မင်္ဂလာပွဲကျင်းပသင့်သည့်လများ
weddingguide.com.mm
|
2020-11-25

ဝါလကင်းလွတ်သီတင်းကျွတ်ပြီဆိုတာနဲ့ ဟိုမှဒီမှမင်္ဂလာတေးသံတွေပျံ့လွင့်လာပေအုံးမည်။

မင်္ဂလာရက်မြတ် ရွေးချယ်ကြသူတွေ ဇာတာတိုက်စစ်ကြသူတွေလဲ

ဒီကာလမှာ ဗေဒင်မေးလေ့ရှိသည်။ ပြဿ ဒါး၊ရက်ရာဇာလောက်နှင့် တွက်လို့မရ။

ဒီနေ့မှာတော့ မင်္ဂလာဆောင်အပ်သောလ ၆ လနဲ့ မင်္ဂလာမဆောင်အပ်သောလ ၆ လကိုဖော်ပြပေးလိုက်ပါတယ်။


လုံးဝမင်္ဂလာမဆောင်သင့်သော (၆)လကတော့

(၁)ဝါဆိုလ - (ဖျားနာခြင်း ၊ ဘေးအန္တရာယ်ကြုံခြင်း)

(၂)ဝါခေါင်လ-(စိတ်သောကဖြစ်စရာကြုံတတ်ခြင်း)

(၃)တော်သလင်းလ-(ရောဂါထူပြောတတ်ခြင်း၊သေကြေ ပျက်စီးတဲ့အထိ ဖြစ်တတ်ခြင်း)

(၄)နတ်တော်လ -(အိမ်ထောင်ရေးသောကကြုံရတတ်ခြင်း၊ရောဂါထူပြောတတ်ခြင်း)

(၅)ပြာသိုလ-(ပစ္စည်းဥစ္စာ ခေါင်းပါးတတ်ခြင်း၊ဆင်းရဲဒုက္ခရောက်ရတတ်သည်)

(၆)တပေါင်းလ- (စကားခဏခဏများတတ်၊ ရှင်ကွဲ ကွဲတတ်သည်)


မင်္ဂလာဆောင်အပ်သော (၆)လကတော့

(၁)တန်ခူးလ-(ပစ္စည်းဥစ္စာကြွယ်ဝတတ်သည်)

(၂)ကဆုန်လ-(ချမ်းသာကြွယ်ဝတတ်သည်)

(၃)နယုန်လ-(ပျော်ရွှင်ရတတ်သည်၊ မေတ္တာဓာတ်နဲ့ ပြည့်ဝသည်)

(၄) သီတင်းကျွတ်-(ဆန်၊ရေ၊စပါး ပြည့်စုံတတ်သည်၊ သားကောင်းသမီးကောင်းထွန်းကားတတ်သည်)

(၅)တန်ဆောင်မုန်း-( နေအိမ်မင်္ဂလာ အသုံးအဆော င်တွေ ပြည့်စုံတတ်သည်)

(၆)တပို့တွဲ- (စိန်ရွှေငွေ ရတနာပစ္စည်းတွေနဲ့ပြည့် စုံတတ်သည် )

ဒါတွေကတော့ မင်္ဂလာလက်ထပ်ပွဲ ဆင်နွဲသင့်တဲ့လတေနဲ့မဆင်နွှဲသင့်လတွေပဲဖြစ်ပါတယ်။

Myanmar Wedding Guide

#မင်္ဂလာ
#သီတင်းကျွတ်
#မင်္ဂလာဆောင်
#စိန်ရွှေ
#ရက်ရာဇာ

Some text some message..