ဝတ်လိုက်တိုင်း အရောင်အတွဲအစပ် မှန်စေမယ့် နည်းလမ်း (၄) သွယ်
mystylemyanmar.com
|
2020-11-27

အဝတ်အစားတွေကို လိုက်ဖက်အောင် ဝတ်စားတတ်ဖို့ ဆိုတာ သိပ်တော့ မလွယ်ပါဘူး။ ဒီထဲမှာ ကိုယ်ဝတ်နေတဲ့ အဝတ်အစားနဲ့ အရောင်တွေ လိုက်ဖက်ညီမှု ရှိဖို့ကလည်း အတော်ပဲ အရေးကြီးပါတယ်။ အခုပြောမှာက ဖက်ရှင်နဲ့ လိုက်တဲ့ ကာလာကို ဘယ်လိုရွေးရမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံပြုချက်တစ်ချို့ပဲ ဖြစ်ပါတယ်။

(၁) အခြေခံကာလာအတွဲလေးတွေ သိထားပါ




Photo: Bella Ella Boutique

Color Wheel သိဖို့အထိ မလိုပေမယ့် အခြေခံ အရောင်အတွဲအစပ်ကလေးတွေ သိထားရင် အဝတ်အစားဝတ်ရတာ ပိုပြီး အဆင်ပြေမှာပါ။ လိုက်ဖက်ညီမှုရှိတဲ့ ကာလာတွေက အနီနဲ့ အစိမ်း ၊ အပြာနဲ့ လိမ္မော် ၊ အဝါနဲ့ ခရမ်းတို့ ဖြစ်ပါတယ်။ ဒီလိုပြောလို့ အစိမ်းရောင် ဘောင်းဘီနဲ့ တီရှပ်အနီတွဲဝတ်ရမယ် မဆိုလိုပါဘူး။ သံလွင်စိမ်းလို စိမ်းရင့်ရောင် Chinos ဘောင်းဘီလိုမျိုး Darker Shade တွေ စဉ်းစားရမှာပါ။

(၂) အရောင်မရွေးတဲ့ ကာလာလေးတွေ




Photo: 9tube

အမျိုးသားဝတ်ထဲမှာ Neutrals လို့ ခေါ်တဲ့ ကြားရောင်လေးတွေက ဖက်ရှင်ကို ဒုက္ခမပေးတဲ့ အရောင်လေးတွေ ဖြစ်ပါတယ်။ အနက် ၊ အဖြူ ၊ အပြာဖျော့ ၊ နက်ပြာ ၊ အညို ၊ စိမ်းရင့်နဲ့ မီးခိုးမှိုင်း ကာလာလေးတွေပါ။ အဝတ်အစားဝတ်မယ်ဆိုရင် အောက်မှာ အရောင်ရင့် Dark Colors သုံးပြီး အပေါ်မှာ အရောင်ဖျော့ Light Colors ဝတ်သင့်ပါတယ်။

(၃) အရောင်လွင်တာလေး ထပ်ဝတ်ပါ




Photo: Styles for Men

ပုံမှန်ဝတ်တဲ့ အခြေခံ Basic Outfit ( ရှပ်အင်္ကျီ ၊ ဘောင်းဘီနဲ့ ရှုးစ်) တွေကို Neutrals ကာလာ ရွေးဝတ်ပြီး အပေါ်မှာ အရောင်လွင်လွင်လေးတွေ ဝတ်ရင်လည်း ဆန်းသစ် သပ်ရပ်ပြီး မြူးကြွတဲ့ ဖက်ရှင်ဒီဇိုင်းထွက်စေပါတယ်။ ဥပမာ- အညိုရောင်ဘောင်းဘီနဲ့ အဖြူရောင်တီရှပ်ရဲ့ အပေါ်မှာ ဆွယ်တာ အနီလွင်လွင်ဝတ်သလိုမျိုးပေါ့။

(၄) လိုက်ဖက်တဲ့ ပစ္စည်းလေးတွေ သုံးပါ




Photo: SICCODE.com

အဝတ်အစားကလည်း အရောင်အပြင် အတွဲအဖက်မှန်မှ ဖက်ရှင်ကျတာပါ။ လယ်သာရှုးစ်နဲ့ ခါးပတ် ဝတ်ထားရင် လယ်သာဂျက်ကတ်လေးနဲ့မှ ပိုလိုက်တာပါ။ ဒီလိုမျိုး ဖက်ရှင်အမြင်လေးနဲ့ တွဲဝတ်လိုက်ရင် ကြည့်လို့ပိုကောင်းပြီး စတိုင်မိမှာ အသေအချာပါပဲ။


#အရောင်
#ဖက်ရှင်
#အဝတ်အစား
#ဘောင်းဘီ
#အနီ

Some text some message..