ချစ်ရသူဆီက အသည်းခွဲခံခဲ့ရဖူးတဲ့ ကိုရီးယား သရုပ်ဆောင် (၄)ယောက်
weddingguide.com.mm
|
2020-11-17

အချစ်နဲ့ပက်သက်လာပြီဆိုရင် လူတိုင်းကရှောင်လွှဲလို့မရပါဘူး။ကိုရီးယားသရုပ်ဆောင်တွေလည်း ထိုနည်း၎င်းပါပဲ။

ဖြတ်သန်းလာခဲ့တဲ့နှစ်တောက်လျောက်လုံးမှာ များစွာသောကိုရီးယားသရုပ်ဆောင်တွေက သူတို့ရဲ့ရင်နာစရာအတိတ်ကအချစ်ဇာတ်လမ်းလေးတွေ တစ်ခါတစ်ရံထုတ်ဖော်ပြောဆိုလေ့ရှိပါတယ်။မယုံမရှိပါနဲ့..တစ်ချို့အကြောင်းအရာတွေဆိုရင် တော်တော်လေး ဝမ်းနည်းစရာကောင်းတယ်ဆိုတာကို တွေ့ရမှာပါ။ဒီမှာတော့အသည်းခွဲခံ ခဲ့ရဖူးတဲ့ ကိုရီးယားသရုပ်ဆောင် (၄)ယောက်အကြောင်းကိုပြောပြပေးသွားမှာဘဲဖြစ်ပါတယ်။


1.Kim Seon Ho




အခုလက်ရှိ “Start Up” Drama ထဲမှာ Second Lead Syndrome အပေးနိုင်ဆုံးလူသားလို့ နာမည်ကြီးလူကြိုက်များနေတဲ့ မင်းသား Kim Seon Ho မှာတော့ သုံးနှစ်ကြာတွဲခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပါတယ်။တစ်နေ့ သူစစ်တပ်ထဲ တာဝန်ထမ်းဆောင်နေချိန်မှာဘဲ ရုတ်တရက်ကောင်မလေးဆီက “Oppa,ကျွန်မတောင်းပန်ပါတယ်” ဆိုပြီး မက်ဆေ့ရောက်လာခဲ့တာဘဲဖြစ်ပါတယ်။ကောင်မလေးကိုကြိုးစားပြီးဆက်သွယ်ခဲ့သော်လည်း ဘယ်လိုမှဆက်သွယ်လို့မရခဲ့တာကြောင့် အိမ်ထိတောင်လိုက်သွားခဲ့တာပါ။



ကောင်မလေးနဲ့ တွေ့တဲ့အချိန်မှာတော့ ကောင်မလေးစီကနောက်အသစ်တစ်ယောက်နဲ့တွေ့နေပြီဆိုတဲ့ စကားကိုကြားခဲ့ရတာဘဲဖြစ်ပါတယ်။ကောင်မလေးရှေ့မှာတောင် သုံးနာရီတိတိ ဒူးထောက်ပြီးတောင်းပန်ခဲ့တာလို့လည်းဆိုပါတယ်။Kim Seon Ho နဲ့ကောင်မလေးပြောခဲ့တဲ့စကားတွေမှာဆိုရင် “မထွက်သွားပါနဲ့” ရယ် “ကျွန်မသွားမှဖြစ်မယ်” ဆိုတာတွေကြီးပါဘဲတဲ့။ “ကျွန်တော်ဒူးမထောက်ခဲ့သင့်တာမှန်ပေမဲ့ အဲ့ဒီအချိန်မှာအရမ်းစိုးရိမ်နေလို့ ကြံမိကြံရာလုပ်လိုက်မိတာပါ” လို့လည်းသူကိုယ်တိုင်ပြောခဲ့တာပါ။



2.Song Ji Hyo




‘Knowing Brother’ အစီအစဉ်ရဲ့အပိုင်းတစ်ခုအမှာ Ji Hyo ဧည့်သည်အနေနဲ့ပါဝင်ခဲ့တုန်းက အစီအစဉ်တင်ဆက်သူအချို့က Ji Hyo ကို သူမအပေါ်မှာ ဖောက်ပြန်ခဲ့ဖူးတဲ့သူ ရှိလားလို့မေးခဲ့ပါတယ်။ Ji Hyo ကတော့ရိုးရိုးသားသားနဲ့ အမှန်အတိုင်းဘဲ သူမရဲ့ အရင်ရည်းစားဟောင်းက သူမအပေါ်ဖောက်ပြန်ခဲ့ဖူးတယ်လို့ ထုတ်ဖော်ပြောပြခဲ့ပါတယ်။

“လက်တစ်လောတော့မဟုတ်ပေမဲ့ ကျွန်မအပေါ်ကိုဖောက်ပြန်ခဲ့ဖူးတဲ့သူရှိတယ်” လို့ပါပြောခဲ့တာပါ။

Gong Yoo က “Because I Just Want To Talk” ရှိုးရဲ့ အပိုင်းတစ်ခုမှာ သူကိုယ်တိုင်အရက်မှုးပြီး ရည်းစားဟောင်းစီ စာပို့ဖြစ်ခဲ့တဲ့အကြောင်းလေးကိုပြောပြခဲ့ပါတယ်။သူ့အနေနဲ့ စာပို့ခဲ့သော်လည်း ကောင်မလေးဘက်ကလုံးဝကို စာမပြန်ခဲ့တာပါ။



3.Gong Yoo




Gong Yoo က “Because I Just Want To Talk” ရှိုးရဲ့ အပိုင်းတစ်ခုမှာ သူကိုယ်တိုင်အရက်မှုးပြီး ရည်းစားဟောင်းစီ စာပို့ဖြစ်ခဲ့တဲ့အကြောင်းလေးကိုပြောပြခဲ့ပါတယ်။သူ့အနေနဲ့ စာပို့ခဲ့သော်လည်း ကောင်မလေးဘက်ကလုံးဝကို စာမပြန်ခဲ့တာပါ။

“ကျွန်တော်နောက်တနေ့မနက်ရောက်တော့ ညဘက်ကမူးနေတဲ့အခြေအနေကို ရှင်းပြတဲ့စာတွေအများကြီးပို့ခဲ့ပေမဲ့လည်း ကျွန်တော့်ကို သူမကတကယ်ကိုလစ်လျူရှုခဲ့တာပါ” “သူမစာမပြန်ခဲ့တာကိုလည်း ကျေးဇူးတင်ပါတယ်” ဆိုပြီး ရှိုးမှာပြောသွားခဲ့ပါတယ်။


4.Lee Hee Jin




မင်းသမီး Lee Hee Jin ကတော့ Running Man မှာ ဧည့်သည်သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်ခဲ့ဖူးသူတစ်ယောက်ဘဲဖြစ်ပါတယ်။ သူမရဲ့စိတ်ကူးထဲကကောင်လေးပုံစံက သူမအပေါ်ကိုမဖောက်မပြန်ဘဲ သူမရဲ့အလုပ်တွေကိုဝင်မစွက်ဖက်တဲ့သူဖြစ်ကြောင်းပြောပြခဲ့ပါသေးတယ်။အဲ့ဒီလိုပြောပြီးတဲ့နောက်မှာ Lee Hee Jin ကိုယ်တိုင်က သူမမှာအရင်တုန်းက သူမအပေါ်ဆိုးသွမ်းတဲ့ ရည်းစားတစ်ယောက်ရှိခဲ့တယ်လို့ ရင်ဖွင့်ခဲ့ပါတယ်။



Yoo Jae Suk ကသူမပြောတာကိုနားထောင်ပြီး သူတို့အနေနဲ့ Lee Hee Jin ရဲ့ရည်းစားဟောင်းကိုကျိန်ဆဲပေးရမလားဆိုပြီး အရွန်းဖောက်ကာစနောက်မေးမြန်းခဲ့တာပါ။ဒါပေမဲ့ Jeon So Min ကတော့မဆိုင်းမတွဘဲ ကင်မရာကိုကြည့်ပြီး Lee Hee Jin ရဲ့ရည်းစားဟောင်းကို ကျိန်ဆဲခဲ့ပြီး နောက်ထပ်မဖောက်ပြန်ဖို့အတွက်သတိပေးခဲ့တာပါ။


Ref: Koreaboo


#ရည်းစား
#စာမ
#သရုပ်ဆောင်
#ကိုရီးယား
#အပိုင်း

Some text some message..