၁။ Aries
သင်က စွန့်စားတတ်သူဆိုတာ သူသိပါတယ်။ သူဘယ်နေရာပဲ သွားသွား သင့်ကိုခေါ်သွားဖို့ မတွန့်ဆုတ်သလို သင်သွားချင်တဲ့ နေရာကိုလည်း လိုက်ပို့ပေးဖို့ ဝန်မလေးပါဘူး။ သင်ဟာ လွတ်လပ်တဲ့ စိတ်ဓါတ်ရှိတယ်ဆိုတာ၊ သင့်ကို တစ်နေရာထဲမှာ ချည်နှောင်ထားလို့ မရနိုင်ဘူးဆိုတာ သူသိပါတယ်။ ဒီလူက သင့်ကို ပျော်ရွင်စေပါလိမ့်မယ်။ သူက သင့်နောက်လိုက်ပေးရုံသာမက သင်ပုံမှန်လုပ်နေတာထက် ပိုပြီး အရူးအမူးလုပ်ဖို့တောင် လှုံ့ဆော်ပါလိမ့်မယ်။
၂။ Taurus
Taurus အမျိုးသားတွေက သင့်အား ချီးမွမ်းပေး၊ ဂရုစိုက်ပေးခြင်းဖြင့် သင့်ကိုပျော်ရွှင်စေလိမ့်မယ့် ယောက်ျားမျိုးဖြစ်ပါတယ်။ သူက သင့်ရဲ့နေ့ရက်တိုင်းကို လှပမှုတွေ ဖန်တီးပေးပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင်ဟာ ဒီကမ္ဘာပေါ်မှာ အလှဆုံးနဲ့ အပြည့်စုံဆုံး အမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့ သင့်ကို ဘဝင်ကျစေမှာ ဖြစ်တာကြောင့်ပါ။ Taurus အမျိုးသားမှာ အဲဒီလိုလုပ်ဖို့ စွမ်းအားရှိပါတယ်။ Taurus တစ်ယောက်နဲ့ ချစ်သူဖြစ်တဲ့အခါ သူက သင့်ကို ချစ်မြတ်နိုးမှု အမြဲခံစားရစေမှာ ဖြစ်တာကြောင့် သင်ဘယ်တော့မှ လျစ်လျူရှုခံရမှာ မဟုတ်ပါဘူး။ ဒါက သူတို့လုပ်ပေးနိုင်တဲ့ အရာပါပဲ။
၃။ Gemini
သူက အရမ်းချစ်စရာကောင်းပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ သူ့ရဲ့ပုံပြင်တွေက သင့်ကို ညအချိန်မှာ နိုးနိုးကြားကြားရှိစေပါလိမ့်မယ်။ သူတို့ပြောတဲ့အထဲက တစ်ချို့ဟာ အမှန်မဖြစ်နိုင်သော်လည်း အဆုံးမှာ ဒါကအရေးမကြီးပါဘူး။ သူက သင့်ကို ချစ်စရာကောင်းတဲ့ ဇာတ်လမ်းလေးတွေ ပြောပြပါလိမ့်မယ်။ သင့်နဲ့ဘယ်လို ပြောဆိုဆက်ဆံရမယ်ဆိုတာ သူသိပြီး သင့်ကို ပျော်ရွှင်အောင်ထားမယ့်သူပါ။
၄။ Cancer
ဒီလောကမှာ အချစ်တတ်ဆုံးသူကတော့ Cancer အမျိုးသားတွေပါပဲ။ သူနဲ့အတူရှိနေချိန်မှာ သင့်ကို စက္ကန့်တိုင်းချစ်တယ်လို့ ခံစားရစေမှာ သေချာပါလိမ့်မယ်။ Cancer ရာသီခွင်တွေဟာ ချစ်ခြင်းမေတ္တာကို ရင်ခုန်ချင်စရာ၊ စိတ်ကူးယဉ်စရာအဖြစ်သတ်မှတ်တတ်ပြီး ဒဏ္ဍာရီပုံပြင်ထဲက အချစ်သူရဲကောင်းတွေကို သဘောကျ ၊ အားကျတတ်သော နှလုံးသားကို ပိုင်ဆိုင်ထားပါတယ်။ သူ့နားမှာနေတဲ့အခါ သင်ဟာ မင်းသမီးလေးတစ်ယောက်လို ခံစားရပါလိမ့်မယ်။
၅။ Leo
Leo ဟာ နူးညံ့သိမ်မွေ့ဖို့ မလွယ်ပေမယ့် နူးညံ့သိမ်မွေ့အောင် သင်တစ်ဦးတည်း လုပ်ပေးနိုင်တဲ့အခါ သင့်ဘဝတစ်လျှောက်လုံးကို သစ္စာစောင့်သိပါလိမ့်မယ်။ သူက ချစ်ခြင်းမေတ္တာဆိုတာ နှလုံးသားနှင့် ဦးနှောက် ပေါင်းစပ်ဆုံးဖြတ်ရတဲ့ အရာလို့ ခံယူထားသူလည်းဖြစ်ပါတယ်။ Leo အမျိုးသားဟာ သင့်ကိုပျော်ရွင်စေဖို့ လက်ဆောင်တွေ ဝယ်ပေးလိမ့်မယ်။ ရုပ်ရှင်ထဲမှာ မြင်ဖူးနေကျ ရိုမန့်တစ်ဆန်တဲ့ အရာတွေ လုပ်ပေးလိမ့်မယ်။ ဒီလိုလုပ်တာဟာ ကောင်းတဲ့ချိန်ရော၊ ဆိုးတဲ့အချိန်မှာပါ သူ့အနားမှာ ရှိနေပေးခြင်းအတွက် သင့်ကို ကျေးဇူးတင်ဖို့၊ ဆုချဖို့ ကြိုးစားနေတာပါ။
၆။ Virgo
Virgo အမျိုးသားတွေက အနမ်းဘုရင်တွေပါပဲ။ သင်ဟာ သင့်မှာ ရှိနေတဲ့ အခြေအနေအားလုံးမှာ သူ့အနမ်းကလွဲပြီး တခြားဘယ်အရာမှ မလိုအပ်ပါဘူး။ သူက သင်ဝမ်းနည်းနေတဲ့အခါ နှစ်သိမ့်ဖို့ နဖူးလေးပေါ်မှာ အနမ်းတစ်ပွင့် ပေးပါလိမ့်မယ်။ ပြီးတော့ သင်ပျော်နေတဲ့အခါ သင့်ကိုပိုပြီးပျော်စေဖို့ အရူးအမူး အနမ်းပေးပါလိမ့်မယ်။ သူ့ကို တွယ်ကပ်ထားပါ။ သင်နောင်တရမှာ မဟုတ်ပါဘူး။
၇။ Libra
သင့်ရဲ့ Libra အမျိုးသားဟာ သင့်အတွက် အမြဲရှိနေမှာပါ။ သင့်ကို မလုပ်မိဖို့ သတိပေးခဲ့တဲ့ အမှားတွေ လုပ်ခဲ့မိရင်တောင် နှစ်သိမ့်မှုမျိုးကိုပဲ ပေးမှာပါ။ သူက သင့်ကို ဘာပဲဖြစ်ဖြစ် ကူညီဖို့ တည်ငြိမ်စွာ ကြိုးစားပါလိမ့်မယ်။ သူ့ရဲ့လူမှုရေးစွမ်းရည်က ပြီးပြည့်စုံပါတယ်။ ပြီးတော့ သင့်ရဲ့အချစ်ရေးမှာ သူ့ရဲ့စွမ်းရည်ကို အသုံးချခြင်းဖြင့် သင့်ကိုအပျော်ရွှင်ဆုံးအမျိုးသမီးဖြစ် ရှင်သန်စေပါလိမ့်မယ်။
၈။ Scorpio
သူတို့က ခံစားချက်ကို မျိုသိပ်တတ်ပြီး တတ်အားသရွေ့ ပေးဆပ်တတ်သူတွေပါ။ သူက သင့်ကိုအရမ်းချို့တဲ့စေခြင်းဖြင့် မွန်းကျပ်စေမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့တို့ကို လိုအပ်တဲ့အချိန်မှာ သင့်အတွက် အမြဲရှိနေပါလိမ့်မယ်။ သူ့ရဲ့ခြွင်းချက်မရှိတဲ့ ပံ့ပိုးမှုကို သင်သတိထားမိလာစေခြင်းဖြင့် သူက သင့်ကို ဘယ်လောက်ချစ်ကြောင်းပြပါလိမ့်မယ်။
၉။ Sagittarius
Sagittarius နဲ့ချစ်သူဖြစ်ရင် သင်တို့အချစ်ရေးဟာ အတက်အကျရှိပါလိမ့်မယ်။ သို့သော် သူတို့က သင့်ကို အရမ်းချစ်ပါလိမ့်မယ်။ သူတို့ရဲ့ နှလုံးသားဟာ သနားလွယ်၊ ယုံလွယ်၊ စိတ်ညွတ်လွယ်တတ်ပါတယ်။ သူက သင့်ကို စိတ်ပျက်အောင် ဘယ်တော့မှ လုပ်မှာ မဟုတ်ပါဘူး။ သူက ချစ်မိပြီဆိုတာနဲ့ ဘာကမှ သူ့ကို ပြတ်အောင်လုပ်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒီအတွက် သေချာနိုင်ပါတယ်။ Sagittarius တစ်ယောက်ဟာ ဟာသဉာဏ်ရှိသူဖြစ်ပြီး သူနဲ့ချိန်းတွေ့ချိန်ဆိုရင် သင့်မျက်နှာပေါ်မှာ အပြုံးတွေ အမြဲရှိနေပါလိမ့်မယ်။
၁၀။ Capricorn
သူက go-getter တစ်ယောက်ဖြစ်တာကြောင့် သင့်ကို အမြဲတမ်း strong ဖြစ်စေချင်၊ ပိုကောင်းစေချင်ပါလိမ့်မယ်။ သူတို့က ချစ်သူကို အလုံးစုံ တိုးတက်စေဖို့ မိမိနှလုံးသား ဘဝတစ်ခုလုံးအား အနစ်နာခံပေးဆပ်ရန် ဝန်မလေးတဲ့ အချစ်ပိုင်ရှင်တွေဖြစ်ပါတယ်။ သူ့ကို ချစ်မိတာကြောင့် ကိုယ့်ကိုယ်ကို မိုက်မဲတယ်လို့ ဘယ်တော့မှ ခံစားရမှာ မဟုတ်ပါဘူး။
၁၁။ Aquarius
Aquarius အမျိုးသားက သူဘယ်လိုခံစားရတယ်ဆိုတာကို အမြဲတမ်းပြောပါလိမ့်မယ်။ သူ့ဆီကနေ ဘာမျှော်လင့်လို့ရမယ်၊ ဘယ်လိုပြုမှုရမယ်ဆိုတာကို သင်အတိအကျ သိပါလိမ့်မယ်။ သူက သင့်နောက်ကွယ်မှာ ဘယ်တော့မှ အရူးလုပ်မှာ၊ လိမ်ပြောမှာ မဟုတ်ပါဘူး။ သူ့စကားလုံးတွေကို ချောမွေ့အောင် ဘယ်လိုပြောရမယ်ဆိုတာ သူသိပါတယ်။ ဒါက သင့်ကိုပျော်ရွင်စေလိမ့်မယ့် အရာဖြစ်ပါတယ်။
၁၂။ Pisces
Pisces မှာ ဟာသဉာဏ်ရှိပြီး သင့်ကို အမြဲတမ်း ရယ်မောစေပါလိမ့်မယ်။ ပြုံးခြင်းက သင်လုပ်ချင်တဲ့ နောက်ဆုံးအရာဖြစ်တဲ့အခါ သင့်ကို ဘယ်လို ပြုံးအောင် လုပ်ရမလဲဆိုတာ အတိအကျ သူသိပါလိမ့်မယ်။ သူက classic dreamer တစ်ယောက်ဖြစ်ပြီး ဘဝကို ဘယ်တော့မှ အရမ်းကြီး အလေးအနက်ထားခွင့်ပြုမှာ မဟုတ်ပါဘူး။ ပြီးတော့ သူက သူ့ရဲ့အိမ်မက်လောကထဲကို ခေါ်သွားမှာပါ။ ခဏလေးဆိုရင်တောင် သင့်ရဲ့ဒုက္ခတွေနဲ့ပတ်သတ်ပြီး မေ့သွားမှာပါ။ သူတို့က ချစ်မိပြီဆိုရင် ထိုသူအတွက် မိမိတတ်စွမ်းသမျှ အရာရာပေးဆပ်ရမည် ဟူသော သဘောထားကို လက်ကိုင်ထားသူ ဖြစ်ပါတယ်။
Lifestyle_Myanmar
LM_Nandar
Source-herway