယ်။
၆။ စကားကျွံလွန်းအားကြီးခြင်း။
RS သဘာဝအရ ရန်ဖြစ်၊ စကားများတတ်ပါတယ်။ ဒါပေမယ့် အဲ့ဒါကိုမှ ကိုယ့်ချစ်သူကောင်လေးရဲ့ သိက္ခာကို ထိပါးပြောဆိုတာ၊ အားနည်းချက်ကို ထိုးနှက်တာမျိုးတွေ ပြုလုပ်တတ်ပါတယ်။ ဒီလိုတွေဖြစ်တာများလာရင်တော့ ယောက်ျားလေးဘက်က တဖြည်းဖြည်းစိတ်ကုန်လာမှာပါ။
၇။ လက်တွေ့မကျတဲ့မျှော်လင့်ချက်များ။
ယောက်ျားလေးတစ်ယောက်ဆီမှာ ကိုယ့်ချစ်သူက ကိုယ့်ကို (၂၄) နာရီ (၇) ရက်လုံး လာတွေ့ဖို့၊ ဗိုက်ဆာတယ်ဆိုတာနဲ့ အဆင်သင့်မုန့်လာပို့ပေးဖို့၊ စိတ်မကြည်ဘူးဆိုတာနဲ့ အပြေးလာတွေ့ပေးဖို့ဆိုတဲ့စိတ်ကြီး ဖိစီးနေရင် ဒီ RS ကို ယောက်ျားလေးဘက်က ကျေကျေနပ်နပ်ကြီး အဆုံးသတ်ပြီး အသစ်ရှာသွားပါလိမ့်မယ်။
မိန်းကလေးတို့ရေ…။ ကိုယ့်ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်၊ ကိုယ်ကိုယ်တိုင်မှာပဲဖြစ်ဖြစ် ယောက်ျားလေးဘက်က သစ္စာဖောက်သွားပြီဆိုတာနဲ့ သူတို့ကိုပဲ အပြစ်ပြောလို့မရပါဘူး။ ဖောက်ပြန်ချင်တဲ့ယောက်ျားလေးက ဖောက်ပြန်မယ်ဆိုပေမယ့် မိန်းကလေးတွေဘက်ကလည်း လိုအပ်ချက်တွေရှိလို့ ဒီလိုမျိုးဖောက်ပြန်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီတော့ ဒီလိုမျိုးအဖြစ်တွေ မကြုံရအောင် ကိုယ်ကိုယ်တိုင်ကလည်း ပြီးပြည့်စုံသူတစ်ယောက်မဟုတ်သည့်တိုင် အကောင်းဆုံးလူတစ်ယောက်ဖြစ်ဖို့ လိုအပ်ပါတယ်လို့ အကြံပေးလိုက်ရပါတယ်နော်။
#HM
#LifestyleMyanmar
Source: Psychology Today, thehopeline