
အချစ်ရေးအဆင်ပြေဖို့ ရာသီခွင်တွေရဲ့ လိုက်ဖက်မှု(Compatibility) နဲ့ အကျင့်စရိုက် သဘာဝတွေက အများကြီးလွှမ်းမိုးနေပါတယ်။ လာမယ့်နှစ်သစ် ၂၀၂၁ မှာ ဘယ်ရာသီခွင်တွေက တစ်ယောက်နဲ့တစ်ယောက်စိတ်တူကိုယ်တူနဲ့ အဆင်ပြေဆုံး Relationship တွေကိုတည်ဆောက်နိုင်မှာလဲ၊ ဘယ်ရာသီခွင်တွေက လိုက်ဖက်တဲ့စုံတွဲတွေဖြစ်လာမလဲဆိုတာ လေ့လာကြည့်ရအောင်။
Pieces & Taurus
၂၀၂၁ မှာ “Water Sign” နဲ့ “Earth Sign” တွေကအကောင်းဆုံး Combination တွေလို့ပြောနိုင်ပါတယ်။ အဲ့တော့ “Earth Sign” သဘာဝလွှမ်းမိုးတဲ့ Taurus နဲ့ “Water Sign” ဓာတ်ခံရှိတဲ့ Pieces တို့က အအောင်မြင်ဆုံး အချစ်ရေးတွေကိုတည်ဆောက်နိုင်ပါတယ်။ မြေဓာတ် နဲ့ ရေဓာတ် Personality တွေက အပြန်အလှန် Balance ဖြစ်စေတယ်။ တည်ငြိမ်တဲ့ Taurus ကို သိမ်မွေ့တဲ့ Pisces ရဲ့အချစ်တွေက နွေးထွေးစေမှာပါ။
Taurus & Cancer
Power Couple လို့တောင်တင်စားရမယ့်သူတွေက Taurus နဲ့ Cancer တို့ပါ။ သူတို့ရဲ့ Relationship ကြားမှာ အပြင်လူကမမြင်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာဆက်နွယ်မှုတွေရှိတယ်။ နားလည်ပြီးပွင့်လင်းတာမို့ အဆင်မပြေတာတွေရှိရင်တောင် ညှိနှိုင်းပြီး၊ ယုံကြည်ရတဲ့ Trust ရှိတယ်။ တစ်နည်းပြောရရင် Foundation ခိုင်တဲ့ စုံတွဲတွေလို့ပြောရမှာပေါ့။
Sagittarius & Leo
နှစ်ခုစလုံးက Charming ဖြစ်တဲ့ Sign တွေပါ။ အသစ်အဆန်းတွေကိုနှစ်သက်တဲ့ Spirit ကဒီရာသီခွင်နှစ်ခုကို ချိတ်ဆက်ပေးတယ်။ Playful ဖြစ်တဲ့၊ ချစ်စရာကောင်းတဲ့ Sagittarius လေးတွေရဲ့ အကျင့်စရိုက်က Leo တွေကိုအရည်ပျော်သွားစေတယ်။ Leo တွေကလည်း အရမ်းသစ္စာရှိတဲ့သူတွေမို့ ကျန်တဲ့ရာသီခွင်တွေထက် အချိန်အကြာကြီး ပိုခိုင်မြဲတဲ့ Long-Lasting Relationship တွေကိုထိန်းသိမ်းနိုင်တာပေါ့။
Cancer & Pisces
Cancer နဲ့ Pisces က အေးချမ်းတဲ့ “Water Sign” ကိုဆောင်ပါတယ်။ သူတို့ ရာသီခွင်တွေရဲ့ ကိုယ်ပိုင် အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားတွေမတူကြပေမယ့် ရေရှည်မှာ ခိုင်မြဲတဲ့ ချစ်ခြင်းတွေကိုတည်ဆောက်နိုင်စွမ်းရှိတယ်။ သူတို့နှစ်ယောက်ကြားမှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ Connection တွေကိုတစ်ခြားသူတွေကတော့ နားလည်ချင်မှ နားလည်လိမ့်မယ်။ ဒါပေမယ့် ၂၀၂၁ မှာတော့ အများအားကျရတဲ့ Couple တွေဖြစ်လာနိုင်သူတွေပါ။
Libra & Aries
Libra တွေက အရမ်း Social ကျတဲ့သူတွေဖြစ်သလို Aries တွေကလည်း ပွင့်လင်းပြီးဖော်ရွေကြတယ်။ ရာသီခွင်နှစ်ခုစလုံးက ပွဲလမ်းသဘင်တွေ၊ ပါတီတွေကိုလည်းအရမ်းခုံမင်သူတွေမို့ တစ်ယောက်ကိုတစ်ယောက်လည်း အပြန်အလှန်နားလည်ပေးနိုင်တယ်။ သူတို့နှစ်ယောက်ကြားက Bond ကအရမ်း Intense ဖြစ်သလို ၂၀၂၁ မှာ Relationship ကလည်း ပျော်ရွှင်စရာ၊ စိတ်ချမ်းမြေ့စရာတွေနဲ့ပဲပြည့်နှက်နေမှာပါ။
Aquarius & Gemini
Aquarius နဲ့ Gemini ရာသီခွင်နှစ်ခုလုံးရဲ့ သဘာဝ ဓာတ်ခံက “Air Sign” တွေဖြစ်တာတူညီသလို စိတ်ပိုင်းဆိုင်ရာအရလည်းဆက်နွယ်နေကြတယ်။ Aquarius နဲ့ Gemini တို့ပေါင်းစပ်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ဘာတွေလိုအပ်လဲဆိုတာ သိကြတယ်။ ပျော်တွဲတယ်ဆိုတာမျိုးမဟုတ်ပဲ ဘယ်ဟာက အဓိက၊ သာမည ဆိုတာလဲကွဲပြားအောင်နားလည်တဲ့အတွက် ရေရှည်ဘဝလက်တွဲဖော်အဖြစ်ပါ ရှေ့ဆက်နိုင်ပါတယ်။
Gemini & Aries
Gemini တွေက Energetic ဖြစ်တဲ့သူတွေမို့ ဂနာမငြိမ်ကြဘူး။ အတွေ့အကြုံ အသစ်တွေကိုအမြဲစမ်းကြည့်ချင်နေပြီး ကိစ္စတစ်ခုကို လွယ်လွယ်ကူကူပျင်းသွားတတ်တယ်။ သူတို့နှလုံးသားကို အမြဲတက်ကြွနေအောင်လုပ်ပေးနိုင် မယ့်သူဆိုတာရှားတယ်။ ၂၀၂၁ မှာ Gemini တွေခရီးတွေသွားရသလို အတွေ့အကြုံသစ်တွေလည်း Explore လုပ်လာနိုင်မယ်။ ဒါကြောင့် စွန့်စားရတာတွေကိုနှစ်သက်ပြီး Open-Minded ဖြစ်တဲ့ Aries တွေကလိုက်ဖက်တဲ့ Partner တစ်ယောက်ဖြစ်လာမှာပါ။
Virgo & Capricorn
Virgo တွေကအချစ်ကိုလွယ်လွယ်နဲ့မယုံကြည်ကြသလို အချစ်ကိုလည်း ဂရုတစိုက်ရှာဖွေကြပါတယ်။ ချစ်သူလောင်းကို Self-Confident ရှိသူ၊ အလိုက်သိသူ၊ တာဝန်ယူစိတ်ရှိသူစသည်ဖြင့် စံနှုန်းတွေနဲ့ လိုချင်ကြတယ်။ အရမ်း စေ့စပ်တဲ့ Virgo တွေအတွက် Capricorn တွေကအကောင်းဆုံးအဖော်မွန်တွေပါ။ ဘာလို့လဲဆိုတော့ သူတို့က Relationship ကိုဘယ်တော့မှပေါ့ပေါ့တန်တန်သေဘောမထားသလို သူတို့ Partner အပေါ်မှာလည်း Commitment အပြည့်ရှိသူတွေမို့ပါ။