Cheating ထက်ဆိုးရွားတဲ့ Relationship ပြဿနာတွေကဘာတွေလဲ
moda.com.mm
|
2020-12-08

စုံတွဲတိုင်းကတော့ သူတို့ရဲ့ Relationship တွေကိုအဆင်ပြေဆုံးနဲ့ အခိုင်မြဲဆုံးဖြစ်အောင် ထိန်းသိမ်းချင်ကြတာချည်းပါပဲ။ ချစ်သူရည်စားဘဝမှာ ရန်ဖြစ်ကြတာက Normal ပါပဲ။ ပြဿနာမဟုတ်ပါဘူး။ ပြီးတော့လည်းစိတ်ကောက်လိုက် ပြန်ချော့လိုက်၊ ပြန်ချစ်သွားလိုက်နဲ့ပဲ ပြန်အဆင်ပြေသွားကြတာပဲ။
ဒါပေမယ့် ဘယ်အရာကပြဿနာလဲဆိုတော့ ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်အပေါ်မှာ သာယာနေပြီ၊ ဖောက်ပြန်နေပြီဆိုရင်တော့ အဲ့ဒါ ပြဿနာအကြီးကြီးရှိပါတယ်။ မိန်းကလေးအများစုက ယောင်္ကျားလေးတွေဖောက်ပြန်တယ်ဆိုရင် တစ်ချို့က ဖြတ်လိုက်ကြတယ်၊ တစ်ချို့ကြတော့လည်း ဖောက်ပြန်နေတာကိုသိရက်နဲ့ မခွဲနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ဆက်တွဲတယ်။ တစ်ချို့ဆို Cheated အလုပ်ခံရတာကြောင့် စိတ်ဒဏ်ရာရသွားပြီး မစားနိုင်မသောက်နိုင်နဲ့ Depression ဝင်တဲ့အထိပါဖြစ်တတ်ပါတယ်။ တကယ်တော့ Cheating လုပ်တယ်ဆိုတာ ဖောက်ပြန်တဲ့လူရဲ့ အကျင့်စာရိတ္တမကောင်းတာပဲဖြစ်ပြီး သင့်ဘက်က ချို့ယွင်းချက်ကြောင်းလုံးဝမဟုတ်ပါဘူး။
တစ်ချို့ကတော့ ပြောကြပါတယ်။ ချစ်သူရည်းစားတွေကြားမှာ ဖောက်ပြန်တာက အဆိုးဆုံးလို့ပြောကြတယ်။ Cheating လုပ်တာဆိုးရွားတာမှန်ပါတယ်။ ဒါပေမယ့် အပြင် Society မှာ Life မှာ မပြတ်ပဲ အတူတူရှိနေပြီး အဲ့ထက်ဆိုးရွားတဲ့ Relationship ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ စုံတွဲတွေလည်း အများကြီးရှိပါတယ်။ အောက်မှာပြထားတဲ့ Issue တွေကတော့ Cheating ထက်ဆိုးရွားတဲ့ RS ပြဿနာတွေလို့ပြောနိုင်ပါတယ်။


အရာအားလုံးကို Control လုပျတာ
တခါတလေ ကိုယ့်ဘာကိုယ်နေရင်တောင်အကောင်းလို့ တွေးမိလောက်တဲ့အထိဖြစ်လာတဲ့ အတွဲတွေရှိပါတယ်။ တစ်ချို့အမျိုးသားတွေက အချစ်ကို သူတို့ အတ္တနဲ့ရောထွေးတတ်ကြတယ်။ စိတ်ပူလို့၊ စိတ်မချလို့ ဆိုတဲ့ စကားအနောက်မှာကိုယ့် Partner ရဲ့ Life ကိုပါစိုးမိုးချယ်လှယ်ချင်ကြတယ်။ အဲ့တော့ မိန်းကလေးဘက်ကကြည့်ရင်လည်း သူလုပ်သမျှအရာတိုင်းကို ဟိုဟာမလုပ်နဲ့၊ ဒီဟာမလုပ်နဲ့၊ ဘယ်မသွားနဲ့ ညာမသွားနဲ့တွေလုပ်လာတဲ့အခါ ကြာလာတော့ စိတ်ကျဉ်းကျပ်လာတယ်။ စိတ်ဆင်းရဲလာတယ်။ ကိုယ့်ဘဝကိုယ်မပိုင်တော့သလိုဖြစ်လာတယ်။ ကိုယ့်နေချင်သလိုမနေရတဲ့ Life မှာ ရှိနေတဲ့ Relationship ကိုလည်းပျော်ရွှင်နိုင်တော့မှာ မဟုတ်ပါဘူး။


Manipulation (သို့) အနိုင်ကျင့်ခြင်း
ဒီ ပြဿနာကလည်း တချို့ Relationship တွေမှာတွေ့ရတတ်ပါတယ်။ အနိုင်ကျင့်တယ်ဆိုတဲ့နေရာမှာ လည်းရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တာနဲ့ စိတ်ပိုင်းဆိုင်ရာအနိုင်ကျင့်တာဆိုပြီးရှိပါတယ်။ ကိုယ့်ချစ်သူကို ရုပ်ပိုင်းဆိုင်ရာအရအနိုင်ကျင့်တယ်ဆိုတဲ့နေရာမှာ Domestic Voilence တွေ၊ Conversational Bullying တွေပါဝင်ပါတယ်။ အဲ့လိုပြတ်လည်းမပြတ်ပဲ အနိုင်ကျင့်ခံရတာများတဲ့ အမျိုးသမီးတွေမှာအမြဲ ကြောက်ရွံ့မှုတွေ၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ၊ စိတ်ညစ်စရာတွေနဲ့ပဲပြည့်နှက်နေရလေ့ရှိတယ်။ စိတ်ပိုင်းဆိုင်ရာအရဆိုရင်လည်း သူတို့ကို Insecure ဖြစ်အောင်၊ စကားလုံးတွေ၊ အပြစ်တင်ရှုံ့ချတာတွေ၊ ကိုယ့်ကိုယ်ကိုယ် Not Enough ဖြစ်တဲ့ သူတစ်ယောက်လို့ ခံစားသွားစေအောင် ဆက်ဆံလေ့ရှိတယ်။ ဒီလို Relationship တွေကတော့ အကောင်းဆုံးဖြေရှင်းနည်းကတော့ Quit လုပ်လိုက်တာပါပဲ။ Manipulate အလုပ်ခံနေရတဲ့ Relationship မှာဆက်နေစရာ အကြောင်းလုံးဝမရှိလို့ပါ။



Partner ရဲ့ တိုးတက်မှုတွေကို ပိတ်ပင်ခြင်း
ယောင်္ကျားလေးတိုင်းကိုတော့ မဆိုလိုပါဘူး။ ဒါပေမယ့် ယောင်္ကျားလေးရဲ့ Nature မှာကိုယ့်ကိုယ်ကို Superior အဖြစ်နေချင်တဲ့၊ ကိုယ်ကသာအားကိုးခံချင်တဲ့ သဘာဝရှိတယ်။ တစ်ချို့ကျတော့ ကိုယ့်ချစ်သူကောင်မလေးက ကိုယ့်ထက်တော်ရင်၊ထက်ရင်၊ ဝင်ငွေကောင်းရင်၊ ပိုလူဝင်ဆံ့ရင် မကြိုက်ကြဘူး။ မနာလိုဖြစ်ကြတယ်။ အဲ့လိုဖြစ်တယ်ဆိုတာလည်း Self-Confident မရှိယောင်္ကျားလေးတွေမှာပဲတွေ့ရတာပါ။ အဲ့လို Inferior ဖြစ်တဲ့ကောင်လေးတွေက ကိုယ့် Partner တိုးတက်မယ့်အရာတွေ၊ သင်ယူလေ့လာဖို့ အခွင့်အရေးသစ်တွေ ကိုအမြဲပိတ်ပင်လေ့ရှိတယ်။ စိတ်ပူလို့ပါဆိုပြီး ဖိနှိပ်ထားတယ်။ တကယ် Right Person ဆိုတာ ကိုယ့်ချစ်သူရဲ့ကောင်းကျိုးအတွက်၊ တိုးတက်ကြီးပွားဖို့အတွက် အမြဲ Support လုပ်ပေး၊ အားပေးအားမြှောက်နဲ့ ကြိုးစားခိုင်းတဲ့သူတွေပါ။


ကိုယ့်ရဲ့သရုပ်မှန်အတိုင်းမနေတာ
ဒါကလည်းအရမ်းတွေ့ရများတဲ့ Issue တစ်ခုပါ။ စကြိုက်တည်းက တစ်ယောက်နဲ့တစ်ယောက်ရဲ့ အကျင့်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေ၊ အကုန်အကုန်ပြောရရင် ကိုယ့်ရဲ့ အတိတ်တွေနဲ့ Dark Side တွေကိုပါပွင့်ပွင့်လင်းလင်း ဖွင့်ဟထားဖို့လိုပါတယ်။ ပြီးတော့စစလိုက်ချင်းတုန်းကတော့ ကိုယ့်ကိုပြန်ကြိုက်စေချင်ဇောနဲ့ ကိုယ့်ရဲ့နဂိုပြုမူနေထိုင်ပုံတွေမဟုတ်ပဲ တစ်ဖက်လူကြိုက်မယ့်ပုံစံတွေ ဟန်ဆောင်တတ်ကြတယ်။ ဒါတွေကတစ်သက်လုံးပြောင်းလဲပြီးလုပ်သွားနိုင်ရင်တော့ကောင်းပါတယ်။ ဒါပေမယ့် မလုပ်နိုင်ရင် တွဲလာလို့ အချိန်ကြာပြီးမှ သရုပ်မှန်တွေပေါ်လာတဲ့အခါ စိတ်သဘောထားတွေမတိုက်ဆိုင်ပဲ ပြဿနာတွေတက်တတ်ပါတယ်။ အမြဲတမ်း ပဋ္ဋိပက္ခအခြေအတင်တွေဖြစ်ပြီး မျက်နှာချင်းမဆိုင်ချင်တဲ့အထိတွေပါဖြစ်တတ်ပါတယ်။


အချစ်စိတ်များကုန်ဆုံးသွားချင်း
တစ်ချို့စုံတွဲတွေကျတော့ ဖောက်ပြန်တာမဟုတ်ပေမယ့် အချိန်ကြာလာတဲ့ အခါ တစ်ယောက်အပေါ်တစ်ယောက် Affection မရှိတော့တာကို ဆိုလိုတာပါ။ တွဲသာတွဲနေရပေမယ့် ဒီ Relationship ကပျော်စရာလည်းမကောင်းတော့ဘူး။ ဒါပေမယ့်တွဲလက်စနဲ့ ဆက်တွဲနေတယ်ဆိုတာမျိုးပါ။ ဥပမာပြောရရင် အဆိုတော် မေ ရဲ့ “Lost” သီချင်းထဲကလိုပဲ။ “ရင်ဘတ်ထဲမှာ ဘာမှမရှိတော့ဘူး၊ ဘာမှလည်းမသိတော့ဘူး” ဆိုသလိုပေါ့။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ စိတ်လှုပ်ရှားစရာ၊ ရင်ခုန်စရာတွေ၊ တီတီတာတာ တွေမရှိတော့ဘူး။ စိတ်ပါလက်ပါလည်း မရှိတော့ဘူးဆိုရင်တော့ ပြန်လည်စိုပြေဖို့ အဖြေရှာသင့်ပါပြီ။



#ပြဿနာ
#စိတ်ပိုင်းဆိုင်ရာ
#ချစ်သူ
#စုံတွဲ
#ရုပ်ပိုင်းဆိုင်ရာ

Some text some message..