
လူတွေဆိုတာကကိုယ့်အမြင်နဲ့ကိုယ် တိုင်းတာတတ်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လက်ခံထားတဲ့အရာတွေလည်း မတူညီတတ်ကြပါဘူး။ အချို့သောအရာတွေက ရိုးရိုးရှင်းရှင်းလေးလို့ တွေးပေမယ့် တကယ်တော့ မရိုးရှင်းတာတွေလည်း ရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အတွေးချင်းမတူတာကြောင့် တန်ဖိုးထားပုံချင်းလည်း မတူနိုင်ပါူဘူး။ ဒါကြောင့် အခုပြောပြချင်တာကတော့ တန်ဖိုးထားခံရပုံချင်းမတူတာလေးတွေကို ပြောပြလိုက် ပါတယ်နော်။
၁။ ဆန္ဒကို အလေးထားတာ
ကိုယ်တန်ဖိုးထားတဲ့သူအတွက် သူတို့ ဆန္ဒတွေကို အလေးပေးဆက်ဆံဖို့ လိုအပ်ပါတယ်။ ဒါမှ ကိုယ့်ရဲ့ တန်ဖိုးထားမှုကို သူတို့ နားလည်နိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်သားရဲ့ ဆန္ဒကို အလေးထားတာကလည်း တန်ဖိုးထားနည်းတစ်မျိုးဖြစ်ပါတယ်။
၂။ လျှို့ဝှက်ချက်မထားခြင်း
ကိုယ်ချစ်ပြီး တန်ဖိုးထားရတဲ့သူဆီမှာ လျှို့ဝှက်ချက်တွေ မထားပါနဲ့။ သူတို့ကို လျှို့ဝှက်ချက်ထားတာက အမုန်းတရားတွေ၊ အထင်လွှဲမှုတွေကို ခံရနိုင်တာကြောင့် လျှို့ဝှက်ချက်မထားတာ အကောင်းဆုံးပါပဲ။
၃။ ဘာပြန်ရမလဲဆိုတဲ့ စိတ်မထားပါနဲ့။
ကိုယ်က တစ်ခုပေးလို့ တစ်ခု ပြန်ရရမယ်ဆိုတာမျိုးက ကိုယ်တန်ဖိုးထားရတဲ့သူတွေနဲ့ မဖြစ်သင့်ပါဘူး။ ဒီလိုမျိုး စိတ်ရှိတာက ကိုယ်က သူကို တန်ဖိုးမထားလို့ လုပ်တဲ့ပုံစံမျိုးဖြစ်တာကြောင့် သတိထားသင့်ပါတယ်။
၄။ အားနည်းချက်တွေထက် အားသာချက်တွေကို ဖိအားပေးတာမျိုး လုပ်ပါ။
လူတိုင်းမှာ အားနည်းချက်ဆိုတာ ရှိပါတယ်။ ဒါပေမယ့် အားနည်းချက်ကိုပဲ ဖိနှိပ်လိုက်တာမျိုးလုပ်လာရင် သူမှာ ရှိတဲ့ အရည်အချင်းတွေ မထွက်လာနိုင်တော့ပါဘူး။ ဒါကြောင့် အားနည်းချက်ကို အပြစ်လို့ မမြင်ဘဲ အားသာချက်ကို အားပေးလိုက်မယ်ဆိုရင် သူ့မှာရှိတဲ့ အရည်အချင်းတွေ ပိုထွက်လာနိုင်ပါတယ်။
လူဆိုတာက တန်ဖိုးထားခံရရင် အလွန်ကို ပျော်တတ်ကြပါတယ်။ ဒါကြောင့် ပျော်ရွှင်ပါစေနော်။