သူငယ်ချင်းတွေအများကြီးရနိုင်ပေမယ့် မိတ်ဆွေစစ်ကတော့ နည်းပါးလိမ့်မယ်။ ကိုယ့်ရဲ့ အတွင်းရေးတွေကို ခရေစေ့တွင်းကျ ရင်ဖွင့်လို့ရမယ့် သူငယ်ချင်းတစ်ယောက်ရှိနေပြီဆိုရင် ကိုယ်ဟာအရမ်းကံကောင်းတဲ့သူဖြစ်နေပါပြီ။ ခင်မင်တာဟာလွယ်ကူပေမယ့် ခင်မင်မှုကို ကြာရှည်အောင်ထိန်းသိမ်းနိုင်ဖို့ကတော့ ခက်ခဲပါလိမ့်မယ်။
မေပန်းချီနဲ့ ဘေဘီမောင်တို့နှစ်ယောက်ဟာ သူငယ်ချင်းကောင်းတွေဖြစ်သလို တစ်ယောက်အကြောင်း တစ်ယောက်သိပြီး ဖေးမကူညီတတ်ကြသူတွေလည်းဖြစ်ပါတယ်။ ဒီနေ့မှာလည်း ပန်းချီက ဘေဘီ့အပေါ်မှာထားတဲ့ သူမရဲ့စိတ်ခံစားချက်တွေကို ” သူငယ်ချင်းဆိုတာ လွယ်လွယ်ဖြစ်လာတဲ့ နာမ်စားတစ်ခုတော့မဟုတ် အဆင်မပြေမှုတွေ နားလည်မှုလွဲနေတာတွေ သဘောထားချင်း မတိုက်ဆိုင်မှုတွေ စိတ်အဖုအထစ်တွေ အခက်အခဲတွေ ကိုကျော်လွှားပြီးတဲ့အချိန်တစ်ခုရောက်မှ ကျန်ခဲ့တဲ့အရာပါ ”
” ဒါတွေကို ပွင့်လင်းစွာမညှိနှိုင်းနိုင်ရင်တော့ သူငယ်ချင်းကောင်းဆိုတာ မင်းအတွက် ရှားပါးနေဦးမှာပဲ အသက်အရွယ်ရလာတာနဲ့အမျှ နားလည်လာတာတစ်ခုက အပေါင်းအသင်းကြား စိတ်အဖုအထစ်တွေကို ပွင့်လင်းစွာဖြေလျော့ဖို့ပါပဲ သင်မှားရင် တောင်းပန်ဖို့ ဝန်မလေးဘဲ သူမှားရင်လဲ ထောက်ပြဖို့ဝန်မလေးပါနဲ့ တဒင်္ဂအတွေးလေးတစ်ခုနဲ့ အပေါင်းအသင်းကောင်းတွေကို သင်မဆုံးရှုံးပါ စေနဲ့ ” ဆိုပြီး ပြောပြလာခဲ့ပါတယ်။ တကယ်ကိုကြည်နူးစရာလေးပါ ပရိသတ်ကြီးရေ။
Happy – Cele Zone
Photo – May Panche