အရပ်ပုတဲ့ကောင်မလေးတွေရဲ့ ချစ်စရာကောင်းတဲ့အမူအကျင့်များ
lifestylemyanmar.com
|
2020-11-16


ပုရင်နုတယ်၊ ပုမှချစ်စရာကောင်းတယ်ဆိုတဲ့စကားတွေကြားဖူးတယ်မဟုတ်လား။ ဒီလိုပါပဲ။ အရပ်ပုတဲ့သူတွေရဲ့ အခြားသော ချစ်စရာကောင်းတဲ့ ပျော်ရွှင်ဖွယ်ရာ အမူအကျင့်လေးတွေရှိနေပါသေးတယ်။ ဘာတွေဖြစ်မလဲ။ ကြည့်လိုက်ရအောင်။




၁။ ချစ်စရာကောင်းတယ်။

အပေါ်မှာပြောခဲ့သလိုပဲပေါ့။ အရပ်ပုတဲ့သူတွေဆိုရင် တခြားဘာမှမကြည့်နဲ့။ ပုတာနဲ့ကို ချစ်ဖို့ကောင်းနေကြတာချည်းပဲလေ။ ဒါကပဲ သူတို့ရဲ့အလိုအလျောက်ဆွဲဆောင်မှုပါပဲ။




၂။ နုတယ်။

အရပ်ပုတဲ့သူတွေကို ကြည့်လိုက်ရင် အမြဲတမ်းနုပျိုနေတာချည်းပဲ မဟုတ်လား။ သူတို့ဘာသူတို့ မှန်ကြည့်ကြည့်၊ သူများတွေကပဲ သူတို့ကိုကြည့်ကြည့် ဘယ်လိုမျိုးအသက်အရွယ်ကိုပဲ ရောက်နေပါစေ၊ ပုတဲ့သူတွေက အမြဲတမ်းအသက်ငယ်နေသလို၊ အမြဲတမ်းနုပျိုနေသလိုဖြစ်နေမှာပါ။




၃။ အသံကျယ်တယ်။

ဟိုမှာကြည့်စမ်း၊ အရပ်ကသာပုတာ၊ အသံက စွာကျယ်ကျယ်နဲ့ ဆိုတာမျိုးကြားဖူးမှာပေါ့။ တကယ်တမ်းလက်တွေ့မှာလည်း အရပ်ပုတဲ့သူတွေက အရပ်နဲ့မလိုက်အောင် အသံကျယ်လေ့ရှိကြပါတယ်။ ဒီလိုလည်း အသံကျယ်ဦးမှပဲ။ မဟုတ်ရင် လူကြားထဲရောက်လို့ သူတို့ကိုမမြင်ရင် အသံနဲ့ရှာလို့ရတာပေါ့။




၄။ စိတ်ကြီးတယ်။

လူကပုသလောက်၊ စိတ်ကလည်း ကြီးပါ့ဟယ် ဆိုတဲ့စကားအတိုင်းပေါ့။ သူတို့လေးတွေက အရပ်လည်းပုသလောက်၊ စိတ်ကအရပ်ထက်ပိုမြင့်၊ စိတ်ကလူကောင်ထက်ပိုကြီးဆိုတာ သေချာပေါက် သူတို့လေးတွေပါပဲ။ လူတွေက သူတို့ကို ချစ်စနိုးနဲ့ခေါ်ကြပါတယ်။ ဘာတဲ့… လူပုစိတ်တိုတဲ့။




၅။ စိတ်မြန်တယ်။

စိတ်ကြီးတာနဲ့အတူ သူတို့စိတ်ကလည်း အင်မတန်မြန်ပါ့နော်။ စိတ်ကထစ်ခနဲဆို ဘယ်နေရာကဗျစ်ခနဲဆိုသလိုပေါ့။ အလုပ်တစ်ခုလုပ်ပြီဆိုရင် အရပ်ပုတဲ့သူတွေက ဟောဟောဒိုင်းဒိုင်းနဲ့ ရှူးရှူးရှဲရှဲလုပ်တတ်ပါတယ်တဲ့နော်။

၆။ တစ်ချိန်လုံးဗိုက်ဆာတတ်တယ်။

အရပ်ပုလို့၊ လူကောင်သေးပြီး အစာအိမ်ပါသေးသွားလားတော့မသိပါဘူး။ နောက်ပြီးသူတို့က နည်းနည်းနဲ့ခဏခဏ စားတာတောင်မဟုတ်ဘူးနော်။ အများကြီးကိုမှ ခဏခဏ စားတတ်ကြတာ။ ဟော့ပေါ့ကို အဝစားပြီးတာတောင်မှ ထောပတ်သီးဖျော်ရည်သောက်နိုင်သေးတယ်ဆိုတာ သူတို့မှသူတို့အစစ်ဗျ။




ပရိသတ်ကြီးရေ… အရပ်ပုတယ်ဆိုတာ ရှက်စရာတော့မဟုတ်ပေမယ့် ချစ်စရာကောင်းတာတော့ အမှန်ပဲပေါ့။ ရှည်လို့ချစ်ဖို့ကောင်းတာမရှိဘဲ ပုလို့နု၊ ပုလို့ချစ်ဆိုတာမျိုးပဲ ရှိတာမဟုတ်လား။ အဲ့ဒါကြောင့် အရပ်ပုလည်း စိတ်အားငယ်စရာတစ်ကွက်မရှိပါဘူးနော်။ သင်က ပုနေပြီဆိုရင် ချစ်ဖို့ကောင်းနေပြီလို့သာ မှတ်လိုက်ပါတော့။

#HM

#LifestyleMyanmar


#အရပ်
#ချစ်စရာ
#လူကောင်
#ဟော့ပေါ့
#ချစ်စနိုး

Some text some message..