ကိုယ့်ရဲ့ ရာသီခွင်အရ ကိုယ်ဟာ ဘယ်လိုချစ်သူကောင်မလေးမျိုးလဲ (အဆိုးဆုံးကနေ အကောင်းဆုံးအထိ)
lifestylemyanmar.com
|
2020-11-11



၁။ Scorpio




Scorpio အမျိုးသမီးတွေဟာ ရာသီခွင်ထဲမှာ ကြောက်စရာအကောင်းဆုံးချစ်သူကောင်မလေးတွေဖြစ်ပါတယ်။ သူတို့ဟာ ဆက်ဆံရေးထဲက ဘယ်လိုအစိတ်အပိုင်းကိုမဆို ထိန်းချုပ်ဖို့ကြိုးစားတတ်သူတွေပါ။ သူတို့ဟာ အေးစက်စက်နှင့် အကြင်နာမဲ့စွာဖြတ်သန်းတတ်ကြသူတွေပါ။ သင့်အနေနဲ့ အရေခွံထူနေမှသာ သူတို့နဲ့ လက်တွဲဖို့စဉ်းစားသင့်ပါတယ်။ ယုတ်မာတာတော့မဟုတ်ပေမယ့် အလွန်လက်တွေ့ကျပြီး မြင့်မားတဲ့စံချိန်၊ စံနှုန်းတွေရှိနေပါတယ်။ ဒါ့ကြောင့်လည်း သူတို့ဆီက ချစ်ခြင်းမေတ္တာကို ပိုင်ဆိုင်ရဖို့ အင်မတန်ခက်ခဲပါတယ်။ သူတို့ကို သစ္စာဖောက်မိတယ်ဆိုရင် ခွင့်လွှတ်ခြင်းကို ဘယ်တော့မှ မမျှော်လင့်ပါနဲ့။

၂။ Vigros




Vigro တွေကတော့ ဝေဖန်တဲ့နေရာမှာ နာမည်ကြီးရာသီခွင်ဖြစ်ပါတယ်။ သူတို့စိတ်ဝင်စားတဲ့လူဆိုတာ ဘယ်တော့မှ ပြည့်စုံနေတယ်ဆိုတာ မရှိပါဘူး။ ဒါ့ကြောင့် Relationship မှာ ခက်ခဲစေပါတယ်။ သူတို့ဟာ မလုံခြုံမှုနှင့် မနာလိုမှုတွေနဲ့ပဲ ဆက်ဆံရေးတွေကိုလည်း အဆုံးသတ်သွားစေနိုင်ပါတယ်။ သူတို့ဟာ ပြီးပြည့်စုံဖို့ မျှော်လင့်တတ်ကြတဲ့သူတွေဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း သူတို့ကိုယ်တိုင်က မအောင်မြင်တဲ့အခါ ကိုယ့်ကိုယ်ကိုယ်ရိုက်နှက်တာတွေအထိ လုပ်တတ်ကြတာတွေ့ရပါလိမ့်မယ်။ တစ်ဆက်တည်းမှာပဲ သူတို့ကိုယ်သူတို့ ဝေဖန်ရုံတင်မကဘဲ သင့်ကိုပါ အဆစ်ဆွဲသွင်းပြီး ပြင်းပြင်းထန်ထန်ဝေဖန်ရှုတ်ချပါလိမ့်မယ်။ ဒါ့ကြောင့် ဒီရာသီခွင်အတွက် RS နဲ့ ပတ်သက်ပြီး အခက်ခဲဆုံးအရာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပြဿနာနှင့် မနာလိုမှုဖြစ်ပါတယ်။

၃။ Aries




RS တစ်ခုမှာ Aries တွေက လမ်းခွဲထွက်ခွာဖို့ မြန်ဆန်လွန်းတာက ပြဿနာပါပဲ။ တစ်ခါတရံမှာ အမျိုးသားတွေရဲ့ ခက်ခဲတဲ့အခြေအနေအားလုံးကို ထိန်းချုပ်ချင်ကြပါသေးတယ်။ သူတို့ရဲ့ ခိုင်မာတဲ့ကိုယ်ရည်ကိုယ်သွေးတွေက သူတို့ရဲ့ ဆွဲဆောင်မှုတစ်ခုလည်းဖြစ်ပါတယ်။ ဒေါသထွက်လွယ်ခြင်းကလည်း သူတို့ကို ပိုသိလာတာနဲ့အမျှ ဘယ်လောက်အထိ အထိအခိုက်မခံဘူးလဲဆိုတာ တွေ့လာရပါလိမ့်မယ်။ အတွင်းပိုင်းစိတ်ခံစားချက်တွေက နူးညံ့နေမယ်ဆိုရင် သူတို့ပြောတဲ့စကားလုံးတွေက တိုက်ခိုက်တဲ့စကားလုံးတွေဖြစ်နေတတ်ပါတယ်။ RS နဲ့ ပတ်သက်ပြီး Aries တွေရဲ့ အဆိုးရွားဆုံးပြဿနာတွေပါ။

၄။ Taurus




Taurus တွေကတော့ လွတ်လပ်လွန်းပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူတွေပါ။ သူတို့ဘေးမှာ သူတို့ရဲ့ ပါတနာရှိနေမယ်ဆိုရင် ဂရုမစိုက်ဘဲ ပျော်တတ်သူတွေဖြစ်ပါတယ်။ သူတို့ကို တစ်ဦးဦးက ဦးဆောင်လမ်းပြတာတွေ ကြိုက်တတ်သူတွေမဟုတ်ဘဲ ကိုယ်ပိုင်ဘဝမှာသာ ပျော်ရွှင်နေတတ်သူတွေလည်းဖြစ်ပါတယ်။ သူတို့မှာ အေးအေးဆေးဆေးနေတတ်ကြတယ်ဆိုပေမယ့် RS တစ်ခုအဆုံးသတ်သွားတဲ့အခါ သင့်အတွက် ဒုတိယအခွင့်အရေးဆိုတာကတော့ ရှိမှာမဟုတ်ပါဘူး။ RS တစ်ခုဆိုတာကလည်း တစ်ဦးနဲ့တစ်ဦး စောင့်သိကြရမယ့် တာဝန်ဝတ္တရားတွေနှင့် စည်းမျဉ်းတစ်ချို့ရှိတာကြောင့် Taurus တွေအတွက် မလွယ်ကူတာဖြစ်ပါတယ်။

၅။ Cancer




Cancer အမျိုးသမီးတွေဟာ တော်တော်လေးစိတ်ခံစားလွယ်ပြီး ဒီအချက်ကပဲ သူတို့ကို စိတ်ပူပန်သောကတွေရရှိစေတာဖြစ်ပါတယ်။ နာကျင်လွယ်ပေမယ့် ရေရှည်ဆက်ဆံရေးအတွက်တော့ မှန်ကန်တဲ့ရွေးချယ်မှုတွေကို ပြုလုပ်တတ်ကြတဲ့ စံပြရာသီခွင်လည်းဖြစ်ပါတယ်။ ဒါပေမယ့် ဆက်ဆံရေးနဲ့ပတ်သက်ပြီးလည်း ဒုတိယနေရာမှာ ထားတတ်သူတွေပါ။

၆။ Leo




Leo တွေဟာ တစ်ခါတရံမှာ လက်တွေ့မဆန်တဲ့ မျှော်လင့်ချက်တွေနဲ့အတူ မျှော်လင့်ချက်မဲ့တဲ့အချစ်ဇာတ်လမ်းတွေကိုသာ ပိုင်ဆိုင်ကြရပါတယ်။ ဒီလိုလက်တွေ့မကျတဲ့ မျှော်လင့်ချက်တွေကပဲ သူတို့ကို ထိခိုက်စေနိုင်ပါတယ်။ အားထုတ်မှုမရှိတဲ့ ဆိုးသွမ်းတဲ့ကောင်လေးတွေကို ချစ်ကြမယ်။ ပြီးရင် ပြုပြင်မယ်။ သူတို့ရဲ့ မကျေနပ်မှုပြဿနာအများစုဟာ သူတို့က အလွန်အကျွံပေးပြီး တစ်ဖက်က အလုံအလောက်မယူကြတာကြောင့်ဖြစ်ပါတယ်။ ယုံကြည်မှုရှိပေမယ့်လည်း သူမရဲ့ ဆုံးဖြတ်နိုင်စွမ်းက အကောင်းဆုံးတော့ မဟုတ်ပါဘူး။

၇။ Aquarius




Aquarius တွေကတော့ ထူးဆန်းတဲ့အမျိုးသမီးတွေပါ။ သို့ပေမယ့်လည်း အဆိုးရွားဆုံးချစ်သူကောင်မလေးတွေမဟုတ်ကြပါဘူး။ သူတို့က စမတ်ကျတယ်၊ ထူးခြားတယ် နောက်ပြီး အသိဉာဏ်ပညာတွေကို ချစ်မြတ်နိုးကြသူတွေလည်းဖြစ်ပါတယ်။ သူတို့ရဲ့ သစ္စာတရားတွေကို ရရှိဖို့တော့ ခက်ခဲပါတယ်။ သို့ပေမယ့် သူတို့ဟာ သင့်အပေါ်မှာတော့ မှန်မှန်ကန်ကန်ပြောဆိုဆက်ဆံကြမှာပါ။ သူတို့ဟာ အားနည်းချက်တွေကို အပြုသဘောအဖြစ် ရှုမြင်ပေးပြီး သင့်ကို ချစ်ခြင်းမေတ္တာနဲ့ သာ လွှမ်းမိုးကြသူတွေပါ။ သူတို့ကို ကောင်းကောင်းစိတ်ရှည်သည်းခံနိုင်မယ်ဆိုရင် သင့်အတွက် အကျိုးကျေးဇူးတွေအများကြီးရရှိနိုင်ပါတယ်။

၈။ Gemini




Gemini တွေကတော့ တော်တော်လေးမတူကွဲပြားတဲ့ side နှစ်ခုရှိကြသူတွေပါ။ တစ်ဖက်က ပျော်ဖို့ကောင်းပြီး အပြုသဘောအမြင်တွေစိတ်သဘောထားတစ်ခုဖြစ်ပြီး တစ်ခြားတစ်ဖက်မှာတော့ မှောင်မိုက်နေတဲ့ အပျက်သဘောဆောင်တဲ့ဘက်ခြမ်းတစ်ခုရှိနေပါသေးတယ်။ ဆက်ဆံရေးအစပိုင်းမှာတော့ ဒုတိယဘက်ခြမ်းကို ကောင်းကောင်းဖုံးကွယ်ဖို့ကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် ဘာကြောင့် Gemini တွေဟာ အကောင်းဆုံးချစ်သူ နံပါတ်(၅) နေရာမှာရှိနေရတာလဲဆိုရင် သူတို့ဟာ သစ္စာအရှိဆုံးရာသီခွင်ဖြစ်တာမို့ပါ။ သူတို့ဟာ အရာရာထက်ပိုပြီး ယုံကြည်မှုကို တန်ဖိုးထားကြပြီး ဒါကလည်း ဆက်ဆံရေးအောင်မြင်ရခြင်းရဲ့ အဓိကသော့ချက်ဖြစ်ပါတယ်။ သူတို့ကို နာကျင်စေမယ်ဆိုရင် စကားနှစ်ခါပြောမယ့် ရာသီခွင်မဟုတ်ပါဘူး။

၉။ Libra




Libra တွေကတော့ အမြဲတမ်းလိုလို တော်တော်လေးမျှတတဲ့ ရာသီခွင်ဖြစ်ပါတယ်။ ပဋိပက္ခတွေကို ရှောင်ကြဉ်ခြင်းက မကျန်းမာတဲ့အခြေအနေတစ်ခုကို ဖြစ်နိုင်ပါတယ်။ ပြဿနာကို ရှောင်လေလေ ထိပ်တိုက်တွေ့ရလေလေပါပဲ။ သူတို့ဟာ တော်တော်လေးချစ်စရာကောင်းပြီး လူမှုဆက်ဆံရေးရာသီခွင်တွေလည်းဖြစ်ပါတယ်။ Libra ဟာ ရာသီခွင်အားလုံးထဲမှာ အကြင်နာတတ်ဆုံးရာသီခွင်လည်းဖြစ်ပါတယ်။ သူတို့ရဲ့ အားနည်းချက်က တော်တော်လေးဒေါသဖြစ်ခဲပါတယ်။

၁၀။ Capricorn




ဒီရာသီခွင်ရဲ့ အမျိုးသမီးတွေကတော့ ခေါင်းမာပြီး လွှမ်းမိုးတတ်သူတွေဖြစ်ပေမယ့် သူမရဲ့ ချစ်သူကို အကောင်းဆုံးဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးနိုင်သူတွေပါ။ သူမဟာ သူမချစ်သူတွေကို အမြဲတမ်းကာကွယ်ပေးပါတယ်။ သူမရဲ့ စိတ်နှလုံးကို ကောင်းကောင်းပိုင်ဆိုင်နိုင်တယ်ဆိုရင် သင်ဟာ ရှားပါးလူသားတစ်ယောက်လို့ ခံယူလိုက်ပါ

၁၁။ Sagittarius




Sagittarius တွေဟာ သူတို့ကိုယ်ပိုင်ရဲ့ အဆိုးရွားဆုံးရန်သူဖြစ်ပြီး အပြင်းထန်ဆုံးဝေဖန်သူတွေဖြစ်ပေမယ့် တစ်ခြားလူတွေရဲ့ ဘဝကိုတော့ ကောင်းကောင်းမြှင့်တင်ပြီး ၎င်းတို့ရဲ့ ပင်ကိုယ်စွမ်းရည်ကို မြင်သာအောင် ကူညီပေးပါတယ်။ သူတို့ဟာ ကိုယ်ကျိုးစွန့်ပြီး တစ်ခြားလူတွေကို ဦးဆုံးစဉ်းစားပေးတတ်ကြပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်ခံစားချက်တွေနှင့် လိုအပ်ချက်တွေကို လျစ်လျူရှုလေ့ရှိကြပါတယ်။ ယုံကြည်စိတ်ချမှုအပြည့်အဝရရှိတာနဲ့တစ်ပြိုင်နက် သူတို့ရဲ့ သစ္စာစောင့်သိမှုကိုပါ သင်ရရှိပါလိမ့်မယ်။

၁၂။ Pisces




ပထမဆုံးအချက်ကတော့ အကြီးအကျယ်ရှက်တတ်တာပါပဲ။ ရာသီခွင်ထဲမှာ လျှို့ဝှက်အဆန်းကြယ်ဆုံးရာသီခွင်လည်းဖြစ်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုနှင့် ချစ်မြတ်နိုးမှုကို ရရှိအောင်ကြိုးစားပြီး လက်တွေ့ပိုင်ဆိုင်ရလာတဲ့အခါ သင်ကိုယ်တိုင်က ထူးခြားတဲ့မိန်းကလေးတစ်ယောက်ကို တွေ့ရပါလိမ့်မယ်။ သူတို့ဟာ လူတွေကို အကဲခတ်ရတာ အရမ်းသဘောကျတတ်ကြပါတယ်။ သူတို့ရဲ့ ပင်ကိုယ်သိစိတ်ကို အရာရာတိုင်းထက် ပိုအားကိုးကြတယ်။ ခံစားချက်ကို ဦးစားပေးတတ်သလို သူတို့အတွက်လည်း တကယ်အကျိုးရှိပါတယ်။

Lifestyle_Myanmar
Nyein_Thu


Ref-herbeauty, thoughtcatalog,the clever, herway


#ရာသီခွင်
#အဆိုးရွားဆုံး
#တစ်ခြားလူ
#ယုံကြည်မှု
#ကောင်းကောင်း

Some text some message..