တခေါခေါ ဟောက်တတ်တဲ့ ပြဿနာကို အလွယ်တကူဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ချို့
mystylemyanmar.com
|
2020-11-30

အိပ်နေစဉ် ဟောက်တတ်ခြင်းကတော့ ကျွန်တော်တို့အားလုံးနဲ့ စိမ်းမယ် မထင်ပါဘူး။ လူတော်တော်များများမှာ ဖြစ်တတ်တဲ့ အိပ်နေစဉ်ဟောက်တတ်တဲ့ အခြေအနေကို သက်သာချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေ စမ်းကြည့်သင့်ပါတယ်။

(၁) အိပ်တဲ့ပုံစံပြောင်းကြည့်ပါ




Photo: Freepik

ပက်လက်လှန်အိပ်မယ့်အစား ဘေးတစောင်း ပြောင်းပြီး အိပ်ကြည့်ပါ။ ဘေးတစ်စောင်းစပြီး ပြောင်းအိပ်မယ့်သူတွေအတွက် တစ်ချို့ကနောက်ကျောဘက်မှာ တင်းနစ်ဘောလုံးထားဖို့ အကြံပြုကြပါတယ်။ ကျောမှာ ခိုးလုခုလုဖြစ်တာကြောင့် ပက်လက်လှန်မအိပ်ဖြစ်အောင် ဖြစ်ပါတယ်။

(၂) ဝိတ်ချပါ




Photo: Shutterstock

ကိုယ်အလေးချိန်လျှော့ချခြင်းအားဖြင့်လည်း တစ်ချို့သူတွေမှာ အိပ်နေစဉ်ဟောက်တဲ့ပြဿနာကို သက်သာစေပါတယ်။ သာမန်ထက် ဝနေတဲ့သူတွေဟာ ဝိတ်ကျသွားချိန်မှာ ဟောက်တဲ့ပြဿနာ နည်းသွားတတ်ပါတယ်။

(၃) အရက်ရှောင်ပါ




Photo: Compass Detox

အရက်နဲ့ မူးယစ်စေတဲ့ အရာတွေဟာ လည်မျိုပြွန်နောက်ဘက်မှာ ရှိတဲ့ ကြွက်သားတွေကို အားနည်းစေပြီး အိပ်နေစဉ် ဟောက်ခြင်းကို ပိုဆိုးစေပါတယ်။

(၄) နှာခေါင်းပေါက် သန့်ရှင်းထားပါ




Photo: MedNovelty

အသက်ရှုလမ်းကြောင်းမှာ ပြဿနာရှိနေရင်လည်း အိပ်နေစဉ် ဟောက်တတ်ပါတယ်။ နှာစေး ၊ နှာပိတ်တာ ၊အိမ်မွေး တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်တာတွေကလည်း ဟောက်တဲ့ ပြဿနာကို ပိုဆိုးနိုင်ပါတယ်။ ဒါ့ကြောင့် အိပ်နေစဉ် အသက်ရှုရ လွယ်ကူအောင် Nasal Decongestant လိုမျိုး အသက်ရှုလမ်းကြောင်း ပွင့်စေတဲ့ ဆေးဝါးတွေ သုံးသင့်ပါတယ်။


#ပြဿနာ
#လည်မျို
#အရက်
#အိမ်မွေးတိရစ္ဆာန်
#တင်းနစ်

Some text some message..