
လူတော်တော်များများ ပြောကြတဲ့ အတိတ်ဘဝက ဖူးစာဖက်ဆိုတာကို ကြားဖူးကြမှာပါ။ ဒါတွေဟာ တကယ့်ကို တိုက်ဆိုင်ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့အချက်တွေဖြစ်လို့ မယုံကြည်လို့လည်း မရပါဘူးနော်။ ဒီတော့ ခုလက်ရှိချစ်သူက အတိတ်ဘဝက ဖူးစာဖက်ဟုတ်မဟုတ်ဆိုတာကို သိနိုင်တဲ့ အချက်တွေ ရှိလို့နေပါတယ်။ ဒီအချက်လေးတွေက သင်တို့နှစ်ယောက်ဟာ အတိတ်ဘဝက ဖူးစာဖက်တွေဆိုတာကို ဖော်ပြနေတာပါတဲ့နော်။
ခံစားချက်တွေ ဆက်နွယ်နေတတ်တယ်

shutterstock/ Kamil Macniak
တစ်ခါတစ်လေမှာ ခံစားချက်တွေ တိုက်ဆိုင်နေတတ်တာမျိုးကို ထူးဆန်းစွာ ကြုံဖူးကြမှာပါ။ တကယ်လို့ သင်တို့နှစ်ယောက်က မကြာခဏဆိုသလို ခံစားချက်တွေ ဆက်နွယ်နေတတ်တာဟာ ဟိုးအတိတ်ဘဝကတည်းက ဖူးစာဖက်တွေ ဖြစ်နေလို့ပါနော်။ ဥပမာ – သူ့ကို သတိရနေတဲ့အချိန်မှာ သူလည်း သင့်ကို လွမ်းနေတတ်တာမျိုး၊ သူ့ကို မျှော်နေတဲ့အချိန်မှာ သူသင့်ကို တွေ့ချင်လို့ ရောက်လာတတ်တာမျိုး၊ သူ့အကြောင်းတွေးနေတဲ့ အချိန်မှာ သူလည်း သင့်အကြောင်းတွေးနေတတ်တာမျိုး စသဖြင့် ခံစားချက် သေးသေးလေးကစပြီး အကြီးကြီးတွေထိ တူညီနေတတ်တာတွေက စိတ်ချင်းဆက်နွယ်နေတာကို ဖော်ပြနေတာ ဖြစ်ပါတယ်။
သူ့စိတ်ကို ခန့်မှန်းနိုင်တယ်

shutterstock/Roman Samborskyi
တစ်ယောက်ရဲ့စိတ်ကို တစ်ယောက်က အလွယ်တကူ ခန့်မှန်းနိုင်တာကလည်း ထူးခြားချက် တစ်ခုပါနော်။ သူ စကားစလိုက်တာနဲ့ ဘာကိုပြောချင်နေတယ်ဆိုတာ ခန့်မှန်းမိတာမျိုး၊ သူဘာတွေ ဖြစ်နေတယ်ဆိုတာကို သူ့မျက်နှာကြည့်ရုံနဲ့ သိနိုင်တာမျိုး၊ သူဘယ်လိုခံစားနေရတယ်ဆိုတာက အစ ဘာဖြစ်ချင်နေတယ်ဆိုတာအထိ သူ့ရဲ့ စိတ်အခြေအနေတိုင်းကို ခန့်မှန်းမိနိုင်တာကလည်း အတိတ်ရဲ့ ပတ်သက်မှုတွေကြောင် ဖြစ်ပါတယ်။
အကွာအဝေးတွေ အချိန်တွေကို ကျော်ဖြတ်နိုင်တယ်

shutterstock/MilanMarkovic78
ဆိုလိုချင်တာက တစ်ယောက်နဲ့ တစ်ယောက် ဘယ်လောက်ပဲ အနေတွေဝေးနေကြပါစေ၊ ဘယ်လောက်ပဲ မတူညီတဲ့ နေရာဒေသတစ်ခုစီမှာ ကွဲလွဲတဲ့ အချိန်အပိုင်းခြားတွေက သင်တို့နှစ်ယောက်ကို ဝေးကွာမသွားစေတတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ ဆက်သွယ်နိုင်ပြီး ဝေးကွာနေရင်တောင် အချစ်ကို ခံစားမိနိုင်ကြပါတယ်။ ဒါဟာလည်း အတိတ်ရဲ့ ဖူးစာဖက်တွေဖြစ်ခဲ့တဲ့ အတွက်ကြောင့်ပါနော်။
အတူတူရှိနေရင် စိတ်ပျော်ရွှင်ရတယ်

shutterstock/Rawpixel.com
ဒါကတော့ သိပ်အထွေအထူးတောင် ပြောနေစရာမလိုပါဘူး။ ကိုယ်ချစ်ရသူနဲ့ အတူရှိတဲ့ အချိန်တွေက ပျော်ရွှင်ကြည်နူးမှုလေးတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်နော်။ အထူးသဖြင့် ကိုယ့်စိတ်သက်တောင့်သက်သာ ရှိပြီး သူနဲ့အတူရှိရတာ အရမ်းလွတ်လပ်ပေါ့ပါးနေတယ်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးပွင့်လင်းမှုကို ဖော်ပြနေတာပါ။ ဒီအချက်ဟာလည်း စိတ်သက်သာရာရမှုက စုံတွဲတိုင်း ခံစားရတတ်တာ မဟုတ်လို့ ဒီအချက်လေးတွေက အတိတ်ရဲ့ ဖူးစာဖက်ဆိုတာကို ဖော်ပြနေပါတယ်။
Khin