
မမတွေဆိုတာ အသက်ကြီးလို့ မမရယ်လို့ ဖြစ်လာတာမျိုးထက် ပိုပါတယ်။ မမဆိုတာမျိုးက ဆယ်ကျော်သက်တွေမှာ ရှိနေတဲ့ အရာတွေနဲ့ ခြားနားနေတတ်တယ်။ မမရယ်လို့ ဂုဏ်ယူစွာ ဝင့်ကြွားနိုင်တဲ့ ရင့်ကျက်ပြီး ထက်မြက်တဲ့သူတွေကတော့ တခြားသော အရည်အချင်းတွေပါ ပြည့်နှက်နေပါတယ်။ ဒီလိုမျိုး မမမှာဆိုရင်တော့ ဒီအချက်တွေကလည်း မရှိမဖြစ် ပိုင်ဆိုင်ထားတဲ့အရာတွေပါပဲ။
(၁) အကျိုးအကြောင်း နားလည်တယ်
မမတွေအရွယ်ဆိုတာ ဘဝကို တော်တော်များများ တွေ့ကြုံခဲ့ပြီးသွားပါပြီ။ မကောင်းတဲ့သူတွေ ရှိတာကို နားလည်သလို ခေတ္တတဖြုတ် ကိုယ့်ဆီ လာအပေါင်းအသင်းလုပ်တာမျိုးလည်း နားလည်တတ်ကြပါတယ်။ ဒါ့အပြင် စကားအပြောအဆိုတွေမှာလည်း မမတွေက ရှေ့မကြည့်နောက်မကြည့် စိတ်မဆိုးတတ်ကြပါဘူး။ အကျိုးအကြောင်း ဖြစ်တတ်တဲ့ သဘောကို အများကြီး ရှင်းပြစရာ မလိုဘဲ နားလည်ပေးတတ်ကြသူတွေ ဖြစ်ပါတယ်။

Photo by Q. Hưng Phạm from Pexels
(၂) သိပ်ပြီး စိတ်မလှုပ်ရှားတတ်ဘူး
မမတွေက သူတို့ကို လာချဉ်းကပ်တိုင်းလည်း စိတ်မလှုပ်ရှားတော့ပါဘူး။ လူတော်တော်များများကို ကြုံခဲ့ပြီးတဲ့ နောက် ကိုယ့်ကို ချဉ်းကပ်လည်း အထူးအဆန်း မခံစားတော့သလို လွယ်လွယ်လည်း မယုံတတ်ကြပါဘူး။ ဒီလိုပဲ ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ချဉ်းကပ်တတ်ကြတာကို မမတွေက နားလည်လို့ ဆယ်ကျော်သက်လို စိတ်လှုပ်ရှားနေမှုမျိုးကို မမတွေဆီမှာ ရှာဖို့ မလွယ်ပါဘူးနော်။

Photo by Ketut Subiyanto from Pexels
(၃) အထာနပ်တယ်
မမတွေဆိုတာမျိုးက တော်ရုံ တော်ကီမျိုးတွေကို လုံးဝ မကြွေကြပါဘူးနော်။ ဘယ်သူက သူ့ကို ဘာရည်ရွယ်ချက်နဲ့ လာချဉ်းကပ်သလဲဆိုတာမျိုးကိုလည်း ရိပ်မိတတ်ကြပါတယ်။ သူ့ကို အသုံးချချင်လို့ လာချဉ်းကပ်သလား၊ တမင်လာမြှောက်ပင့်နေသလားဆိုတာလည်း သိကြပါတယ်။ အပေါ်ယံ အပြောချိုချိုတွေလောက်ကတော့ မမတွေက အကဲခတ်နိုင်ပြီးသားပါ။

lookstudio/Freepik
(၄) ကိုယ့်အရည်အချင်းကို ယုံကြည်တယ်
မမတွေက ဘဝအတွက် ကိုယ့်အတွက် တွေးထားကြတဲ့သူတွေ ဖြစ်ပါတယ်။ သူ့တို့ဘဝကို သူတို့ရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ပဲ ရပ်တည်ထားတတ်ကြပြီးသူတို့က ဘယ်လောက် အတိုင်းအတာအထိ အရည်အချင်း ရှိသလဲဆိုတာကို သေချာ သိထားကြသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ အရည်အချင်းကို ပိုပြီးလည်း တိုးတက်အောင် ပြုလုပ်နေတတ်ပါတယ်။

rawpixel.com/Freepik
(၅) တည်ကြည်တယ်
မမတွေက လူငယ်ဆန်ဆန် နေရင်တောင်မှ တည်ကြည်နေတတ်ပါတယ်။ လူတိုင်း လွယ်လွယ် လာရောလို့ မရသလို ခင်မင်တတ်တဲ့ မမတွေဆိုရင်လည်း သူတို့ရဲ့ တကယ် ရင်းနှီးသွားတဲ့သူတွေမှ တန်းတူပေါင်းလို့ ရတာမျိုးပါ။ မမတွေရဲ့ အနေတည်မှုကြီးကလည်း သူတို့ရဲ့ ဆွဲဆောင်မှု တစ်ခုပါပဲ။ သူတို့ရဲ့ ပေါ့ပေါ့ပါးပါး ပုံစံကို မြင်ရင်တောင်မှ သူတို့ကို သွားရောဖို့ဆိုတာ လုံးဝ မလွယ်ပါဘူးနော်။
Kham