
မိန်းကလေးဆိုတဲ့ သဘာဝကတော့ အနည်းနဲ့အများ အချော့ကြိုက်ကြတာချည်းပဲ။ ကိစ္စကြီးကြီးမားမား မဟုတ်ရင်တောင် ကိုယ့်ချစ်သူကောင်လေးဆီက ချော့တာ ကြင်နာတာကို လိုချင်တာမို့ စိတ်ကောက်တတ်ကြတာ မဆန်းပါဘူး။ ကောင်လေးဘက်ကလည်း အဲ့ဒါကို သဘောမပေါက်ပဲ ပစ်မထားဖို့လိုပါတယ်။ ဘာလို့လည်းဆိုတော့ အဲ့လိုတွေ လစ်လျူရှုပါများရင် ကောင်မလေးဘက်က ခံစားချက်တွေမျိုသိပ်ရပေါင်းများပြီး စိတ်ကုန်သွားစေနိုင်လို့ပါ။ အဲ့တော့ အတ္တတွေမာနတွေမထားပဲ ကိုယ့်ဘက်ကပဲ စပြီးအလျော့ပေးလိုက်ပါ။
မိန်းကလေးတွေစိတ်ကလည်း ခန့်မှန်းရတော့ခက်တယ်။ ကိုယ့်ချစ်သူ ကောင်မလေးကိုချော့တဲ့နေရာမှာလည်းသူ့အကြိုက်တွေကို အလိုက်သိဖို့လည်းအရေးကြီးပါတယ်။ ယောင်္ကျားလေးအများစုက သူတို့ချစ်သူကိုချော့တဲ့အခါတွေမှာ၊ အမှတ်လိုချင်တဲ့အခါတွေမှာ ပန်းစည်းလေးတွေ၊ Fancy Gift လေးတွေလက်ဆောင်ပေးတတ်ကြပါတယ်။ ဒီလို Present လေးတွေပေးတာကို ကြိုက်တဲ့ ကောင်မလေးတွေရှိသလို ဒီထက်ပိုပြီး ကြွေကျသွားစေနိုင်တဲ့ ချော့နည်းလေးတွေ၊ ပန်းစည်းထက်ပိုကောင်းတဲ့ ဂရုစိုက်နည်းလေးတွေအများကြီးရှိပါတယ်။ “Little things matter”ဆိုတဲ့အတိုင်း သေးသေးဖွဲဖွဲအပြုအမူလေးတွေက အချစ်တွေတိုးပြီး သင်တို့ရဲ့ Relationship ကိုပိုပြီး ခိုင်မြဲစေမှာပါ။
ဒီနည်းလေးတွေကိုနည်းနာခုမှတ်လိုက်နော်။
သူကို အသိမပေးပဲ ရုံးသွားကြိုပါ
ကောင်မလေးက စိတ်ကောက်ပြီးဖုန်းမကိုင်တော့တဲ့အခါ၊ ဖုန်းတွေခေါင်းမာပြီး ဆက်နေမယ့်အစား သူ့စိတ် Calm ဖြစ်ဖို့ Space ပေးလိုက်ပါ။ ပြီးသွားရင် သူမကိုအသိမပေးပဲ ရုံးအပြန်(သို့) ကျောင်းအပြန်းကိုသွားကြိုလိုက်ပါ။ အဲ့လိုသွားကြိုတာကသူတို့ကို Feel Special ဖြစ်စေပြီး Safe ဖြစ်တယ်လို့လည်းခံစားရစေပါတယ်။ သွားကြိုတဲ့အခါ သူကြိုက်တဲ့ Cake လေး၊ Bubble Tea လေးဝယ်သွားဖို့လည်းမမေ့နဲ့နော်။
အမှတ်တရလေးတွေကို အမြဲ သတိတရရှိပါစေ
ဒီအချက်ကအရမ်းအရေးကြီးပါတယ်။ တကယ်လို့ Anniversary မေ့နေတာတို့၊ သူ့မွေးနေ့ကိုမေ့နေတာတို့ဆိုရင် ရှော့ အကြီးကြီးရှိတယ်နော်။ ကိုယ်ကအလုပ်တွေအရမ်းရှုပ်နေလို့၊ အာရုံနောက်နေလို့ အဲ့လို Special Day လေးတွေကို ခဏမေ့သွားမိတဲ့အခါမှာ ကိုယ်ကဘာအကြောင်းကြောင့်ရယ်မှမဟုတ်ပေမယ့် ကောင်မလေးဘက်ကကျ သူ့ကိုမချစ်တော့တာလား၊ စိတ်ပါဝင်စားမရှိတော့ဘူးလား၊ အသစ်တွေ့နေလို့လားစတဲ့ Psycho လေးတွေတွေးတတ်ကြတယ်။ အဲ့ဒါကြောင့် Special Day လေးတွေကိုသေချာမှတ်ထားပြီး သူ့ထက်အရင်ဦးအောင် Surprise လုပ်ပေးပါ။ Surprise လုပ်တယ်ဆိုတာလည်းတကူးတကကြီး လက်ဆောင်တွေနဲ့ချည်းလုပ်တာမပြောပဲ ဖုန်းလေးဆက်တာတို့၊ နှစ်ယောက်သား Couple ပုံလေးတင်ပြီး Celebrate လုပ်တာတို့က ချစ်သူကိုလည်း ကြည်နူးစေပါတယ်။
အစားအသောက်လေးတွေနဲ့ နှစ်သိမ့်ပါ
အခုခေတ်မှာ ပန်းစည်းကြီးပဲပေးနေတာကအရမ်း Old School ဆန်ပြီးမထိရောက်ဘူးနော်။ အခုနောက်ပိုင်းကောင်မလေးတွေတော်တော်များများက အစားတစ်လိုင်း Foodie လေးတွေများတယ်။ အဲ့တော့ သူကြိုက်တဲ့ မုန့်လေးတွေပို့ပေးတာတို့၊ သူစားချင်တာ Craving ဖြစ်နေတာလေးတွေကို လိုက်ကျွေးတာက သင့်ကိုအရမ်း Appreciate ဖြစ်သွားမယ့်အပြင် အဲ့လိုအတူတူနှစ်ယောက်ထွက်စားရင် ပိုပြီး ပျော်ရွှင်ရင်းနှီးစေပါတယ်။ တကယ်လို့ သင်ကိုယ်တိုင်ကအစားအသောက်ချက်ပြုတ်ရတာဝါသနာပါရင် သူစားဖို့ ချက်ပြုတ်ပေးပါ။ စားလို့ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ ကောင်မလေးတွေက သူတို့အတွက်ချစ်သူက ဂရုတစိုက်ချက်ပြုတ်ပေးတာဆိုရင်အရမ်းကြိုက်ကြပါတယ်။
သူကြိုက်တဲ့ အရာလေးတွေနဲ့ Surprise လုပ်ပါ
ဒါလည်း Flower Bouquet ထက်ထိရောက်တဲ့ နည်းလမ်းတွေထဲကနောက်ထပ် Option တစ်ခုပါ။ ဒီအချက်ကတော့ သင့်ရဲ့လေ့လာမှု၊ အလိုက်သိမှုအပေါ်အများကြီးမူတည်သွားပြီ။ ဘာလိုလည်းဆိုတော့ ကောင်မလေးတွေရဲ့အကြိုက်တွေ၊သူတို့ဝါသနာပါတဲ့အရာတွေကတစ်ယောက်နဲ့တစ်ယောက်မတူညီကြလို့ပါ။ တကယ်လို့ကောင်မလေးက EDM Music ကြိုက်တယ်ဆို သူနဲ့အတူတူ EDM Show သွားတာတို့၊ Gamer ကောင်မလေးဆိုရင် သူကို Gaming Chair လေးလက်ဆောင်ပေးတာတို့၊ ချစ်သူက Sporty Girl လေးဆိုရင်သူဝတ်လေ့ဝတ်ထရှိတဲ့ Track Suits လေးတွေ၊ Cap လေးတွေလက်ဆောင်ပေးတာတို့ပေါ့။ Fancy ဖြစ်တဲ့ ပစ္စည်းတွေဆိုတာထက်ချစ်သူအတွက် Daily Life မှာနေ့စဉ်အသုံးဝင်စေမယ့် ပစ္စည်းလေးတွေကပိုကောင်းပါတယ်။
သတိရကြောင်း Message လေးတွေပို့ပါ
Small things matter the most ဆိုတဲ့အတိုင်း သေးသေးဖွဲဖွဲဂရုစိုက်မှုလေးတွေ၊ အလေးပေးမှုလေးတွေက သင့်ရဲ့ Love Life ကိုပိုပြီးစိုပြေစေပါတယ်။ အဲ့လိုပြောလို့နေ့တိုင်း အလုပ်ရှုပ်ခံပြီး ချစ်ကြောင်းကြိုက်ကြောင်းကြီးတွေကို ကဗျာဆန်ဆန်ပြောခိုင်းတာမဟုတ်ပါဘူး။ ရုံးမှာ၊ အပြင်သွားခါနီး၊ ပြန်ရောက်တဲ့အခါ၊ အိပ်ခါနီးတို့မှာ နေကောင်းရဲ့လား၊ ဂရုစိုက်နော်၊ ချစ်တယ်၊ သတိရတယ်၊ တစ်နေ့တာအဆင်ပြေရဲ့လား၊ စောစောအိပ်နော် စတဲ့ Short Message လေးတွေက ပို့တဲ့သူကိုလည်းကြည်နူးစေသလို လက်ခံရရှိတဲ့ကောင်မလေးကိုလည်း နွေးထွေးစေပါတယ်။ သူတို့အတွက် အမြဲသတိတရရှိတယ်အချစ်ခံရတယ်ဆိုတဲ့ Feeling ကိုလည်းပေးပါတယ်။ အဲ့ဒါကြောင့် ဘယ်လောက်အလုပ်ရှုပ်ရှုပ်ကောင်မလေးကို သတိတရစာလေးတွေပို့ဖို့တော့မမေ့ပါနဲ့နော်။
အရေးကြီးဆုံးတစ်ခု ကတော့သစ္စာရှိပါ
ဒါကတော့ ဒီ Topic တစ်ခုလုံးရဲ့ မရှိမဖြစ်အလိုအပ်ဆုံးအရာ ပါ။ အပေါ်ကအချက်တွေ ဘယ်လောက်လိုက်နာလိုက်နာ ကိုယ်တိုင်ကကျ အပြောလေးတွေပဲကောင်းပြီး ချစ်သူအပေါ်မှာသစ္စာမရှိရင်အကုန်အချည်းနှီးပါပဲ။ Couple တွေတော်တော်များများမှာက အချိန်ကာလတစ်ခုကြာလာတဲ့အခါ ငြီးငွှေ့လာတတ်တယ်။ အဲ့တော့အသစ်အဆန်းအလှအပတွေမှာသာယာလာတတ်ကြတယ်။ ဒါပေမယ့်ပြန်စဉ်းစားပါ။ လှတာတစ်ခုအတွက်နဲ့ ကိုယ့်အပေါ်တစ်ဘဝလုံးစာကောင်းမယ့်သူကို စွန့်လွှတ်ဖို့တန်ရဲ့လား။ အဲ့ဒါကြောင့် ကိုယ့်ချစ်သူယုံကြည်ရတဲ့သူဖြစ်အောင်နေပါ။ ဖုံးကွယ်ထားတာတွေမလုပ်ပါနဲ့။ ချစ်သူအပေါ်သစ္စာရှိပါ။ သူပြောတဲ့စကားလေးတွေကိုစိတ်ရှည်ရှည်နဲ့နားထောင်ပေးပါ။ ဒီလိုဆို အားလုံးလိုချင်နေကြတဲ့ Perfect ဖြစ်တဲ့ Relationship ကိုပိုင်ဆိုင်နိုင်မှာအသေချာပဲပေါ့။