ယောင်္ကျားလေးတွေ ချစ်သူနဲ့ လမ်းခွဲချင်တဲ့အခါ ပြုလုပ်တတ်ကြတဲ့ အရာများ
auntymay.com
|
2020-12-06

တစ်ယောက်နဲ့ တစ်ယောက် အချစ်တွေ စတင်ပေမယ့် အချိန် တစ်ခုရောက်တဲ့အခါမှာ လမ်းခွဲရတာမျိုးလည်း ရှိကြပါတယ်။ ဒီဆက်ဆံရေးကို ငြီးငွေ့လို့ လမ်းခွဲကြတာမျိုး ရှိသလို၊ မချစ်တော့လို့ လမ်းခွဲတာမျိုးလည်း ရှိပါတယ်။ တစ်ချို့ကတော့ ဘယ်လိုမှ အတူ ရှေ့ဆက်လို့ မဖြစ်လို့ လမ်းခွဲကြတတ်ပါတယ်။ ဘယ်လို အကြောင်းအရင်းကြောင့် ဖြစ်ဖြစ် ကောင်လေးတွေဘက်ကနေ လမ်းခွဲချင်လာတဲ့အခါ အခုလိုမျိုးတွေ လုပ်တတ်ကြပါတယ်။


(၁) စိတ်ပျက်ကြောင်းတွေ ထုတ်ပြောတာ

ကောင်လေးတွေက ချစ်သူအဖြစ်ကနေ ရပ်စဲချင်ကြတဲ့အခါ စိတ်ပျက်ကြောင်းကို အရင် ထုတ်ပြောလာတတ်ပါတယ်။ စိတ်ပျက်ကြောင်းကို မကြာခဏဆိုသလိုကို တကယ် ထုတ်ပြောနေတာမျိုးကတော့ လမ်းခွဲဖို့ သင်္ကေတ ပြနေတာ ဖြစ်ပါတယ်။ လမ်းခွဲဖို့အတွက် ရည်ရွယ်ပြီး ပြောနေတာမျိုး ဖြစ်ပါတယ်။


f8studio/Freepik


(၂) လမ်းခွဲစကား တန်းပြောတာ

တစ်ချို့ကောင်လေးတွေကတော့ ဘာမှ သိပ်ထူးခြားတာမျိုး မပြတတ်ပါဘူး။ သူတို့ တကယ် လမ်းခွဲချင်လာတဲ့အခါ လမ်းခွဲမယ်ဆိုပြီး တန်းပြောလိုက်တာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ရုတ်တရက် လမ်းခွဲစကားကို အတည်အတံ့ ပြောလာတာမျိုးက တကယ် လမ်းခွဲဖို့ ဆန္ဒ ရှိနေတာ ဖြစ်ပြီး ဘယ်တော့မှ သင့်ဆီ ပြန်စိတ်လည်မှာ မဟုတ်ပါဘူး။


rawpixel.com/Freepik


(၃) စိတ်ပျက်သွားအောင် လုပ်တာ

အားနာတတ်တဲ့ ကောင်လေးတွေနဲ့ ကိုယ့်ဘက် စလမ်းခွဲတယ်ဆိုတာမျိုး မဖြစ်ချင်တဲ့ ကောင်လေးတွေကတော့ ကိုယ့်ကို ကောင်မလေးကိုယ်တိုင်က စွန့်လွှတ်ပြီး လမ်းခွဲပေးတာမျိုးကို လိုချင်တတ်ကြပါတယ်။ ဒီအတွက် ကောင်မလေး စိတ်ပျက်နိုင်တဲ့ အရာတွေကို ရွေးပြီး လုပ်ရင်းနဲ့ လမ်းခွဲပေးဖို့ စစ်ဆင်ရေးကို ဆင်နွှဲတတ်ကြပါတယ်။


giggsy25/Freepik


(၄) လုံးဝ ဂရုမစိုက်တော့တာ

တစ်ချို့ကတော့ လမ်းခွဲချင်ပေမယ့် လမ်းခွဲစကား မပြောတဲ့သူတွေ ရှိပါတယ်။ ဒါပေမယ့် လမ်းခွဲဖို့ ဆန္ဒရှိကြောင်းကို သူတို့ကို ကြည့်ရင် သိပ် သိသာပါတယ်။ သူတို့ဆီမှာ ချစ်သူ တစ်ယောက်ရဲ့ အငွေ့အသက်တွေ ဘာမှတွေ့ရမှာ မဟုတ်တော့ပါဘူး။ သင့်ကို ဂရုစိုက်တာမျိုး မရှိတော့သလို သင် မကြိုက်တာတွေ မလုပ်မိအောင်လည်း ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။


oneinchpunch/Freepik


(၅) ကောင်မလေးတွေနဲ့ တွဲပြတာ

လမ်းခွဲချင်လာတဲ့အခါ ကောင်လေးတွေက မချစ်တော့ပေမယ့် ကောင်မလေးကို သနားတာမျိုးနဲ့ ကိုယ့်ကို ဆက်မချစ်တော့အောင်လည်း ပြုလုပ်တတ်ကြပါသေးတယ်။ ဒါကြောင့် တခြားကောင်မလေးတွေနဲ့ အီပြတာမျိုး၊ အပြင်သွားရင် ကောင်မလေးတွေနဲ့ တရင်းတနှီးနေပြတာမျိုး ပြုလုပ်တတ်ကြပါတယ်။ ကောင်မလေးတွေနဲ့ ဘာလိုလို ညာလိုလိုမျိုး တွဲသွားတွဲလာလည်း လုပ်တတ်ကြပါသေးတယ်။

Kham


#လမ်းခွဲ
#ကောင်လေး
#ပြတာ
#အငွေ့အသက်
#ဆန္ဒ

Some text some message..