ဓာတ်ပုံ - ပေးပို့။
ကလေးတွေ ကျန်းမာရေးအတွက် ဘယ်လိုစာကြည့်စားပွဲနှင့် ထိုင်ခုံမျိုးကို ရွေးချယ်သင့်သလဲ
ကလေးတွေ ထိုင်တဲ့ပုံစံနဲ့ ပတ်သက်ရင်တော့ စနစ်တကျထိုင်တတ်အောင်သင်ဖို့ အကောင်းဆုံးအချိန်က သူတို့လေးတွေ ငယ်ရွယ်တုန်းအချိန်ဖြစ်ပါတယ်။ ငယ်တုန်းမှာ အရိုးဖွဲ့စည်းပုံတွေက ပျော့ပျောင်းနေပါ သေးတယ်... ဒီတော့ Ergonomic အလေ့အကျင့်လေးတွေသာ ငယ်ကတည်းက ကျင့်ပေးခဲ့ရင် ကြီးလာတဲ့အချိန်အထိ အများကြီး အကျိုးရှိနိုင်ပါတယ်။
Ergonomic practice ဆိုရင် Ergonomic စာရေးခုံနဲ့ ထိုင်ခုံတွဲလျက်လေး တစ် set လောက်ဆိုရင်ကို ကလေးအတွက် အင်မတန် အထောက်အကူဖြစ်ပါတယ်။ Ergonomic Furniture ဆိုတာကတော့ စားပွဲနဲ့ ထိုင်ခုံ အနိမ့်အမြင့်ကို လိုသလိုညှိလို့ရတဲ့ Furniture ဖြစ်ပါတယ်။ Desktop က လိုသလိုစောင်းလို့ရတော့ ကလေးတွေ စာဖတ်၊ စာရေးတဲ့အခါ ကုန်းကုန်းကွကွ၊ ပုံစံမကျတာမျိုး မဖြစ်စေတဲ့အပြင် ကလေးရဲ့ ခါး၊ နောက်ကျော၊ အထိုင်၊ ညှောင့်ရိုး အားလုံး သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်နေတဲ့အတွက် ခါးနာတာ၊ နောက်ကျောညောင်းတာတွေ လုံးဝမဖြစ်စေတော့ပါဘူး။
“ကိုယ့်သားသမီးလေးတွေရဲ့ ကျန်းမာရေးနဲ့ နေကောင်းပျော်ရွှင်နေတာကို အမြဲမြင်ချင်တာ မိဘတွေရဲ့ ဆန္ဒပါ။”
မကြာခင်က CNN က သတင်းတစ်ပုဒ်အရဆိုရင် “ကလေးတွေက တင်ပါးဆုံတဝိုက် အလှုပ်အရှား အရမ်းနည်းတော့ ခုန်တဲ့နေရာမှာ သိပ်မခုန်နိုင်ကြဘူး၊ ဒီလိုဖြစ်ရတာ ကလေးတွေ အရမ်းအထိုင်များတဲ့အတွက်လို့ သိလာရတော့ တော်တော်လေးကြောက်သွားတယ်။” လို့ ဆိုပါတယ်။ ဒီသတင်းက ကလေးရှိတဲ့ မိသားစုတွေ၊ ကလေးယူဖို့ စဉ်းစားနေတဲ့ မိဘလောင်းလျာတွေအတွက် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေပါတယ်။ (Ref: Forget 'Sit down!' Students now standing up to learn, 2015, Kelly Wallace (CNN's digital correspondent and editor-at-large covering family, career and life)
ခုခေတ်မှာ ကလေးတွေ ငြိမ်ငြိမ်လေး ထိုင်ပြီး စာရေး၊စာဖတ်၊ တီဗီကြည့်၊ ဂိမ်းဆော့လုပ်နေစေဖို့ကတော့ သိပ်မခက်ပါဘူး၊ ဒါပေမဲ့ ကလေးတွေ တစ်နေ့ကို ၆ နာရီထက် ပိုကြာအောင် ထိုင်တာကတော့ စိုးရိမ် စရာကောင်းပါတယ်။ ဒီနေ့ခေတ် ကလေးတွေအတွက် ပြေးလွှားဆော့နေချိန်ထက် ထိုင်ပြီး တစ်ခုခု လုပ်နေတဲ့အချိန်တွေက ပိုပိုများလာပါတယ်။ “ကလေးတွေ တစ်ချိန်လုံးထိုင်နေတာပဲ။” ဆိုတဲ့ concept ကနေ ပြောင်းလဲလာတဲ့ “မတ်တပ်ရပ်ရင်း၊ လှုပ်လှုပ်ရှားရှားနေရင်း” သူ့ activitiy လေးတွေကို ဆက်လုပ်လို့ရတဲ့ အနေအထားမျိုး “Concept of Standing” က ခုမှ အသစ်အဆန်းလိုမျိုးဖြစ်နေပေမယ့် ဒီ sit-to-stand workstation လေးတွေကတော့ အဲဒီ concept အတွက် လုံးဝကွက်တိလို့ ပြောရမလိုပါပဲ။
ဓာတ်ပုံ - ပေးပို့။
အသေးစိတ်ပြောပြရမယ်ဆိုရင် Lego Desk တွေဟာ အရွယ်အစားလည်းကြီးတယ်၊ ပြီးတော့ ပုံစံပြောင်း ရလွယ်ကူတဲ့အတွက် ကလေးတွေ အရပ်ကြီးမြင့်ပြီး ထွားလာတဲ့အထိကို သုံးလို့ရတဲ့ Ergonomic အဖြစ်ဆုံး အသင့်တော်ဆုံး workstation အမျိုးအစားပါ။ Lego Desk (Sit-to-stand) နဲ့ တခြား Ergonomic desk တွေကွာခြားတဲ့ အဓိကအချက်ကတော့ flat area လည်းပါတယ်၊ Sit-to-stand ပုံစံနဲ့ မတ်တပ်ရပ်ရင်း၊ လှုပ်လှုပ်ရှားရှားလုပ်ရင်း အလုပ်လုပ်လို့၊ စာကြည့်လို့ရစေမယ့် area လေးလည်းပါတာပဲ ဖြစ်ပါတယ်။ ခါးနာတာတွေ၊ ဖိအားများပြီး လူက ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်တာမျိုးတွေကို လျော့ပါးစေပါတယ်။
တစ်ပါတည်းတွဲပါတဲ့ Squeeze handle လေးကလည်း လွယ်လွယ်ကူကူလည်း အနိမ့်အမြင့်ညှိလို့ရ၊ အသံလည်း မထွက်ဆိုတော့ ခုပဲထိုင်ရင်းအလုပ်လုပ်နေတာကနေ ချက်ချင်းကိုပဲ မတ်တပ်ရပ်တဲ့ အနေ အထားကို စက္ကန့်ပိုင်းအတွင်း ပြောင်းလို့ရနိုင်ပါသေးတယ်။ ERGO-Orix ထိုင်ခုံတွေဟာလည်း ကလေးတွေရဲ့ ပြည့်စုံကျန်းမာတဲ့ ကြီးထွားဖွံ့ဖြိုးမှုဖြစ်စဉ်အတွက် အကောင်းဆုံးဖန်တီးထားတဲ့ စွမ်းရည်မြင့်ထိုင်ခုံတွေဖြစ်ပါတယ်။ သက်သောင့်သက်သာဖြစ်စေပြီး ထိုင်ခုံ အမြင့်နဲ့နောက်ကျောမီတွေကိုလည်း လိုသလိုညှိလို့ရပါတယ်။ အရောင်စုံပစ္စည်းတွေကို ထည့်သွင်းအသုံး ပြုခဲ့သလို ဒီဇိုင်းတစ်ခုချင်းစီကို ဖန်တီးရာမှာ ကလေးတွေရဲ့ ဖွံ့ဖြိုးဆဲ ခန္ဓာကိုယ်နဲ့ စိတ်ဓါတ်တက်ကြွပြီး အင်အားပြည့်စေဖို့ အမြဲထည့်သွင်းစဉ်းစားခဲ့ပါတယ်။
ကလေးတိုင်းဟာ တမူထူးခြားကြသူချည်းဖြစ်တဲ့အတွက် ခန္ဓာဗေဒအရရော၊ စိတ်ဓာတ်မှာပါ တစ်ယောက်နှင့်တစ်ယောက် မတူနိုင်ပါဘူး။ ERGO-ORIX ထုတ်ကုန်တွေဟာ တစ်ယောက်ချင်းစီအတွက် customized setting တွေအဖြစ်ပြောင်းနိုင်သည့်အတွက် သက်သောင့်သက်သာဖြစ်တဲ့အပြင် အာရုံစူးစိုက်အားကောင်းပြီး ခန္ဓာကိုယ်ကြီးထွားမှုအတွက် အကောင်းဆုံးဖြစ်ပါတယ်။
ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့အညီ ကျန်းမာရေးအတွက် အကောင်းဆုံး furniture တွေရှာ နေရင်တော့
ORiX
ကိုလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။