အဝတ်အထည်၏ နူးညံ့မှုကို ရာနှုန်းပြည့်ထောက်ပံ့ပေးနိုင်မည့် Wobble နည်းပညာပါဝင်သော Samsung အဝတ်လျှော်စက်
mmtimes.com
|
2020-11-12



ဓာတ်ပုံ - ပေးပို့။

အဝတ်အထည်၏ နူးညံ့မှုကို ရာနှုန်းပြည့်ထောက်ပံ့ပေးနိုင်မည့် Wobble နည်းပညာပါဝင်သော Samsung အဝတ်လျှော်စက်


အဝတ်လျှော်စက်ဝယ်မယ်ဆိုရင် ဘယ်လိုအချက်တွေက အဓိကကျပါသလဲ။ လျှော်မယ့်အဝတ်တွေ သန့်ရှင်းတောက်ပြောင်နိုင်ရမယ်၊ အသုံးပြုရလွယ်မယ်၊ အရွယ်အစားကလည်း သင့်တင့်ရမယ်၊ အခြောက်ခံ စနစ်ပါရမယ်၊ ဒီဇိုင်းက အများထက်သာလွန်ကောင်းမွန်နေရမယ် စတဲ့အချက်တွေကိုတော့ ဝယ်သူတိုင်း ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုမိုသာလွန်မယ့် အဝတ်လျှော်စက်တစ်လုံးကို ရွေးချယ်မယ်ဆိုရင်တော့လည်း မခက်ခဲတော့ပါဘူး။

အဝတ်လျှော်စက်တစ်လုံးရဲ့ အခြေခံကောင်းမွန်မှုတွေအပြင် နည်းပညာသာလွန်မှု အားသာချက်တွေ အများကြီးရှိမယ့် Samsung ရဲ့ Top Loader Washing Machine (7.5 Kg) အဝတ်လျှော်စက် ပြည်တွင်း ဈေးကွက်ထဲမှာ ဝယ်ယူရရှိနိုင်ပါပြီ။

Samsung ရဲ့ Top Loader Washing Machine (7.5 Kg) အဝတ်လျှော်စက်က ဘာတွေအားသာချက်ရှိလဲ


အဝတ်လျှော်စက်မှာ Wobble နည်းပညာ ထည့်သွင်းထားပါတယ်။ အဲဒီနည်းပညာက နူးညံ့တဲ့ချည်စတွေရဲ့ ရှုပ်ထွေးမှုကို ကာကွယ်ပေးမှာဖြစ်ပါတယ်။ Wobble pulsators တွေရဲ့ ထူးခြားတဲ့ တည်ဆောက်ပုံက အားကောင်းကောင်း နေရာစုံလှည့်လျှော်ပေးမှာဖြစ်ပြီး အဝတ်အထည်တွေကို မထိခိုက်အောင် အစွန်းချွတ်ပေးနိုင်မှာဖြစ်ပါတယ်။ Samsung အဝတ်လျှော်စက်ရဲ့ Air Turbo အခြောက်ခံစနစ်က အချိန်တို အတွင်းမှာ အဝတ်တွေကို ခြောက်စေမှာဖြစ်ပါတယ်။ ရေတွေကို ညှစ်ထုတ်၊ အဝတ်လျှော်စက်ကို မြန်မြန်လည်စေပြီး လေတွေကို စုပ်ယူမှုကြောင့် အဝတ်တွေကို မြန်မြန်ခြောက်စေမှာဖြစ်ပါတယ်။ ဒါကြောင့် အဝတ်တွေ၊ စောင်တွေကို အခြောက်ခံဖို အချိန်မကုန်တော့ပါဘူး။

ဓာတ်ပုံ - ပေးပို့။

Samsung ရဲ့ Top Loader Washing Machine (7.5 Kg) မှာ Eco Drum Clean နည်းပညာလည်း ပါဝင်ပြီး ဓာတုပစ္စည်းသုံးစရာမလိုဘဲ Top load washer ကို သန့်ရှင်းနေစေမှာဖြစ်ပါတယ်။ တကယ်လို့ သန့်စင်ဖို့ လိုအပ်နေပြီဆိုရင်တော့ စက်က အလိုလျောက်အချက်ပြပေးဦးမှာဖြစ်ပါတယ်။ နည်းပညာတွေအများ ကြီးထည့်သွင်းထားလို့ စက်ကို အလွယ်တကူ မကိုင်တတ်မှာလည်း စိတ်ပူစရာမလိုပါဘူး။ အချိန်ကြာကြာ ခံစေပြီး အမြင်လှစေတဲ့ ခေတ်မီဒီဇိုင်းအဖြစ် ပြုလုပ်ထားတာဖြစ်ပါတယ်။ သဘာဝကောက်ကြောင်း ဒီဇိုင်း က slanted, dual cluster control နဲ့ လိုက်ဖက်ညီစေမှာဖြစ်ပါတယ်။ အထူးသဖြင့် ရေခဲပြာရောင် LED display က တိကျတဲ့ သတင်းအချက်အလက်တွေကို ဖော်ပြပေးပြီး တာရှည်ခံတဲ့ မှန်တံခါးက အထဲ မှာ ရှိတာတွေကို အလွယ်တကူ မြင်စေပါတယ်။

ကိုယ်ရွေးချယ်ထားတဲ့ cleaning programs တွေနဲ့ ပတ်သက်ပြီး နားလည်လွယ်မယ့် အချက်အလက်၊ တိကျတဲ့ သတင်းတွေကို ပေးတဲ့အတွက် အသုံးပြုရလွယ်ကူမှာပါ။ slanted, dual cluster control panel ပါရှိပြီး ဘေးနှစ်ဘက်မှာ ခလုတ်တွေထည့်ထားတဲ့ ဒီဇိုင်းက အဝတ်လျှော်စက်တစ်လုံးထက်ပိုတဲ့ သာလွန်ကောင်းမွန်မှု သက်သေပါပဲ။

ဓာတ်ပုံ - ပေးပို့။

Samsung ရဲ့ Top Loader Washing Machine (7.5 Kg) အဝတ်လျှော်စက်မှာ ချောမွတ်တဲ့ အစွန်းဝိုင်း၊ နူးညံ့သိမ်မွေ့တဲ့ ကောက်ကြောင်းတွေက လက်ရှိခေတ်နဲ့ အလိုက်ဖက်ညီဆုံးသော ဒီဇိုင်းလည်းဖြစ်ပါတယ်။ အနာစွန်းတွေအကုန်လုံးက သေသပ်ပြီး ချွန်ထက်တဲ့ ထောင့်စွန်းတွေ မရှိတော့တဲ့အတွက် အဝတ်ညှိရာမှာ လက်မရှနိုင်တော့ပါဘူး။ ဖန်တံခါးအမာက အတွင်းထဲကို ထိုးဖောက်မြင်ရမှာဖြစ်ပါတယ်။ ဖိအားခံနိုင်အောင် ဖန်တီးထားတာကြောင့် ခြစ်ရာပွန်းရာတွေဖြစ်စေမှာမဟုတ်ဘဲ အချိန်ကြာသွားသည့်တိုင် အောင်အသစ်အတိုင်းဖြစ်နေမှာပါ။ Magic Filter က အဝတ်ရှိ အမှုန်အမွှားတွေကို ရေဆင်းပေါက်မှာ ပိတ်မနေစေအောင် စုပေးထားမှာဖြစ်ပါတယ်။ Water Fall နည်းပညာကြောင့် အားကောင်းတဲ့ရေဖြန်း စနစ်ကိုရရှိမှာဖြစ်ပြီး ဆပ်ပြာမှုန့်ကို ညီညီညာညာနှံ့စေ၊ အဝတ်ကို သေသေချာချာလျှော်ပေးစေမှာဖြစ်ပါတယ်။


အဝတ်လျှော်စက်မှာပါဝင်တဲ့ Function နဲ့ ဒီဇိုင်းတွေအပေါ် မူတည်ပြီး ဈေးနှုန်းအသီးသီးလည်း ကွဲပြားခြားနားမှာဖြစ်ပါတယ်။ အခုဖော်ပြထားတဲ့ Samsung ရဲ့ Top Loader Washing Machine (7.5 Kg) ဆိုရင် ဈေးနှုန်းအားဖြင့် 249,000 ကျပ်ပဲ ကျသင့်မှာပါ။ ဒါ့အပြင် Samsung ရဲ့ Top Loader Washing Machine မှာ 7.5 Kg ကနေ 15 Kg ထိ အမျိုးအစား အများကြီး ရွေးချယ်လို့ရမှာဖြစ်ပြီး ဈေးနှုန်းအနေဖြင့် 249,000 ကျပ်ကနေ စတင်ပြီး ကျပ် ၇ သိန်းအထိ အမျိုးအစားအလိုက်

www.samsung.com/mm ဝက်ဘ်ဆိုက်ကနေ ဝယ်ယူနိုင်ပါပြီ။


#အဝတ်
#Samsung
#သာလွန်
#ဒီဇိုင်း
#နည်းပညာ

Some text some message..