ဆယ်ကျော်သက်တွေအတွက် မသင်မဖြစ် သင်ယူသင့်သော ဘဝတွက်တာကျွမ်းကျင်မှု (၆) ချက်
chitmaymay.com
|
2020-11-17



ဘဝဟာ မြန်မြန်ဆန်ဆန်ပဲ ကုန်ဆုံးနေပါတယ်။ သင့်အနေနဲ့ ၎င်းကို မသိလိုက်ခင်မှာပဲ ကိုယ့်ရဲ့ ကလေးငယ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ဘဝကိုယ်စီနဲ့ လူကြီးတွေအဖြစ် ကြီးပြင်လာကြပါတယ်။ ပြီးတော့ သင့်အနေနဲ့ သူတို့ကို ဘဝအတွက် အရာရာအဆင်သင့်ဖြစ်နေစေချင်တယ်။ အတန်းပညာဟာ ကလေးတွေအတွက် တစ်ဘဝစာကျွမ်းကျင်မှုတွေကို မပေးစွမ်းနိုင်ပါဘူး။

ကျွန်မတို့သိထားသလိုပဲ ဘဝဟာ အံ့ဩစရာတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲ့ဒီ့အထဲမှာ စိတ်ကျေနပ်စရာတွေရော၊ မကျေနပ်စရာတွေပါ နှစ်မျိုးစလုံးပေါ့။ ဒါ့ကြောင့် ကိုယ့်ရဲ့ ဆယ်ကျော်သက်ကလေးကို ဘဝရဲ့ အရာရာတိုင်းကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်စေဖို့အတွက် ဘဝရဲ့ အခြေခံကျွမ်းကျင်မှုကို သင်ပေးပြီး ကူညီသင့်ပါတယ်။

၁။ ငွေကြေး (သို့) ဘတ်ဂျက်ကျွမ်းကျင်မှု




ငွေကြေးဟာ ဘဝမှာ အရေးအကြီးဆုံးအရာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် သက်တောင့်သက်သာဖြစ်စေမယ့် ဘဝတစ်ခုအတွက် အမှန်တကယ်အရေးကြီးပါတယ်။ ဒါ့ကြောင့် ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်းတွေဟာ ဆယ်ကျော်သက်တစ်ဦးအနေနဲ့ သင်ယူဖို့ အမှန်တကယ်အရေးကြီးတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။

၂။ အချက်အပြုတ်ကျွမ်းကျင်မှု




အစားအသောက်ကို ဘယ်လိုချက်ပြုတ်ရမယ် (သို့( ဘယ်လိုထုတ်လုပ်ရမယ်ဆိုတာကို သိထားခြင်းက ဆယ်ကျော်သက်တွေရဲ့ ဘဝတွက်တာကျွမ်းကျင်မှုပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်က ဘယ်လိုနေရာမှာမဆို ရှင်သန်နိုင်ဖို့အတွက် တကယ်အရေးကြီးပါတယ်။

၃။ အဝတ်အစားဝတ်ဆင်ရာမှာ ကျွမ်းကျင်မှု

ကိုယ့်ရဲ့ ဆယ်ကျော်သက်တွေဟာ ပြင်ပလွှမ်းမိုးမှုတွေကြောင့် သူတို့ရဲ့ စတိုင်လ်ဟာလည်း လုံးဝပြောင်းလဲသွားနိုင်ပါတယ်။ သို့ပေမယ့် ကျင့်ဝတ်မရှိသောလူတွေရဲ့ လွှမ်းမိုးမှုကို ခံရတဲ့အခါ ကလေးတွေအတွက် ဆိုးကျိုးတွေရှိနိုင်ပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ်ဖြီးလိမ်းပြင်ဆင်ခြင်း




ဖြီးလိမ်းပြင်ဆင်ခြင်းဟာ ကလေးငယ်တွေရဲ့ အစောပိုင်းဘဝမှာကတည်းက သင်ယူဖို့လိုအပ်တဲ့ ကျွမ်းကျင်မှုတစ်ခုဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဖြီးလိမ်းပြင်ဆင်ခြင်းဆိုတာ ကျန်းမာစွာနေထိုင်နည်းတစ်မျိုးဖြစ်ပြီး လူမှုဆက်ဆံရေးကောင်းမွန်စေဖို့နှင့် စိတ်ကူးယဉ်ဆန်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရစေဖို့ အရေးကြီးဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။

၅။ ပတ်ဝန်းကျင်သန့်ရှင်းရေး




တစ်ကိုယ်ရေးသန့်ရှင်းမှုအပြင် ပတ်ဝန်းကျင်သန့်ရှင်းရေးကလည်း အရေးပါတဲ့ ကျွမ်းကျင်မှုတစ်မျိုးဖြစ်ပါတယ်။ ဖြီးလိမ်းပြင်ဆင်မှုနှင့် အိမ်မှုကိစ္စစီမံခန့်ခွဲတတ်မှုကို မျှတအောင် သင်ပြပါ။

၆။ လူမှုဆက်ဆံရေးကျွမ်းကျင်မှုနှင့် အပြုအမူများ

ကိုယ့်ကလေးရဲ့ လူမှုရေးပြဿနာတွေကို စိတ်ချရစေဖို့ ကောင်းမွန်သော လူမှုဆက်ဆံရေးကျွမ်းကျင်မှုနှင့် အမူအကျင့်တွေကို သင်ပြပေးပါ။ ၎င်းတို့အနေနဲ့ လူမှုရေးဘဝတွေမှာ ချောချောမွေ့မွေ့ဖြတ်သန်းသွားနိုင်ဖို့ အမှန်တကယ်လိုအပ်ပါတယ်။

Chit_May_May
Nyein_Thu


Ref-momjunction


#ဘဝ
#လူမှုဆက်ဆံရေး
#ဆယ်ကျော်သက်
#May
#သန့်ရှင်းရေး

Some text some message..