
ယောကျာ်းလေးတစ်ယောက်ကို မိန်းကလေးတစ်ယောက်အနေနဲ့ ချစ်နေတာမျိုးတွေ၊ crush နေတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဟာ မိန်းမသားတစ်ယောက်ဖြစ်တာကြောင့် အိန္ဒြေသိက္ခာတွေနဲ့ စောင့်ထိန်းရမှာမျိုးကလည်း ရှိနေပြန်တော့ ကိုယ့်ဖက်ကစပြီး ချစ်တဲ့အကြောင်းကို ဖွင့်ပြောလို့ အဆင်မပြေပါဘူး။ ကိုယ်တိုင်က ဒီလိုမျိုးတွေကို ဂရုမစိုက်ဖူးဆိုရင်တောင် ကိုယ်ဖွင့်ပြောလိုက်လို့ တစ်ဖက်ယောကျာ်းလေးက အထင်သေးသွားမှာမျိုးတွေကိုလည်း စိုးရိမ်ရပါတယ်။ ဒါ့ကြောင့် အကောင်းဆုံးကတော့ တစ်ဖက်ယောကျာ်းလေးသိအောင် ဈေးဗန်းခင်းတတ်ဖို့ပါပဲ။ ဒါ့ကြောင့် ကိုယ် crush နေရတဲ့ အမျိုးသားတစ်ယောက်ကို သူသိအောင် ဘယ်လိုနည်းလမ်းလေးတွေနဲ့ ဈေးဗန်းခင်းကြမလဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။

Pixabay-pixel2013
၁။ သူ့အရှေ့မှာ သူကိုယ်တိုင် ဂရုစိုက်မိစေနိုင်တဲ့ ပုံစံတစ်ခုနဲ့နေပါ
ဂရုစိုက်စေမိတဲ့ပုံစံဆိုပြီး ထူးထူးဆန်းဆန်း အပြုအမူတွေ လုပ်ခိုင်းတာ မဟုတ်ပါဘူး။ ဥပမာ- ကိုယ့်ရဲ့ ပြောပိုဆိုပုံတွေပေါ့။ သူနဲ့ တစ်ဝိုင်းတည်းထိုင်ပြီး သူငယ်ချင်းတွေနဲ့ စကားပြောနေရင် ပြောပုံဆိုပုံကတစ်မျိုး၊ သူနဲ့ ပြောဆိုတဲ့အခါမှာတော့ ကိုယ့်ရဲ့ပြောပုံဆိုပုံက လုံးဝသိမ်မွေ့သွားပြီး စကားချိုချိုအေးအေးလေးတွေကို မပွင့်တပွင့်နဲ့ ပြောဆိုတဲ့ ပုံစံမျိုးလေးပေါ့။
၂။ မကြာခဏ sms ပို့ပါ
ဆိုရှယ်မီဒီယာခေတ်ကြီးမှာ sms ပို့တာကို ဒိတ်အောက်တယ်လို့ ထင်မိမှာပါ။ ဒါပေမယ့် ဆိုရှယ်မီဒီယာအကောင့်ကနေ ပို့တဲ့ conversation တစ်ခုနဲ့ sms ပို့တဲ့ စာတစ်စောင်ရဲ့ တန်ဖိုးက မတူပါဘူး။ အဲဒီလိုမျိုးကတော့ ကိုယ်ကိုယ်တိုင် ကိုယ်ချစ်တဲ့လူတစ်ယောက်ဆီကနေ မမျှော်လင့်ထားတဲ့ အချိန် sms တစ်စောင်ဝင်လာမှပဲ နားလည်နိုင်ပါမယ်။

Pixabay-5688709
၃။ သူနဲ့ပတ်သတ်တဲ့ အရာတွေကို အသေးစိတ်မှတ်ထားပြီး အခါအခွင့်သင့်တာနဲ့ အသုံးချပါ
သူ့ရဲ့ မွေးနေ့ကအစ သူနဲ့ ပတ်သတ်တဲ့ အရာမှန်သမျှကို သေသေချာချာ မှတ်ထားပါ။ အဲဒီမှတ်ဉာဏ်က တစ်ချိန်မဟုတ်တစ်ချိန်မှာ ကောင်းကောင်းကြီး အသုံးဝင်လာတတ်ပါတယ်။ သူက ကိစ္စတစ်ခုခုကို လုပ်မယ်ပြောပြီး မေ့နေတဲ့ အချိန်မျိုးမှာတောင် ကိုယ်က အဲဒီအရာတစ်ခုကို recall ပြန်ခေါ်နိုင်လိုက်ရင် သူ့စိတ်ထဲမှာ သင်ဟာ သူနဲ့ပတ်သတ်တဲ့ အရာတွေကို မှတ်ထားတာပါလားဆိုတဲ့ positive thinking လေးတစ်ခု ဝင်သွားနိုင်ပါတယ်။
၄။ သင်အားတဲ့ အချိန်တိုင်း သူ့နဲ့အချိန်ပေးပြီး hangout လုပ်ပါ
အားလပ်ရက်နေ့တွေ၊ ဒါမှမဟုတ် ကိုယ်အားတဲ့အချိန်မျိုးတွေမှာ သူ့နဲ့ အပြင်သွားတာမျိုးတွေ၊ မုန့်အတူတူသွားစားတာမျိုးတွေ လုပ်ပါ။ ယောကျာ်းတစ်ယောက်ဟာ သူ့အနားမှာ သူနဲ့ အတူတူ ရှိနေတတ်တဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်ယောကျာ်းလေးမှ ဂရုမစိုက်ပဲ နေမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သူ့ရဲ့ daily life မှာ ပါဝင်နေတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် အဲဒီမိန်းကလေးနဲပပတ်သတ်တဲ့ အရာတွေကို အချိန်ရတိုင်းတွေးနေတတ်ပါတယ်။

Pixabay-LoboStudioHamburg
၅။ ဆိုရှယ်မီဒီယာမှာ သူ့အတွက်ပစ်မှတ်ထားပြီး စိတ်ကြိုက်ဖီးလ်ပါ
အပေါ်ကနည်းလမ်းတွေက သင့်အတွက် အလုပ်မဖြစ်ဘူးလို့ထင်ရင်တော့ ဆိုရှယ်မီဒီယာမှာ သူနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို သွယ်ဝိုက်တဲ့ ပုံစံတွေနဲ့ ရှယ်လ်ဖီးပါ။ သီချင်းစာသားလေးတွေ၊ quotes တွေ၊ ဖီးလိတဲ့ status တွေကိုသာ စိတ်ကြိုက်တင်ပါ။ အချိန်တစ်ခုရောက်တာနဲ့ သူ့စိတ်က အလိုလို သိလာပါလိမ့်မယ်။
phk