အမျိုးသားများအတွက် Work From Home ဖက်ရှင်အိုင်ဒီယာ (၅) မျိုး
mystylemyanmar.com
|
2020-12-01

New Normal လူနေမှုပုံစံသစ်မှာ Work From Home (WFH) ဟာ စံနှုန်းတစ်ခုလို ဖြစ်လာပါတယ်။ ရုံးအလုပ်အများစုဟာ အိမ်ကနေ လုပ်တဲ့အဆင့် ရောက်လာပြီ ဖြစ်သလို သင့်ဖက်ရှင်ကိုလည်း ပုံစံသစ်ပြောင်းရတော့မှာပါ။ WFH ဆိုတဲ့အတိုင်း အိမ်မှာနေရပေမယ့် ရုံးရဲ့ Culture လည်း မိအောင် ဝတ်စားဖို့တော့ လိုပါတယ်။ အိမ်ကနေ အလုပ်လုပ်ချိန်မှာ အလုပ်ပေါ် ဈာန်ဝင်စားလို့လည်း ရအောင် ၊ Video Conferencing မှာလည်း အဆင်ပြေအောင် နောက်ပြီး ကိုယ်ကိုယ်တိုင်လည်း သက်တောင့်သက်သာနဲ့ စမတ်ကျအောင် ဝတ်စားရမှာ ဖြစ်ပါတယ်။ ကဲ.. ဘယ်လိုဖက်ရှင်တွေဆိုရင် WFH နဲ့ လိုက်မလဲဆိုတာ ကြည့်ရအောင်ပါ။

(၁) Overshirt




Photo: man2man

Overshirt ဆိုတာ အပေါ်ထပ် လက်ရှပ်ကို ပြောတပါ။ တစ်ချို့ကလည်း Shirt Jacket ၊ Shacket လို့လည်း ခေါ်ကြပါတယ်။ အကြောင်းကတော့ သူလည်း ဂျာကင်အပါးတစ်ထည်လို ဝတ်ရတာကြောင့် ဖြစ်ပါတယ်။ Overshirt ဖက်ရှင်မှာ အောက်ခံ ပြောင်တီရှပ်တစ်ထည်နဲ့ တွဲဝတ်ရတာ ဖြစ်ပြီး အလုပ်လုပ်ရင်း သက်တောင့်သက်သာနဲ့ ဝတ်လို့ကောင်းပါတယ်။

(၂) Smart Joggers




Photo: The Adult Man

အခုခေတ်မှာ Joggers တွေဟာ နေရာတကာ ပွဲတင့်တဲ့ ဘောင်းဘီတွေအဖြစ် သတ်မှတ်လာကြပြီ ဖြစ်ပါတယ်။ စတိုင်ကျကျ ရုံးတက်ကြသူတွေကတော့ Smart Joggers တွေ ဝတ်ကြပါတယ်။ Joggers တွေဟာ Comfort Suit လို့ ဆိုနိုင်ပါတယ်။ အရွယ်မရွေးဝတ်နိုင်ပြီး လူငယ်တွေ ခါးမှာတော့ Joggers တွေက ပိုကြွပြီး ထင်းနေတတ်ပါတယ်။

(၃) Polo




Photo: Business Insider

ရိုးသားကြိုးစား စမတ်ကျကျ ဝတ်စားတတ်သူများအတွက် Polo Shirt ဟာ အမြဲတမ်း မိတ်ဆွေပါပဲ။ ပိုလိုရှပ်တွေဟာ လူကို ခန့်ညားသပ်ရပ်သွားစေတဲ့ အင်္ကျီဒီဇိုင်း ဖြစ်ပါတယ်။ ရိုးမသွားတဲ့ ဖက်ရှင်ထဲမှာ ပါပြီး အိမ်မှာ အလုပ်လုပ်ရင်းလည်း သက်တောင့်သက်သာနဲ့ ဝတ်နိုင်ပါတယ်။

(၄) Chinos




Photo: Ape To Gentleman

ကိုယ့်အလုပ်နေရာက ရုံးမှာပဲ ဖြစ်ဖြစ် အိမ်မှာပဲ ဆိုဆို Chinos Pant တစ်စုံလောက်နဲ့ ဝတ်ပြီး အလုပ်လုပ်တာလောက် ကြည့်ကောင်းတာ မရှိပါဘူး။ Chino တွေဟာ ပေါ့ပါးတယ် ၊ အကြမ်းခံပြီး ဝတ်ရတာ အဆင်ပြေတယ်။ Slim-Fit Cutting မျိုး ရွေးပါ။ ဒါမှ ခြေထောက်နဲ့ ဘောင်းဘီအရမ်းကြီး ကွာမနေမှာ ဖြစ်ပါတယ်။

(၅) Plain T-Shirt




Photo; man2man

အိမ်ကနေ အလုပ်လုပ်ရတော့မယ်ဆိုရင် သက်တောင့်သက်သာ ရှိဖို့က အဓိကပါပဲ။ ဒါ့ကြောင့်ပဲ ရုံးလည်း အရမ်းမဆန်ဘဲ ဝတ်ရတာလည်း ချောင်ချောင်ချိချိ သက်တောင့်သက်သာဖြစ်စေမယ့် ဖက်ရှင်ကို စဉ်းစားဖို့ လိုတာ ဖြစ်ပါတယ်။ Comfort ဖြစ်ဖို့ အကောင်းဆုံးက တီရှပ်တွေကို ဂျင်းနဲ့ တွဲဝတ်တာပါပဲ။ တီရှပ်ကို Monochrome ကာလာဗြောင်သားတွေ ရွေးသင့်ပါတယ်။ စိတ်ကို တည်ငြိမ်လွတ်လပ်စေလို့ပါ။ ပြီးရင်တော့ Jeans နဲ့ပဲ တွဲတွဲ ၊ Chino Pant နဲ့ပဲ ဝတ်ဝတ် အဆင်ပြေပါပြီ။


#ဖက်ရှင်
#အလုပ်
#ပုံစံသစ်
#ဘောင်းဘီ
#Jeans

Some text some message..