မိဘအများစုက မိမိတို့ကလေးတွေကို ငယ်စဉ်ကတည်းက အိမ်ရာဝင်ပုံပြင်လေးတွေ ပြောပြလေ့ရှိပါတယ်၊ စာဖတ်ခြင်းက အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်၊ သို့သော် သင့်ကလေးကို သင်ပေးနိုင်တဲ့ နောက်ထပ်အလေ့အကျင့်ကောင်းတစ်ခုက မအိပ်ခင် ဘုရားရှိခိုးခြင်းပါပဲ။ ကလေးတွေ ညအိပ်ခါနီးမှာ ဘုရားရှိခိုး ဒါမှမဟုတ် ဆုတောင်း ပြီးမှ အိပ်ဖို့ မေမေတို့အနေနဲ့ သင်ကြားပေးပါ။ ဒီအလေ့အထက အမြဲတည်ရှိနေမှာဖြစ်သလို အခြားအကျိုးကျေးဇူးတွေကိုပါ ရရှိစေပါတယ်၊ အိပ်ရာဝင်ချိန် ဘုရားရှိခိုးဆုတောင်းခြင်းရဲ့ အကျိုးကျေးဇူးအချို့ကို ကြည့်လိုက်ရအောင်။
၁။ ကျေးဇူးတရားအကြောင်းကို သင်ပေးပါတယ်
ဘုရားရှိခိုးခြင်းက ကျွန်မတို့ဘဝမှာ ရရှိတဲ့ကောင်းကျိုးတွေအတွက် ကျေးဇူးတင်ထိုက်သူတွေ(အနန္တောအနန္တငါးပါး)ကို ကျေးဇူးတင်ကြောင်း ဖော်ပြဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်၊၊ ဒီလိုအကျင့်တွေကို ငယ်ရွယ်စဉ်ကတည်းက မွေးမြူခြင်းဟာ ကလေးတွေကို လိမ္မာရေးခြားရှိစေပြီး မိဘရဲ့ကျေးဇူးတွေကို ပိုသိလာစေပါတယ်။
၂။ အာရုံစူးစိုက်မှု တိုးတတ်စေပါတယ်
စိတ်ဟာ ဆီလျှော်မှုရှိတဲ့အတွေး၊ ဆီလျှော်မှုမရှိတဲ့အတွေးတွေရဲ့ အချက်အချာဖြစ်ပါတယ်။ စိတ်အေးဆေးတည်ငြိမ်ဖို့ မိနစ်အနည်းငယ်လောက် ဘုရားရှိခိုးခြင်း၊ စူးစိုက်နှစ်မြှုပ်ထားခြင်းက ကျွန်မတို့စိတ်ကို ရှင်းလင်းစေပြီး အာရုံစိုက်မှုကို ပိုကောင်းစေပါတယ်။ ဒီငြိမ်သက်မှုက စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုကို လျှော့ချဖို့လည်း ကူညီပါတယ်။
၃။ ဘာသာရေးကိုင်းရှိုင်းပြီး ယုံကြည်မှုကို တည်ဆောက်ပေးပါတယ်
ဘုရားရှိခိုးခြင်းက ကိုယ်ကိုးကွယ်ရာ ဘုရားပေါ်မှာ သက်ဝင်ယုံကြည်မှုကို ခိုင်မာစေပါတယ်။ကလေးနဲ့အတူတူ ဘုရားရှိခိုးခြင်းကလည်း တစ်ယောက်နဲ့ တစ်ယောက်အကြားက ယုံကြည်မှုကို တည်ဆောက်စေပါတယ်။ ကလေးတွေဟာ မိသားစုအတွင်းရှိ လူကြီးတွေ သင်ကြားပေးတဲ့ စံနှုန်းတွေနဲ့ ကိုယ်ကျင့်တရားတွေမှာ သူတို့လေးတွေ သက်ဝင်ယုံကြည်ခြင်းရဲ့ အရေးပါမှုကိုလည်း သင်ယူပါတယ်။
၄။ စည်းကမ်းပြည့်ဝသော ဘဝကို ဦးတည်ခြင်းမှာ အကူအညီဖြစ်စေပါတယ်
ဘုရားရှိခိုးခြင်းအပါအဝင် ပုံမှန်လုပ်ရိုးလုပ်စဉ်ရှိခြင်းက တစ်ဦးချင်းစည်းကမ်းရှိစေပြီး အမှားတွေမလုပ်မိအောင် ချုပ်တည်းဖို့လည်း ကူညီပေးပါတယ်။
၅။ စိတ်ဖိစီးမှု လျော့နည်းစေပါတယ်
ကလေးတွေမှာလည်း အသက်အရွယ်အလိုက် စိတ်ဖိစီးမှုဆိုတာ ရှိကြပါတယ်။ အိပ်ရာမဝင်ခင် ဘုရားရှိခိုးခြင်း၊ ဆုတောင်းခြင်းက ကလေးတွေအတွက် စိုးရိမ်မှုကို လျော့နည်းစေပါတယ်။ ဘုရားရှိခိုးခြင်းက စိတ်အေးချမ်းစေပြီး စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ ဒါက ကလေးတွေအား အပြုသဘောဆောင်တဲ့အရာတွေကို ပြန်လည်အမှတ်ရစေပါတယ်။
၆။ မိဘတွေနဲ့ ကလေးတွေကို ပိုရင်းနှီးစေပါတယ်
မိဘတွေနဲ့ ကလေးတွေအတူတူ ဘုရားရှိခိုးဆုတောင်းကြတဲ့အခါ မိဘနဲ့ ကလေးကို တစ်ယောက်နဲ့တစ်ယောက် ရိုးသား ပွင့်လင်းနိုင်တဲ့ ခိုင်မာသောနှောင်ကြိုးကို ဖန်တီးပေးပါတယ်။ ကလေးနဲ့ မိဘနှစ်ယောက်စလုံးအတွက် နက်ရှိုင်းသော ဆက်သွယ်မှုကို တည်ဆောက်ဖို့ အခွင့်အရေးရှိပါတယ်။
၇။ သူတို့ကို နှိမ့်ချရိုကျိုးမှုရှိစေဖို့ သင်ပေးပါတယ်
ကလေးတွေ ဘုရားရှိခိုးခြင်း၊ ဆုတောင်းခြင်းမှတဆင့် ကြီးမားသော စွမ်းအားတစ်ခုရှိကြောင်း အသိအမှတ်ပြုပြီး သူတို့ဘဝရှိ အရာအားလုံးအတွက် ကျေးဇူးတင်တတ်ဖို့ သင်ယူကြပါတယ်။ ဒါက သူတို့ကို နှိမ့်ချရိုကျိုးစေပါတယ်။ ဒီအကျင့်သီလက သူတို့ဘဝတစ်လျှောက်လုံးမှာ အတော်လေး အသုံးဝင်ပါလိမ့်မယ်။
၈။ ခွင့်လွှတ်ခြင်းကို သင်ပေးပါတယ်
တစ်စုံတစ်ယောက်ကို ခွင့်လွှတ်ဖို့ဆိုတာ မလွယ်ကူပါဘူး၊ သို့သော် ထိုအမုန်းတရားတွေကို သယ်ဆောင်ခြင်းက ဝန်ထုပ်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကလေးကို မင်္ဂလာတရားတော်တွေ သင်ပေးမယ်၊ အခြေခံကျတဲ့ ဗုဒ္ဓအဆုံးအမလေးတွေ သင်ပေးမယ်ဆိုရင် ကလေးတွေဟာ လူတိုင်းက မပြည့်စုံကြောင်း နားလည်လာပါလိမ့်မယ်။ အခြားသူတွေကို ခွင့်လွှတ်ခြင်းနဲ့ ပတ်သတ်ပြီး အသိအပညာဖွံ့ဖြိုးလာပါလိမ့်မယ်။
၉။ မှန်ကန်သော ကိုယ်ကျင့်တရားစံနှုန်းတွေကို သတ်မှတ်ပါတယ်
ကလေးတွေကို နေ့တိုင်းဘုရားရှိခိုးဖို့ သင်ကြားပေးခြင်းက သူတို့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ သံလိုက်အိမ်မြှောင်ကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ကူညီပေးနိုင်ပါတယ်။ သူတို့ရဲ့ ယုံကြည်မှုစနစ်အတွင်းသို့ ဝင်ရောက်လာမယ့် ရိုးသားဖြောင့်မတ်ခြင်းကဲ့သို့သော တန်ဖိုးတွေကို သင်ကြားပေးပါတယ်။
၁၀။ သူတို့ကို စာနာထောက်ထားမှု ရှိစေပါတယ်
ရန်လိုမှုကို လျှော့ချဖို့နဲ့ ကလေးတွေမှာ သနားကြင်နာမှုကို တိုးပွားစေဖို့ အထောက်အကူပြုနိုင်ပါတယ်။ သူတို့က လူသားတွေနဲ့ တိရိစ္ဆာန်တွေကို ကြင်နာစွာ ဆက်ဆံဖို့ သင်ပေးပါလိမ့်မယ်။
၁၁။ အပြုသဘောကို ဖန်တီးပေးပါတယ်
ဆုတောင်းခြင်းမှတဆင့် ဘဝမှာရှိတဲ့ ကောင်းသေ ာအရာအားလုံးကို သတိရနေခြင်းဖြင့် ကလေးတွေဟာ စိတ်အေးချမ်းပြီး အပြုသဘောဆောင်တဲ့ စိတ်နဲ့ အိပ်ကြပါလိမ့်မယ်။ ဒါက သူတို့ကို အကောင်းမြင်ဖို့နဲ့ အရာအားလုံးကို အကောင်းမြင်တဲ့သဘောထားနဲ့ ကြည့်ဖို့ ကူညီနိုင်ပါတယ်။
Chit_MayMay
LM_Nandar
Source-momjunction.