ထူးခြားချက်တစ်ခုအနေနဲ့ ဒီလိုမျိုး Friday 13 ဖြစ်တဲ့လကို အစပြုတဲ့နေ့က အမြဲတမ်းတနင်္ဂနွေဖြစ်နေတာပါ။ မယုံဘူးလား ဒါဆို ပြက္ခဒိန်ကြည့်လိုက်နော်။ အခုနိုဝင်ဘာလရဲ့ (၁) ရက်နေ့ကလည်း တနင်္ဂနွေနေ့ဖြစ်နေပါတယ်။
တော်တော်များများကတော့ မင်းတို့အရှေ့တိုင်းသားတွေ အရမ်းအယူသည်းတယ်ချည်းပြောလေ့ရှိပေမယ့် အနောက်တိုင်းသားတွေ အသည်းအသန်အယူသည်းတဲ့ Friday 13 ဆိုတာလည်းရှိပါတယ်။ ဒါကတော့ လတစ်လရဲ့ (၁၃) ရက်နေ့က သောကြာနေ့မှာကျရောက်ပြီး Friday 13 ဖြစ်တယ်ဆိုရင် အဲ့ဒီနေ့ကို ကံဆိုးတဲ့နေ့တစ်နေ့အဖြစ် သတ်မှတ်ထားကြတာပါ။
ဒီလိုမျိုး Friday 13 ဘယ်လိုမျိုးအစပြုခဲ့လဲဆိုတာကို ပြောပြပါမယ်။ ရိုးရာယဉ်ကျေးမှု သမိုင်းပညာရှင် ဒေါ်နယ်ဒို့ဆီရဲ့အဆိုအရ ဒီလိုမျိုး Friday 13 က နတ်ဘုရား (၁၂) ပါးရဲ့ ညစာစားပွဲက အစပြုခဲ့တာပါတဲ့။ ဒါပေမယ့် အဲ့ဒီညစာစားပွဲကို မဖိတ်ထားတဲ့ လိုကီဆိုတဲ့ နတ်ဘုရားတစ်ပါးက ရောက်ရှိလာခဲ့ပြီး (၁၃) ပါးဖြစ်သွားခဲ့ကာ Hoar ဆိုတဲ့နတ်ဘုရားအတွက် Balder နတ်ဘုရားကို သတ်ဖြတ်ခဲ့ပါတယ်။ ဒို့ဆီက “Balder သေသွားခဲ့ပြီး ကမ္ဘာကြီးလည်း အမှောင်ကျသွားခဲ့ပါတယ်။ တစ်ကမ္ဘာလုံးလည်း ဝမ်းနည်းခဲ့ရပြီး အဲ့ဒီနေ့က ကံဆိုးတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပါတယ်။” လို့ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအချိန်ကစပြီး အနောက်တိုင်းသားတွေဆီမှာ နံပါတ် (၁၃) က ကံဆိုးစေတဲ့ဂဏန်းတစ်ခုဖြစ်ခဲ့ပြီး ဒီအယူအဆက အရှေ့တိုင်းအထိ စိမ့်ဝင်ပျံ့နှံ့ခဲ့ပါတယ်။
အမေရိကန်နိုင်ငံမှာဆိုရင် Friday 13 မှာ ကလေးမွေးဖွားမှုပေါင်းက ထောင်နဲ့ချီရှိနေပေမယ့် အရေအတွက် (၈၀၀) အောက်သာရှိတဲ့ မိဘတွေကပဲ သူတို့ရဲ့ သားသမီးတွေကို Friday 13 မှာ မွေးဖွားတယ်ဆိုပြီး မွေးစာရင်းထည့်သွင်းလေ့ရှိပါတယ်တဲ့။ ရိုးရိုးမွေးတာနဲ့ ဗိုက်ခွဲမွေးတာ နှစ်ခုအနက် ဗိုက်ခွဲမွေးဖို့ စီစဉ်ထားတဲ့ မိခင်လောင်းတွေဟာ သူတို့ရဲ့ရင်သွေးကို ဒီလိုမျိုး Friday 13 မှာ မွေးဖွားဖို့အတွက် အယူသည်းနေတုန်းပါ။ ဒါ့အပြင် ဒီလိုမျိုးသောကြာနေ့နဲ့ (၁၃) ရက်နေ့ တစ်ထပ်တည်းကျတဲ့နေ့မှာသာ ကလေးမမွေးချင်ကြတာမဟုတ်ဘဲ ကျန်တဲ့လတွေရဲ့ ဘယ်လိုနေ့တွေမှာမဆို (၁၃) ရက်နေ့ကို ကံဆိုးတဲ့နေ့အဖြစ် သတ်မှတ်ပြီး အဲ့ဒီ (၁၃) ရက်နေ့မှာ ကလေးမွေးဖွားနှုန်းက တော်တော်လေးကို ကျဆင်းလာခဲ့ပါပြီ။
ထူးခြားချက်တစ်ခုအနေနဲ့ ဒီလိုမျိုး Friday 13 ဖြစ်တဲ့လကို အစပြုတဲ့နေ့က အမြဲတမ်းတနင်္ဂနွေဖြစ်နေတာပါ။ မယုံဘူးလား ဒါဆို ပြက္ခဒိန်ကြည့်လိုက်နော်။ အခုနိုဝင်ဘာလရဲ့ (၁) ရက်နေ့ကလည်း တနင်္ဂနွေနေ့ဖြစ်နေပါတယ်။ ဒီလိုမျိုး Friday 13 နဲ့ပတ်သက်လို့ အယူသည်းတဲ့သူတွေကို friggatriskaidekaphobia လို့ခေါ်ကြပြီး ကမ္ဘာတစ်ဝန်းလုံးက လုပ်ငန်းရှင်တွေကလည်း ဒီလိုနေ့ကို အယူသည်းတတ်ကြပါတယ်။
အထပ်မြင့်အဆောက်အအုံတွေ၊ ဟိုတယ်တွေ၊ ဆေးရုံတွေမှာ (၁၃) လွှာကို ကျော်ကာ ရေတွက်လေ့ရှိပြီး လေဆိပ်တော်တော်များများမှာဆိုလည်း ဂိတ်နံပါတ် (၁၃) မရှိပါဘူး။ နောက်ပြီး ကမ္ဘာတစ်ဝန်းက စားသောက်ဆိုင်တွေမှာ လူ (၁၃) ယောက် ညစာစားမယ်ဆိုရင်လည်း အဲ့ဒါကို ကံဆိုးမှုတစ်ခုအဖြစ် သတ်မှတ်ကြပါတယ်တဲ့။ Friday 13 က တစ်နှစ်မှာ အနည်းဆုံး (၁) ကြိမ်ကနေ အများဆုံး (၃) ကြိမ်လောက်အထိ ပါဝင်တတ်ကြပြီး လာမယ့် (၂၀၂၁) ခုနှစ်၊ (၂၀၂၂) ခုနှစ်တို့မှာတော့ Friday 13 က တစ်ရက်စီပဲ ပါဝင်မှာပါ။ ဒါပေမယ့် အချို့နိုင်ငံတွေမှာတော့ ဒီလိုမျိုး Friday 13 တို့၊ နံပါတ် (၁၃) တို့နဲ့ ပတ်သက်ပြီး ဆိုးဆိုးရွားရွား အယူသည်းတာမျိုးတော့မရှိပါဘူး။
ကဲ… ပရိသတ်ကြီးရေ။ လူတစ်ယောက်နဲ့ တစ်ယောက် အယူသည်းတာချင်းတော့ ဘယ်တူပါ့မလဲနော်။ အခု နံပါတ် (၁၃) လည်း ဒီတိုင်းပါပဲ။ ကျွန်တော်တို့လည်း ငယ်ငယ်တည်းက အခုထိ နံပါတ် (၁၃) ဆိုတာနဲ့ ကံဆိုးတယ်ဆိုပြီး ဘုမသိဘာမသိ မှတ်လာခဲ့ကြတာပဲလေ။ အဲ့ဒါကြောင့် ပရိသတ်တွေအားလုံး ဒီလိုမျိုးနံပါတ် (၁၃) နဲ့ပတ်သက်တာ၊ Friday 13 အကြောင်း အစရှိတာတွေကို သိရှိနိုင်ဖို့အတွက် မျှဝေပေးလိုက်ခြင်းပဲဖြစ်ပါတယ်ခင်ဗျာ။
#HM
#LifestyleMyanmar
Source: fivethirtyeight, wikipedia, timeanddate, history