
သူဘာကြောင့်များ ကိုယ့်ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်လာရသလဲဆိုတဲ့မေးခွန်းကို တစ်ခါတစ်လေ ကိုယ့်ကိုယ်ကိုပြန်မေးပြီးတော့ လမ်းပျောက်နေတတ်ကြတယ်မဟုတ်လား။ တကယ်တော့ တစ်ချို့သော အေးစက်သွားတဲ့ဆက်ဆံရေးတွေမှာ သူ့ဖက်က ပြောင်းလဲသွားအောင် ကိုယ်က မသိဘဲ လုပ်မိသွားတာတွေရှိနေတတ်ပါတယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေ မဖြစ်ရလေအောင်လို့ ကောင်လေးတွေစိတ်ထဲ စိတ်ပျက်သွားနိုင်လောက်တဲ့ အပြုအမူမျိုးတွေဟာ ဘယ်လိုမျိုးတွေလဲဆိုတာကြည့်လိုက်ရအောင်။
မိတ်ကပ်အများကြီးလိမ်းခြင်း
မိတ်ကပ်နဲ့အမျိုးသမီးတွေဆိုတာတော့ ခွဲလို့ရတဲ့အရာတွေ မဟုတ်ပေမယ့်လို့ အမျိုးသားတွေကတော့ မိတ်ကပ်အများကြီး လိမ်းတာကို လုံးဝသဘောမတွေ့တတ်ကြပါဘူးတဲ့လေ။ ကိုယ်ကတော့ လှမယ်ထင်လို့ ပြင်သွားပေမယ့်လို့ သူတို့ကတော့ ဒါကို ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ အပြုအမူဆိုပြီး ထင်တတ်ကြပါတယ်။

Freepik- cookie_studio
Confidence Level So High
နေရာတကာလိုက်ချေမိုးနေပြီးတော့ ထက်မြက်တဲ့မိန်းမတစ်ယောက် မဖြစ်ဖြစ်အောင် တမင်ကြီး လုပ်ယူနေခြင်းဟာ အမျိုးသားတွေအမြင်မှာ ရွံစရာကောင်းတယ်လို့ ထင်တတ်ကြပါတယ်။
အတင်းတုတ်တဲ့ကိစ္စ
ကိုယ်နဲ့သူနဲ့မဟုတ်တဲ့ တခြားတစ်ယောက်အကြောင်းကို ပြောတာတွေကို အတတ်နိုင်ဆုံးရှောင်ကျဉ်ရမှာပါ။
ဘဝရည်မှန်းချက်ကိစ္စ
အခုခေတ်အမျိုးသမီးတွေဟာ ကမ္ဘာကြီးနဲ့ ရင်ဘောင်တန်းလိုက်လာကြပါပြီ။ အဲဒီအထဲမှာမှ ကိုယ်ဟာ အိပ်မက်လည်းမရှိ၊ ပန်းတိုင်လည်းမရှိဘဲ နေနေတာမျိုးကို အမျိုးသားတွေကက မကြိုက်ကြပါဘူးတဲ့။

Freepik- rantaimages
Ex မကောင်းကြောင်းပြောခြင်း
သူကမမေးဘဲ သင့်ရဲ့ အရင်ရည်းစားမကောင်းကြောင်းတွေကိုပြော၊ သူကဘယ်လိုလုပ်ခဲ့တာ၊ ဘယ်လိုကြောင့် ပြတ်ခဲ့တာတွေ အတင်းလိုက်ပြောခြင်းဟာလည်း သင့်ကို ဆွဲဆောင်မှုရှိတဲ့အမျိုးသမီးတစ်ယောက် မဖြစ်စေနိုင်ပါဘူး။
အမြဲတမ်း မကောင်းမြင်တဲ့ကိစ္စ
Negative vibe တွေကြီးစိုးနေပြီး ယုံကြည်မှုမရှိ၊ ဘာလုပ်လုပ် အကောင်းမမြင်၊ မလုပ်ရသေးဘူး ဖြစ်ပါ့မလားဆိုပြီး စိုးရိမ်နေတာမျိုးတွေကိုလည်း အမျိုးသားတွေက မကြိုက်တတ်ကြပါဘူး။

Freepik- wayhomestudio
အသံဆာခြင်း
စကားပြောတဲ့အခါ ပဲတွေပေးပြီး အသံဆာဆာ၊ ဆာဆာနဲ့ ပတ်ချွဲနပ်ချွဲလုပ်ပြောနေတာဟာ အမျိုးသမီးကောင်းတွေရဲ့လုပ်ရပ်မဟုတ်ဘူးလို့ သူတို့စိတ်ထဲမှာ တွေးထားကြပါတယ်တဲ့။
Bad Girl Type
အခုခေတ်အမျိုးသမီးလေးတွေဟာ လုပ်ငန်းခွင်ထဲလည်း ဝင်ရောက်လာပြီ၊ မိမိခြေထောက်ပေါ်မိမိလည်း ရပ်တည်နေနိုင်လို့ လွတ်လပ်ခွင့်တွေလည်း ရနေပြီဖြစ်တဲ့အတွက် night out တာ၊ အရက်နဲ့ ဆေးလိပ်သောက်တာတွေဟာ ပုံမှန်လိုဖြစ်နေပေမယ့်လို့ ဒါတွေကို အရမ်းဂေါ်လှတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်အောင် သိသိသာသာကြီးတွေ အတင်းမသိ၊ သိအောင်လုပ်ပြနေတာမျိုးကိုလည်း အမျိုးသားတွေက သဘောမတွေ့တတ်ကြပါဘူး။
penny