
လူတွေရဲ့ အထီးကျန်မှူနဲ့ စိတ်ပိုင်းဆိုင်ရာဖိစီးမှူတွေကို ဖြေဖျောက်ပေးနိုင်တဲ့ အကောင်းဆုံးသောဘဝအဖော်တွေအနေနဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေဟာ ရှေးယခင်နှစ်များစွာကတည်းက လူတွေနဲ့အတူ လက်ပွန်းတတီး ရှိခဲ့ကြပါတယ်။ အဲဒီလိုတိရိစ္ဆာန်လေးတွေကို ကိုယ့်ရဲ့ဘဝအဖော်အဖြစ် မွေးမြူကြတဲ့အထဲမှာမှ ခွေးလေးတွေနဲ့ ကြောင်လေးတွေကတော့ လူသိအများဆုံးနဲ့ အကျော်ကြားဆုံး အိမ်မွေးတိရိစ္ဆာန်လေးတွေပါ။ လူတစ်ကိုယ်အကြိုက်တစ်မျိုးကွဲပြားသလို လူတစ်ဦးချင်းစီဟာ ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ အမူအကျင့်အလိုက် ကြောင်လေးတွေနဲ့ ခွေးလေးတွေအပေါ်ချစ်တာလည်း တစ်ယောက်နဲ့တစ်ယောက်မတူနိုင်ကြပါဘူး။ ဒီလိုမတူညီတဲ့ အကြိုက်တွေအရ လေ့လာကြည့်လိုက်မယ်ဆိုရင်တော့ ခွေးချစ်သူလေးတွေဆီမှာ ရှိတတ်တဲ့ စိတ်နေသဘောထားလေးတွေနဲ့ ကြောင်ချစ်သူတွေမှာရှိတတ်တဲ့ စိတ်နေစိတ်ထားလေးတွေ အများအားဖြင့်ခြားနားတတ်ကြတယ်ဆိုတာ တိချစ်သူလေးတွေအားလုံး သတိထားမိပါလိမ့်မယ်။ ဒါကြောင့်မို့ ကြောင်လေး၊ခွေးလေးတွေပေါ်ချစ်ခြင်းနဲ့ပတ်သက်ပြီး လူတစ်ဦးချင်းစီအလိုက် ကွဲပြားတဲ့စိတ်နေသဘောထားလေးတွေကို ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် ယေဘုယျအားဖြင့် အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။
1.ခင်တတ်မင်တတ်
ခွေးချစ်သူတွေဟာ ကြောင်ချစ်သူတွေထက်ပိုပြီး လူမှူဆက်ဆံရေးမှာဝင်ဆန့်သူတွေ၊ Social ကောင်းသူတွေဖြစ်ကြပါတယ်။ ပြီးတော့ ခံစားချက်တွေကို တော်ရုံသိုဝှက်မထားတတ်တဲ့ ပွင့်ပွင့်လင်းလင်းသမားတွေမို့ အပေါင်းအသင်းလည်းပိုများတတ်ကြပါတယ်။ကြောင်ချစ်သူတွေနဲ့ယှဉ်ရင် ခွေးချစ်သူတွေက ပိုပြီးတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှူရှိတဲ့လူစားမျိုးတွေပါ။
2.ဉာဏ်ကောင်းသူ
ရာခိုင်နှုန်းအားဖြင့် ကြောင်ချစ်သူတွေက ခွေးချစ်သူတွေထက်ပိုပြီး ပါးနပ်လိမ္မာသလို ဉာဏ်ရည်လည်းပိုထက်မြက်ကြပါတယ်တဲ့ ။
3. စိတ်ညစ်ရသော
ကြောင်ချစ်သူတွေဟာ ခွေးချစ်သူတွေထက်ပိုပြီး စိတ်ဖိစီးမှူများတဲ့သူ စိတ်ညစ်လွယ်သူတွေဖြစ်ကြပါတယ်တဲ့။ ဒါတော့ထောက်ခံတယ်။ ခွေးလေးတွေက သခင်စိတ်ညစ်ရင် ဘေးကနေအမျိုးမျိုးပျော်အောင်လုပ်ပေးပေမယ့် အချေကောင်မြောင်လေးတွေကကျ သူတို့စိတ်မပါရင် အထိမခံပဲ အမြဲချေနေကြတာကိုး။
4.တစ်ကိုယ်တည်းသမား
ကြောင်ချစ်သူတွေဟာ များသောအားဖြင့် တစ်ယောက်တည်းနေရတာ တစ်သီးတစ်သန့်နေရတာမျိုးကို ပိုပြီးနှစ်သက်ကြပါတယ်။ ဒါကြောင့်မို့လည်း ကြောင်ချစ်သူအများစုဟာ အပျိုကြီး ၊လူပျိုကြီးဖြစ်မယ့်ဇာတာပါသူတွေပါတဲ့။
5. အကြိုက်မတူ
ခွေးချစ်သူတွေရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ အေးချမ်းတဲ့ နယ်မြို့လေးတွေကို နှစ်သက်တတ်ကြတဲ့သူတွေဖြစ်ပေမယ့် ကြောင်ချစ်သူအများစုကတော့ မြို့ကြီးပြကြီးမှာနေရတာကိုပဲ ပိုသဘောကျတတ်ကြပါတယ်။
6. စရိုကျမတူ
ခွေးချစ်သူအများစုဟာ Extrovert တွေဖြစ်ကြပြီး ကြောင်ချစ်သူအများစုကတော့ Introvert တွေပါတဲ့။ ပြီးတော့ခွေးချစ်သူတွေဟာ တစ်ဖက်သားပြောစကားကို နားဝင်လွယ်၊လက်ခံလွယ်ကြပေမယ့် ကြောင်ချစ်သူတွေကတော့ မထင်ရင်မထင်သလို အကြောတင်းလေးတွေပါတဲ့။
7. ယုံချင်ယုံမယုံချင်နေ
ကြောင်ချစ်သူအများစုဟာ ပွင့်လင်းပြီးအမြင်ကျယ်တဲ့သူတွေ ၊ တီထွင်ဖန်တီးမှူအားကောင်းသူတွေ၊ စွန့်စားရတာကိုနှစ်သက်သူတွေ နဲ့ ယုံကြည်ချက်ပြင်းထန်သူတွေဖြစ်ကြပေမယ့် ခွေးချစ်သူအများစုကတော့ သဘောကောင်းလွန်းပြီး သူများပြောသမျှယုံကြည်လွယ်တဲ့ အားနည်းချက်လေးရှိတတ်ကြပါတယ်တဲ့။
8. ဘော်ဒီကွာခြားမှူ
ခွေးချစ်သူအများစုဟာ ကျန်းမာရေးလိုက်စားပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးကြံ့ခိုင်မှူကို အလေးပေးကြပေမယ့် ကြောင်ချစ်သူအများစုကတော့ အဲဒီဘက်မှာ တော်ရုံဂရုမထားတတ်ကြပါဘူး။ ဒါကြောင့် ကြောင်ချစ်သူအများစုကို ပိန်ပိန်သွယ်သွယ်လေးတွေပဲတွေ့ရပါလိမ့်မယ်တဲ့။ ဟုတ်လားမဟုတ်လားတော့မသိ။
9. ခေါင်းမာသူလေးများ
ကြောင်ချစ်သူအများစုဟာ လွတ်လပ်မှူကို မြတ်နိုးကြတယ်။ သီးသန့်နေထိုင်လိုကြတယ်။ ပြီးတော့ ကိုယ့်ကိစ္စမှာပဲကိုယ်အလေးထားပြီး သူများအကြောင်းသိပ်စိတ်မဝင်စားတတ်ကြဘူးတဲ့။ ပြောရရင်တော့ ကြောင်တွေလိုပဲ ကြီးကျယ်တာပေါ့။ခွေးချစ်သူတွေကတော့ အဲဒါနဲ့ပြောင်းပြန် လူတိုင်းနဲ့ အံဝင်အောင်နေတတ်ပြီး အပေါင်းအသင်းမင်တယ်။နားဝင်လွယ် နာခံလွယ်တယ်လို့ဆိုပါတယ်။
10. အချစ်နဲ့ပတ်သက်ရင်
ခွေးချစ်သူအများစုက အချစ်နဲ့ပတ်သက်ရင် ရင်းနှီးကျွမ်းဝင်မှူကိုမြတ်နိုးတတ်ပြီး ကြောင်ချစ်သူတွေကတော့ အလှအပနဲ့ဆွဲဆောင်အားကို ပိုမြတ်နိုးတတ်ကြပါတယ်တဲ့။ ဒါပေမယ့် ချစ်ခြင်းမေတ္တာတရားနဲ့ပတ်သက်ရင်တော့ ခံစားမှူကသိပ်မကွာခြားကြပါဘူးနော်။
Photo Credit To The Rightful Owners